လူကုန္ကူးမႈတားဆီးကာကြယ္ေရးႏွင့္ ပတ္သက္၍ မိုင္းျဖတ္ၿမိဳ႕တြင္ အသိပညာေပး

လူကုန္ကူးမႈတားဆီးကာကြယ္ေရးႏွင့္ ပတ္သက္၍ မိုင္းျဖတ္ၿမိဳ႕တြင္ အသိပညာေပး
နိုဝင်ဘာ 18, 2017
By Tachileik News Agency

တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္တြင္ ျမန္မာႏိုင္ငံအမ်ဳိးသမီးေရးရာအဖြဲ႔ခ်ဳပ္မွ ႀကီးမွဴးသည့္ လူကုန္ကူးမႈတားဆီးကာကြယ္ေရး အသိပညာေပးေဟာေျပာပြဲအျဖစ္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးရံုးရွိ အစည္းအေ၀းခန္းမတြင္ က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားသို႔ ျမန္မာႏုိင္ငံအမ်ဳိးသမီးေရးရာအဖြဲ႔ခ်ဳပ္ ဥကၠဌ ေဒါက္တာသက္သက္ဇင္ ႏွင့္ အဖြဲ႔၀င္မ်ား၊ တာခ်ီလိတ္ခရိုင္အမ်ဳိးသမီးေရးရာအဖြဲ႔ ဥကၠဌ ေဒၚ၀င္း၀င္းသန္႔ႏွင့္ ခရိုင္/ၿမိဳ႕နယ္အဖြဲ႔၀င္မ်ား၊ လူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရးအဖြဲ႔စိတ္(၁) တာခ်ီလိတ္၏ တပ္ဖြဲ႔စိတ္မွဴး ရဲမွဴးရင္ရင္ေအး ႏွင့္ တပ္ဖြဲ႔၀င္မ်ား အပါအ၀င္ မုိင္းျဖတ္ၿမိဳ႕နယ္အတြင္းမွ ဖိတ္ၾကားထားသူမ်ားတက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

လူကုန္ကူးမႈတားဆီးကာကြယ္ေရး အသိပညာေပးေဟာေျပာပြဲ၏ အဖြင့္အမွာစကားအျဖစ္ ျမန္မာႏုိင္ငံအမ်ဳိးသမီးေရးရာအဖြဲ႔ခ်ဳပ္ ဥကၠဌ ေဒါက္တာသက္သက္ဇင္က ေျပာၾကားၿပီး လူကုန္ကူးမႈ တားဆီးႏွိမ္ႏွင္းေရးအဖြဲ႔စိတ္(၁) တာခ်ီလိတ္၏ တပ္ဖြဲ႔စိတ္မွဴး ရဲမွဴးရင္ရင္ေအး က လူကုန္ကူးမႈ တားဆီးကာကြယ္ေရးအဖြဲ႔ ဖြဲ႔စည္းထားရွိမႈ၊ လူကုန္ကူး ဥပေဒေပါက္ေပၚလာပံု၊ လူကုန္ကူး/လူေမွာင္ခို အဓိပၸာယ္ျခားနားခ်က္၊ မိုင္းျဖတ္ ႏွင့္ မိုင္းေယာင္းၿမိဳ႕နယ္အတြင္းရွိ အမ်ဳိးသမီးငယ္မ်ားအား လူကုန္ကူးပြဲစားမ်ားမွ စည္းရံုးစုေဆာင္းတတ္သည့္ အေလ့အထမ်ား၊ သယ္ေဆာင္သြားသည့္ လမ္းေၾကာင္းပံုစံႏွင့္ လူကုန္ကူးခံခဲ့ရသည့္ အေျခအေနမ်ားကို သတိျပဳ ေရွာင္ရွားတတ္ရန္အျပင္ ကေလးလူငယ္ဥပေဒေပၚေပါက္လာပံုႏွင့္ ရပိုင္ခြင့္ အခြင့္အေရးမ်ားအား ရွင္းလင္းခဲ့ေၾကာင္း သိရသည္။

ဆက္လက္၍အမ်ဳိးသမီးအၾကမ္းဖက္မႈႏွင့္ အရြယ္မေရာက္ေသးသူ အမ်ဳိးသမီးငယ္မ်ား လိင္ပိုင္းဆိုင္ရာ က်ဴးလြန္ခံရသည့္ ျဖစ္စဥ္ႏွင့္ တိုင္တန္းရမည့္ ေနရာ ႏွင့္ ဖုန္းနံပါတ္မ်ား အသိေပးအပ္ျခင္း၊ တစ္ဖက္ထိုင္းႏိုင္ငံသို႔ တရား၀င္ သြားေရာက္ႏိုင္သည့္ ၀င္ေပါက္၊ ထြက္ေပါက္မ်ား ႏွင့္ တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမေဘးရွိ ေမဖလား၀ါးတိုက္ခန္းတြင္ ျမန္မာႏုိင္ငံကူး လက္မွတ္ထုတ္ေပးေနမႈ အေျခအေနမ်ားအား ရွင္းလင္းေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားသို႔ တက္ေရာက္လာသူမ်ားအား လူကုန္ကူးမႈအသိပညာေပးဆိုင္ရာ လက္ကမ္း စာေစာင္မ်ား ႏွင့္ အေရးေပၚ ဆက္သြယ္ႏိုင္မည့္ ဖုန္းနံပါတ္မ်ားကိုလည္း ေပးေ၀ခဲ့ၾကေၾကာင္း သိရသည္။

ဓါတ္ပံု - လူကုန္တား




~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ကြီးမှူးသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲအဖြစ် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ အစည်းအေဝးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာသက်သက်ဇင် နှင့် အဖွဲ့ဝင်များ၊ တာချီလိတ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့်နှင့် ခရိုင်/မြို့နယ်အဖွဲ့ဝင်များ၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးအဖွဲ့စိတ်(၁) တာချီလိတ်၏ တပ်ဖွဲ့စိတ်မှူး ရဲမှူးရင်ရင်အေး နှင့် တပ်ဖွဲ့ဝင်များ အပါအဝင် မိုင်းဖြတ်မြို့နယ်အတွင်းမှ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၏ အဖွင့်အမှာစကားအဖြစ် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာသက်သက်ဇင်က ပြောကြားပြီး လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးအဖွဲ့စိတ်(၁) တာချီလိတ်၏ တပ်ဖွဲ့စိတ်မှူး ရဲမှူးရင်ရင်အေး က လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းထားရှိမှု၊ လူကုန်ကူး ဥပဒေပေါက်ပေါ်လာပုံ၊ လူကုန်ကူး/လူမှောင်ခို အဓိပ္ပါယ်ခြားနားချက်၊ မိုင်းဖြတ် နှင့် မိုင်းယောင်းမြို့နယ်အတွင်းရှိ အမျိုးသမီးငယ်များအား လူကုန်ကူးပွဲစားများမှ စည်းရုံးစုဆောင်းတတ်သည့် အလေ့အထများ၊ သယ်ဆောင်သွားသည့် လမ်းကြောင်းပုံစံနှင့် လူကုန်ကူးခံခဲ့ရသည့် အခြေအနေများကို သတိပြု ရှောင်ရှားတတ်ရန်အပြင် ကလေးလူငယ်ဥပဒေပေါ်ပေါက်လာပုံနှင့် ရပိုင်ခွင့် အခွင့်အရေးများအား ရှင်းလင်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍အမျိုးသမီးအကြမ်းဖက်မှုနှင့် အရွယ်မရောက်သေးသူ အမျိုးသမီးငယ်များ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသည့် ဖြစ်စဉ်နှင့် တိုင်တန်းရမည့် နေရာ နှင့် ဖုန်းနံပါတ်များ အသိပေးအပ်ခြင်း၊ တစ်ဖက်ထိုင်းနိုင်ငံသို့ တရားဝင် သွားရောက်နိုင်သည့် ဝင်ပေါက်၊ ထွက်ပေါက်များ နှင့် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမဘေးရှိ မေဖလားဝါးတိုက်ခန်းတွင် မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးနေမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသူများအား လူကုန်ကူးမှုအသိပညာပေးဆိုင်ရာ လက်ကမ်း စာစောင်များ နှင့် အရေးပေါ် ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များကိုလည်း ပေးေဝခဲ့ကြကြောင်း သိရသည်။

ဓာတ်ပုံ - လူကုန်တား

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~