ထိုင္းႏုိင္ငံမွ ျမန္မာႏုိင္ငံသား လုပ္သား (၈၇၈)ဦး ကရင္ႏွင့္ တနသၤာရီတို႔ရိွ နယ္စပ္ဂိတ္ ၄ ခုမွ ျပန္လည္ဝင္ေရာက္လာ

ထိုင္းႏုိင္ငံမွ ျမန္မာႏုိင္ငံသား လုပ္သား (၈၇၈)ဦး ကရင္ႏွင့္ တနသၤာရီတို႔ရိွ နယ္စပ္ဂိတ္ ၄ ခုမွ ျပန္လည္ဝင္ေရာက္လာ
နိုဝင်ဘာ 29, 2017
By 🌸
ထိုင္းနိုင္ငံရွိ ေရႊ႕ေျပာင္း အလုပ္သမားဆိုင္ရာအက္ဥပေဒျပင္ဆင္ေျပာင္းလဲမႈေၾကာင့္ ဥပေဒႏွင့္မညီညြတ္သည့္ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားမ်ား ေနရပ္ျပန္လာေနရာ ႏိုဝင္ဘာလ (၂၈)ရက္ေန႔က ျမဝတီ၊ ထီးခီး၊ ေမာေတာင္ႏွင့္  ေကာ့ေသာင္းနယ္စပ္ဂိတ္မ်ားမွတစ္ဆင့္ (၈၇၈)ဦး ေရာက္ရိွလာေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံသား ေရႊ႕ေျပာင္းလုပ္သားမ်ားသည္ ႏိုဝင္ဘာလ (၂၈)ရက္ေန႔ နံနက္ (၉)နာရီမွ ညေန (၆)နာရီအထိ ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ အမွတ္(၁)ခ်စ္ၾကည္ေရးတံတားမွ ( ၆၄)ဦး၊၊ တနသၤာရီတုိင္းေဒသႀကီး ထားဝယ္ၿမိဳ႕နယ္ ထီးခီးနယ္စပ္ဂိတ္မွ (၉၃) ဦး၊ တနသၤာရီၿမိဳ႕နယ္ ေမာေတာင္နယ္စပ္ဂိတ္မွ (၁၅၃) ဦး၊ ေကာ့ေသာင္းၿမိဳ႕နယ္စပ္ဂိတ္မွ (၅၆၈) ဦး အသီးသီးေနရပ္ျပန္လာၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ေနရပ္ျပန္လာသည့္ ျမန္မာႏုိင္ငံသားမ်ားထံမွ ေငြေၾကးတစ္စုံတစ္ရာ ေကာက္ခံျခင္းမရွိေၾကာင္းသိရၿပီး ေနရပ္ျပန္လာသူမ်ားတြင္ အစြန္းေရာက္အၾကမ္းဖက္သမားမ်ား၊ မူးယစ္ေဆးဝါး၊ လက္နက္/ခဲယမ္းမ်ား၊ တရားခံေျပးမ်ား၊ ဘဂၤါလီမ်ား၊ ေငြစကၠဴအတု ျပဳလုပ္သူမ်ားႏွင့္ ေငြစကၠဴအတုမ်ား ပါလာျခင္း မရွိေစေရးအတြက္ သက္ဆုိင္ရာတပ္ဖြဲ႕မ်ားက စိစစ္ရွာေဖြၿပီး လက္ခံခဲ့ေၾကာင္း သိရသည္။

ေနရပ္ျပန္လာသူမ်ားအား စိစစ္ျခင္းနွင့္ အကူအညီေပးေရးအတြက္ ေဒသအလုိက္ အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား၊ လဝက၊ နယ္ေျမခံရဲတပ္ဖြဲ႕၊ မူခင္းရဲတပ္ဖြဲ႕၊ သတင္းရဲတပ္ဖြဲ႕ႏွင့္ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕တို႔ပါဝင္ေသာ ပူးေပါင္းအဖြဲ႕မ်ားက ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာ - ထိုင္း နယ္စပ္ဝင္ေပါက္အသီးသီးမွ ေနရပ္ျပန္လာသည့္ ျမန္မာႏိုင္ငံသား ေရႊ႕ေျပာင္းလုပ္သား အေရအတြက္မွာ ၂၀၁၇ ခုႏွစ္ ဇြန္လ (၂၉) ရက္ေန႔မွ နိုဝင္ဘာလ (၂၈) ရက္ေန႔အထိ အမ်ိဳးသား (၈၆၇၈၆)ႏွင့္ အမ်ိဳးသမီး (၆၆၀၇၉ ) စုစုေပါင္း  (၁၅၂၈၆၅) ဦးရိွၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း

~~~~~~~~⊰❂ unicode ~~~~~~~~
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသား လုပ်သား (၈၇၈)ဦး ကရင်နှင့် တနင်္သာရီတို့ရှိ နယ်စပ်ဂိတ် ၄ ခုမှ ပြန်လည်ဝင်ရောက်လာ
*************
ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာအက်ဥပဒေပြင်ဆင်ပြောင်းလဲမှုကြောင့် ဥပဒေနှင့်မညီညွတ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ နေရပ်ပြန်လာနေရာ နိုဝင်ဘာလ (၂၈)ရက်နေ့က မြဝတီ၊ ထီးခီး၊ မောတောင်နှင့်  ကော့သောင်းနယ်စပ်ဂိတ်များမှတစ်ဆင့် (၈၇၈)ဦး ရောက်ရှိလာကြောင်း သိရသည်။

မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများသည် နိုဝင်ဘာလ (၂၈)ရက်နေ့ နံနက် (၉)နာရီမှ ညနေ (၆)နာရီအထိ ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၁)ချစ်ကြည်ရေးတံတားမှ ( ၆၄)ဦး၊၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် ထီးခီးနယ်စပ်ဂိတ်မှ (၉၃) ဦး၊ တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ဂိတ်မှ (၁၅၃) ဦး၊ ကော့သောင်းမြို့နယ်စပ်ဂိတ်မှ (၅၆၈) ဦး အသီးသီးနေရပ်ပြန်လာကြခြင်းဖြစ်ကြောင်း သိရသည်။

နေရပ်ပြန်လာသည့် မြန်မာနိုင်ငံသားများထံမှ ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိကြောင်းသိရပြီး နေရပ်ပြန်လာသူများတွင် အစွန်းရောက်အကြမ်းဖက်သမားများ၊ မူးယစ်ဆေးဝါး၊ လက်နက်/ခဲယမ်းများ၊ တရားခံပြေးများ၊ ဘင်္ဂါလီများ၊ ငွေစက္ကူအတု ပြုလုပ်သူများနှင့် ငွေစက္ကူအတုများ ပါလာခြင်း မရှိစေရေးအတွက် သက်ဆိုင်ရာတပ်ဖွဲ့များက စိစစ်ရှာဖွေပြီး လက်ခံခဲ့ကြောင်း သိရသည်။

နေရပ်ပြန်လာသူများအား စိစစ်ခြင်းနှင့် အကူအညီပေးရေးအတွက် ဒေသအလိုက် အုပ်ချုပ်ရေးအဖွဲ့များ၊ လဝက၊ နယ်မြေခံရဲတပ်ဖွဲ့၊ မူခင်းရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့နှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့များက ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ - ထိုင်း နယ်စပ်ဝင်ပေါက်အသီးသီးမှ နေရပ်ပြန်လာသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား အရေအတွက်မှာ ၂၀၁၇ ခုနှစ် ဇွန်လ (၂၉) ရက်နေ့မှ နိုဝင်ဘာလ (၂၈) ရက်နေ့အထိ အမျိုးသား (၈၆၇၈၆)နှင့် အမျိုးသမီး (၆၆၀၇၉ ) စုစုပေါင်း  (၁၅၂၈၆၅) ဦးရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~