တာခ်ီလိတ္ၿမိဳ႕ မိုင္းကိုးေက်းရြာအုပ္စုတြင္ ယာဥ္တိုက္မႈေၾကာင့္ အမ်ဳိးသားတစ္ဦး ေသဆံုး

တာခ်ီလိတ္ၿမိဳ႕ မိုင္းကိုးေက်းရြာအုပ္စုတြင္ ယာဥ္တိုက္မႈေၾကာင့္ အမ်ဳိးသားတစ္ဦး ေသဆံုး
နိုဝင်ဘာ 20, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ မိုင္းကိုးေက်းရြာအုပ္စု၊ ပန္ဟတ္ရြာ ႏွင့္ ရန္ကုန္ရြာၾကားတြင္ ယာဥ္တိုက္မႈျဖစ္ပြားကာ အမ်ဳိးသားတစ္ဦး ေနရာတြင္ပင္ ေသဆံုးသြားေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ မိုင္းကိုးေက်းရြာအုပ္စု၊ ပန္ဟတ္ရြာ ႏွင့္ ရန္ကုန္ရြာၾကားတြင္ ဆိုင္ကယ္တစ္စီးႏွင့္အတူ အမ်ဳိးသားတစ္ဦး လဲက်ကာ ေသဆံုးေနေၾကာင္း ႏို၀င္ဘာလ(၂၀)ရက္ေန႔ နံနက္(၇)နာရီ၀န္းက်င္အခ်ိန္က သတင္းရရွိ၍ တာခ်ီလိတ္ယာဥ္ထိန္းရဲတပ္ဖြဲ႔မွ သြားေရာက္ စစ္ေဆးမႈမ်ား ျပဳလုပ္ၿပီး တာခ်ီလိတ္နာေရးကူညီမႈအသင္းက ေသဆံုးသူ၏ ရုပ္အေလာင္းအား တာခ်ီလိတ္ျပည္သူ႔ေဆးရံုရွိ ရင္ခြဲရံုသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

ေသဆံုးသူမွာ ဦးေခါင္းဒဏ္ရာ၊ ေမးရုိးကြဲဒဏ္ရာ၊ ၀မ္းဗိုက္ပြန္းဒဏ္ရာမ်ား ရရွိကာ ေသဆံုးေနျခင္း ျဖစ္ေၾကာင္းႏွင့္ ဆိုင္ကယ္ဦးေခါင္းပိုင္းမွာလည္း ပ်က္စီးသြားေၾကာင္း သိရသည္။

ေသဆံုးသူမွာ အသက္(၂၀)၀န္းက်င္ရွိ ေမာင္ပါလို႔ ျဖစ္ေၾကာင္း သိရၿပီး ၎သည္ မိုင္းကိုးေက်းရြာအုပ္စုမွ တာခ်ီလိတ္သို႔ အျပန္တြင္ ယင္းသို႔ ျဖစ္ပြားျခင္း ျဖစ္ေၾကာင္းႏွင့္ ယာဥ္တိုက္မႈႏွင့္ ပတ္သက္၍ တာခ်ီလိတ္ယာဥ္ထိန္းရဲတပ္ဖြဲ႔က စံုစမ္းမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရသည္။

ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စု၊ ပန်ဟတ်ရွာ နှင့် ရန်ကုန်ရွာကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကာ အမျိုးသားတစ်ဦး နေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။

တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စု၊ ပန်ဟတ်ရွာ နှင့် ရန်ကုန်ရွာကြားတွင် ဆိုင်ကယ်တစ်စီးနှင့်အတူ အမျိုးသားတစ်ဦး လဲကျကာ သေဆုံးနေကြောင်း နိုဝင်ဘာလ(၂၀)ရက်နေ့ နံနက်(၇)နာရီဝန်းကျင်အချိန်က သတင်းရရှိ၍ တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သွားရောက် စစ်ဆေးမှုများ ပြုလုပ်ပြီး တာချီလိတ်နာရေးကူညီမှုအသင်းက သေဆုံးသူ၏ ရုပ်အလောင်းအား တာချီလိတ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

သေဆုံးသူမှာ ဦးခေါင်းဒဏ်ရာ၊ မေးရိုးကွဲဒဏ်ရာ၊ ဝမ်းဗိုက်ပွန်းဒဏ်ရာများ ရရှိကာ သေဆုံးနခြေင်း ဖြစ်ကြောင်းနှင့် ဆိုင်ကယ်ဦးခေါင်းပိုင်းမှာလည်း ပျက်စီးသွားကြောင်း သိရသည်။

သေဆုံးသူမှာ အသက်(၂၀)ဝန်းကျင်ရှိ မောင်ပါလို့ ဖြစ်ကြောင်း သိရပြီး၎င်းသည် မိုင်းကိုးကျေးရွာအုပ်စုမှ တာချီလိတ်သို့ အပြန်တွင် ယင်းသို့ ဖြစ်ပွားခြင်း ဖြစ်ကြောင်းနှင့် ယာဉ်တိုက်မှုနှင့် ပတ်သက်၍ တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့က စုံစမ်းမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~