ယာဥ္အရွိန္လြန္ကာ ကြမ္းယာဆိုင္အား ၀င္တိုက္မိရာမွ ကြမ္းယာေရာင္းေနသူ လင္မယားႏွစ္ဦး ေနရာတြင္ ေသဆံုး

ယာဥ္အရွိန္လြန္ကာ ကြမ္းယာဆိုင္အား ၀င္တိုက္မိရာမွ ကြမ္းယာေရာင္းေနသူ လင္မယားႏွစ္ဦး ေနရာတြင္ ေသဆံုး
နိုဝင်ဘာ 18, 2017
By Tachileik News Agency

ေမာ္ေတာ္ယာဥ္တစ္စီးမွ အရွိန္မထိန္းႏိုင္ျဖစ္ကာ လမ္းေဘးရွိ ကြမ္းယာဆိုင္အား ၀င္ေရာက္တိုက္မိရာမွ ကြမ္းယာေရာင္းေနသည့္ လင္မယားႏွစ္ဦး ေနရာ၌ပင္ ေသဆံုးမႈ မေကြးၿမိဳ႕၊ နတ္ေမာက္လမ္း၊ ဖန္ခါးေျမေဂါက္ကြင္းအနီးတြင္ ႏို၀င္ဘာလ(၁၈)ရက္ေန႔တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

၂၀၁၇ခုႏွစ္ ႏို၀င္ဘာလ(၁၈)ရက္ေန႔ နံနက္(၇)နာရီ၀န္းက်င္အခ်ိန္က မေကြးၿမိဳ႕ နတ္ေမာက္လမ္းအတိုင္း တ.မ.ခ(၈၈)ဘက္မွ အ.ထ.က(၃)လမ္းဆံုဘက္သို႔ ေမာင္းႏွင္လာေသာ အျဖဴေရာင္ ေမာ္ေတာ္ယာဥ္သည္ အရွိန္မထိန္းႏိုင္ဘဲ တစ္ဖက္ယာဥ္ေၾကာအျပင္ဘက္ရွိ လမ္းေဘးပလက္ေဖာင္းအား ေက်ာ္လြန္ကာ လမ္း၏ ၀ဲဘက္ျခမ္း၌ ဖြင့္လွစ္ထားသည့္ ကြမ္းယာဆိုင္အား အရွိန္ျဖင့္ ၀င္ေရာက္ တိုက္မိျခင္း ျဖစ္ေၾကာင္း မေကြးၿမိဳ႕မရဲစခန္းမွ သိရသည္။

အဆိုပါ ယာဥ္တိုက္မႈေၾကာင့္ ယာဥ္ေမာင္း အာကာေက်ာ္မွာ နဖူးေပါက္ၿပဲဒဏ္ရာရရွိၿပီး ကြမ္းယာ ေရာင္းေနသူ အသက္(၃၂)ႏွစ္၀န္းက်င္မ်ားရွိ ကိုတူးတူးႏိုင္ ႏွင့္ မအိအိေခ်ာတို႔ လင္မယားႏွစ္ဦးမွာ ျပင္းထန္သည့္ ဒဏ္ရာမ်ားရရွိကာ ေနရာ၌ပင္ ေသဆံုးသြားေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ယာဥ္ေမာင္း အာကာေက်ာ္အား မေကြးၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၃၅/၂၀၁၇၊ ရာဇသတ္ႀကီး ပုဒ္မ ၃၀၄(က)/၃၇၇ျဖင့္ အမႈဖြင့္ စစ္ေဆးလ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း - ဖီးနစ္
ဓာတ္ပံု - ႏြယ္ႏြယ္


~~~~~~~~⊰❂ unicode ~~~~~~~~

မော်တော်ယာဉ်တစ်စီးမှ အရှိန်မထိန်းနိုင်ဖြစ်ကာ လမ်းဘေးရှိ ကွမ်းယာဆိုင်အား ဝင်ရောက်တိုက်မိရာမှ ကွမ်းယာရောင်းနေသည့် လင်မယားနှစ်ဦး နေရာ၌ပင် သေဆုံးမှု မကွေးမြို့၊ နတ်မောက်လမ်း၊ ဖန်ခါးမြေဂေါက်ကွင်းအနီးတွင် နိုဝင်ဘာလ(၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၁၇ခုနှစ် နိုဝင်ဘာလ(၁၈)ရက်နေ့ နံနက်(၇)နာရီဝန်းကျင်အချိန်က မကွေးမြို့ နတ်မောက်လမ်းအတိုင်း တ.မ.ခ(၈၈)ဘက်မှ အ.ထ.က(၃)လမ်းဆုံဘက်သို့ မောင်းနှင်လာသော အဖြူရောင် မော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောအပြင်ဘက်ရှိ လမ်းဘေးပလက်ဖောင်းအား ကျော်လွန်ကာ လမ်း၏ ဝဲဘက်ခြမ်း၌ ဖွင့်လှစ်ထားသည့် ကွမ်းယာဆိုင်အား အရှိန်ဖြင့် ဝင်ရောက် တိုက်မိခြင်း ဖြစ်ကြောင်း မကွေးမြို့မရဲစခန်းမှ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း အာကာကျော်မှာ နဖူးပေါက်ပြဲဒဏ်ရာရရှိပြီး ကွမ်းယာ ရောင်းနေသူ အသက်(၃၂)နှစ်ဝန်းကျင်များရှိ ကိုတူးတူးနိုင် နှင့် မအိအိချောတို့ လင်မယားနှစ်ဦးမှာ ပြင်းထန်သည့် ဒဏ်ရာများရရှိကာ နေရာ၌ပင် သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း အာကာကျော်အား မကွေးမြို့မရဲစခန်းတွင် ယာဉ်(ပ)၃၅/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄(က)/၃၇၇ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - နွယ်နွယ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~