မိုင္းဆတ္ၿမိဳ႕နယ္ မဟုန္လြယ္ရြာအနီးတြင္ ထုိင္းႏုိင္ငံသားတစ္ဦးအား စိတ္ႂကြ႐ူးသြပ္ေဆးအနည္းငယ္ျဖင့္ ဖမ္းမိ

မိုင္းဆတ္ၿမိဳ႕နယ္ မဟုန္လြယ္ရြာအနီးတြင္ ထုိင္းႏုိင္ငံသားတစ္ဦးအား စိတ္ႂကြ႐ူးသြပ္ေဆးအနည္းငယ္ျဖင့္ ဖမ္းမိ
နိုဝင်ဘာ 30, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မုိင္းဆတ္ၿမိဳ႕နယ္ မဟုန္လြယ္ရြာအနီးတြင္ ဆိုင္ကယ္ေမာင္းနွင္လာသည့္ ထုိင္းႏိုင္ငံသားတစ္ဦးထံမွ စိတ္ၾကြရူးသြပ္ေဆးျပား (၁၅၀)အား ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၂၉) မိုင္းဆတ္မွ တပ္ဖြဲ႕ ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ မိုင္းဆတ္ၿမိဳ႕နယ္၊ မဟုန္လြယ္ ေက်းရြာအုပ္စု၊ မဟုန္လြယ္ေက်းရြာအနီး မိုင္းဆတ္-တာခ်ီလိတ္ ကားလမ္းတြင္ ႏိုဝင္ဘာလ (၂၈)ရက္ေန႔ ညေန (၆)နာရီခြဲခန္႔က စစ္ေဆးေနစဥ္ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အမ်ိဳးသားတစ္ဦးထံမွ စိတ္ၾကြရူးသြပ္ေဆးျပား (၁၅၀)အား စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ ဖမ္းဆီးရမိသူမွာ ထိုင္းနိုင္ငံသား ထီလဝပ္ဆိုသူျဖစ္ေၾကာင္း သိရၿပီး ၎အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းဆတ်မြို့နယ် မဟုန်လွယ်ရွာအနီးတွင် ထိုင်းနိုင်ငံသားတစ်ဦးအား စိတ်ကြွရူးသွပ်ဆေးအနည်းငယ်ဖြင့် ဖမ်းမိ
**************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် မဟုန်လွယ်ရွာအနီးတွင် ဆိုင်ကယ်မောင်းနှင်လာသည့် ထိုင်းနိုင်ငံသားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား (၁၅၀)အား ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၉) မိုင်းဆတ်မှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ မဟုန်လွယ် ကျေးရွာအုပ်စု၊ မဟုန်လွယ်ကျေးရွာအနီး မိုင်းဆတ်-တာချီလိတ် ကားလမ်းတွင် နိုဝင်ဘာလ (၂၈)ရက်နေ့ ညနေ (၆)နာရီခွဲခန့်က စစ်ဆေးနေစဉ် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား (၁၅၀)အား စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူမှာ ထိုင်းနိုင်ငံသား ထီလဝပ်ဆိုသူဖြစ်ကြောင်း သိရပြီး ၎င်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~