အထောက်အထားမဲ့ တရုတ်နိုင်ငံသားများ ၀င်ရောက်မှုများသည့် မိုင်းယောင်းမြို့နယ်အတွင်း နိုင်ငံခြားသားများ ကြီးကြပ်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းဆိုင်ရာ အသိပညာပေး

အထောက်အထားမဲ့ တရုတ်နိုင်ငံသားများ ၀င်ရောက်မှုများသည့် မိုင်းယောင်းမြို့နယ်အတွင်း နိုင်ငံခြားသားများ ကြီးကြပ်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းဆိုင်ရာ အသိပညာပေး
နိုဝငျဘာ 27, 2017
By Tachileik News Agency


အဆိုပါ အခမ်းအနားတွင်  လဝက ခေတ္တ ဒုတိယပြည်နယ်ဦးစီးမှူး ဦးရဲရင့်ထွန်း က အထောက်အထားမဲ့ တရုတ်နိုင်ငံသားများ တရားမဝင် ဝင်ရောက်ပြီး ငှက်ပျောခြံလုပ်ငန်းများ ဝင်ရောက် လုပ်ကိုင်နေကြသဖြင့် မကြာခဏ ဖမ်းဆီး အရေးယူရခြင်းများ မကြာခဏ ပေါ်ပေါက်နေသည့်အတွက် ဒေသခံ ဟိုတယ်၊ တည်းခိုခန်း၊ ငှက်ပျောခြံလုပ်ငန်းနှင့် သတ္တုတူးဖေါ်ရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား နိုင်ငံခြားသား ကြီးကြပ် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းနှင့် စပ်လျဉ်းသည့် ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ လိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းများ သိရှိနားလည်၍ ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြပါ ဟု ပြောကြားသည်။

တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် အတွင်း ကျေးရွာအုပ်စုများတွင် အထောက်အထားမဲ့ တရုတ်နိုင်ငံသားများမှ တရားမဝင် ဝင်ရောက်ပြီး အများအားဖြင့် ငှက်ပျောခြံလုပ်ငန်းများ ဝင်ရောက် လုပ်ကိုင်နေကြသဖြင့် မကြာခဏ ဖမ်းဆီး အရေးယူရခြင်းများ မကြာခဏပေါ်ပေါက်နေသည့် ကိစ္စနှင့် ပတ်သက်၍ ဒေသတွင်း တာဝန်ရှိသူများနှင့် ဒေသခံများအနေဖြင့် နိုင်ငံခြားသား ကြီးကြပ်ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းကို ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေးခြင်း ဖြစ်ကြောင်း သိရသည်။




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း၌ အထောက်အထားမဲ့ တရုတ် နိုင်ငံသားများ တရားမဝင် ဝင်ရောက်မှုများရှိပြီး ဖမ်းဆီးရမိမှုများ ရှိနေသည့်အတွက် နိုင်ငံခြား သားများ ကြီးကြပ်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်း အသိပညာပေး အခမ်းအနားအား မိုင်းယောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ ခန်းမတွင် ၂၀၁၇ခုနှစ် နိုဝင်ဘာလ(၂၇)ရက်နေ့ နံနက်(၉)နာရီခွဲအချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် လဝက ခေတ္တ ဒုတိယပြည်နယ်ဦးစီးမှူး ဦးရဲရင့်ထွန်း က အထောက်အထားမဲ့ တရုတ်နိုင်ငံသားများ တရားမဝင် ဝင်ရောက်ပြီး ငှက်ပျောခြံလုပ်ငန်းများ ဝင်ရောက် လုပ်ကိုင်နကြေသဖြင့် မကြာခဏ ဖမ်းဆီး အရေးယူရခြင်းများ မကြာခဏ ပေါ်ပေါက်နေသည့်အတွက် ဒေသခံ ဟိုတယ်၊ တည်းခိုခန်း၊ ငှက်ပျောခြံလုပ်ငန်းနှင့် သတ္တုတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နကြေသည့် လုပ်ငန်းရှင်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား နိုင်ငံခြားသား ကြီးကြပ် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းနှင့် စပ်လျဉ်းသည့် ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ လိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းများ သိရှိနားလည်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြပါ ဟု ပြောကြားသည်။

တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် အတွင်း ကျေးရွာအုပ်စုများတွင် အထောက်အထားမဲ့ တရုတ်နိုင်ငံသားများမှ တရားမဝင် ဝင်ရောက်ပြီး အများအားဖြင့် ငှက်ပျောခြံလုပ်ငန်းများ ဝင်ရောက် လုပ်ကိုင်နကြေသဖြင့် မကြာခဏ ဖမ်းဆီး အရေးယူရခြင်းများ မကြာခဏပေါ်ပေါက်နေသည့် ကိစ္စနှင့် ပတ်သက်၍ ဒေသတွင်း တာဝန်ရှိသူများနှင့် ဒေသခံများအနဖြေင့် နိုင်ငံခြားသား ကြီးကြပ်ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းကို ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေးခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း) အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခေတ္တ ဒုတိယပြည်နယ်ဦးစီးမှူး ဦးရဲရင့်ထွန်း၊ မိုင်းယောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင် နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရှိရ သည်။

သတင်း / ဓာတ်ပုံ - ဦးစိုင်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~

တာချီ