ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား ၄ ဦးကို တာချီလိတ်သို့ လွှဲပြောင်းပေး

ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား ၄ ဦးကို တာချီလိတ်သို့ လွှဲပြောင်းပေး
နိုဝင်ဘာ 27, 2017
By Tachileik News Agency


ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတား တာချီလိတ်ဘက်သို့ လာရောက်လွှဲပြောင်းပေးခြင်းဖြစ်ပြီး ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား တာချီလိတ်မှ သက်ဆိုင်ရာပူးပေါင်းအဖွဲ့က လက်ခံကြိုဆိုပြီး ၎င်းတို့၏ မူလနေရပ်ဒေသများသို့ ပြန်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။


သတင်း #စိုင်းဇေယျာ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် နိုဝင်ဘာလ (၂၇)ရက်နေ့က ထိုင်းနိုင်ငံတွင်း တရားမဝင် နေထိုင်သည့် မြန်မာနိုင်ငံသား အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၂)ဦးအား လာရောက် လွှဲပြောင်း ပေးကြောင်း နှင့် အဆိုပါ (၄)ဦးတွင် လမ်းမလျှောက်နိုင်သူ အမျိုးသားလူနာတစ်ဦး ပါဝင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတား တာချီလိတ်ဘက်သို့ လာရောက်လွှဲပြောင်းပေးခြင်းဖြစ်ပြီး ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား တာချီလိတ်မှ သက်ဆိုင်ရာပူးပေါင်းအဖွဲ့က လက်ခံကြိုဆိုပြီး၎င်းတို့၏ မူလနေရပ်ဒေသများသို့ ပြန်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။

၂၀၁၇ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ နိုဝင်ဘာလ(၂၇)ရက်နေ့အထိ တာချီလိတ်သို့ ပြန်လည်လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားဦးရေမှာ အမျိုးသား(၇၁၁)ဦး၊ အမျိုးသမီး(၃၂၆)ဦး၊ ကလေး(၅၆)ဦး၊ စုစုပေါင်း (၁၀၉၃)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ
ဓာတ်ပုံ - မြို့နယ် ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~