စိတ္ၾကြရူးသြပ္ေဆးျပား (၉)သိန္းခြဲေက်ာ္ကို ေမာင္ေတာၿမိဳ႕ ကင္ရီေက်းရြာတြင္ ရွာေဖြဖမ္းဆီးရမိ

စိတ္ၾကြရူးသြပ္ေဆးျပား (၉)သိန္းခြဲေက်ာ္ကို ေမာင္ေတာၿမိဳ႕ ကင္ရီေက်းရြာတြင္ ရွာေဖြဖမ္းဆီးရမိ
နိုဝင်ဘာ 17, 2017
By Tachileik News Agency

ရခုိင္ျပည္နယ္ ေမာင္ေတာၿမိဳ႕ ၿမိဳ႕မအေရွ႕ရပ္ကြက္ ကင္ရီေက်းရြာတြင္ ႏိုဝင္ဘာလ (၁၇)ရက္ေန႔ ေန႔လယ္(၂)နာရီခြဲ၀န္းက်င္အခ်ိန္က စိတ္ၾကြရူးသြပ္ေဆးျပား (၉)သိန္းခြဲေက်ာ္ ဖမ္းဆီး ရမိေၾကာင္းသိရသည္။

မူးယစ္တပ္ဖြဲ႕စု (၄၆) ေမာင္ေတာမွ ဦးစီးသည့္ ပူးေပါင္းအဖြဲ႕သည္ ေမာင္ေတာၿမိဳ႕မအေရွ႕ရပ္ကြက္၊ ကင္ရီေက်းရြာရိွ အန္နာေယာ့တူလာ၏ ကုန္စံုဆုိင္အား ရွာေဖြရာ ခရီးေဆာင္အိတ္ႏွစ္လံုးတြင္ ထည့္သြင္းထားသည့္ WY စာတမ္းပါ စိတ္ၾကြရူးသြပ္ေဆးျပား (၂၉၂၅၀၀)အား ရွာေဖြေတြ႔ရိွရျခင္းျဖစ္ၿပီး ဆက္စပ္ရွာေဖြရာ အဆိုပါေက်းရြာရိွ အီးႏူးစ္၏ ဂိုေဒါင္အတြင္းမွ ခရီးေဆာင္အိတ္ (၆)လံုးတြင္ ထည့္သြင္းထားသည့္ စိတ္ၾကြရူးသြပ္ေဆးျပား (၆၈၂၅၀၀)အား ထပ္မံသိမ္းဆည္းရမိျခင္းျဖစ္ေၾကာင္း သိရသည္။

စိတ္ၾကြရူးသြပ္ေဆးျပား စုစုေပါင္း (၉၇၅၀၀၀)ႏွင့္အတူ ဖမ္းဆီးရမိသည့္ အန္နာေယာ့တူလာႏွင့္ အီးႏူးစ္တို႔အား ေမာင္ေတာၿမိဳ႕မရဲစခန္းတြင္  အမႈဖြင့္ စစ္ေဆးေဆာင္ရြက္ေနေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရခိုင်ပြည်နယ် မောင်တောမြို့ မြို့မအရှေ့ရပ်ကွက် ကင်ရီကျေးရွာတွင် နိုဝင်ဘာလ (၁၇)ရက်နေ့ နေ့လယ်(၂)နာရီခွဲဝန်းကျင်အချိန်က စိတ်ကြွရူးသွပ်ဆေးပြား (၉)သိန်းခွဲကျော် ဖမ်းဆီး ရမိကြောင်းသိရသည်။

မူးယစ်တပ်ဖွဲ့စု (၄၆) မောင်တောမှ ဦးစီးသည့် ပူးပေါင်းအဖွဲ့သည် မောင်တောမြို့မအရှေ့ရပ်ကွက်၊ ကင်ရီကျေးရွာရှိ အန်နာယော့တူလာ၏ ကုန်စုံဆိုင်အား ရှာဖွေရာ ခရီးဆောင်အိတ်နှစ်လုံးတွင် ထည့်သွင်းထားသည့် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၂၉၂၅၀၀)အား ရှာဖွေတွေ့ရှိရခြင်းဖြစ်ပြီး ဆက်စပ်ရှာဖွေရာ အဆိုပါကျေးရွာရှိ အီးနူးစ်၏ ဂိုဒေါင်အတွင်းမှ ခရီးဆောင်အိတ် (၆)လုံးတွင် ထည့်သွင်းထားသည့် စိတ်ကြွရူးသွပ်ဆေးပြား (၆၈၂၅၀၀)အား ထပ်မံသိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၉၇၅၀၀၀)နှင့်အတူ ဖမ်းဆီးရမိသည့် အန်နာယော့တူလာနှင့် အီးနူးစ်တို့အား မောင်တောမြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~