ကယားျပည္နယ္တြင္ လိြဳင္လင္ေလးႏွင့္ နန္းမယ္ခံုတို႔အား ၿမိဳ႕အဂၤါရပ္ႏွင့္အညီတည္ေဆာက္ေရး ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္တြင္ ေဆာင္ရြက္မည္

ကယားျပည္နယ္တြင္ လိြဳင္လင္ေလးႏွင့္ နန္းမယ္ခံုတို႔အား ၿမိဳ႕အဂၤါရပ္ႏွင့္အညီတည္ေဆာက္ေရး ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္တြင္ ေဆာင္ရြက္မည္
နိုဝင်ဘာ 21, 2017
By Tachileik News Agency

ကယားျပည္နယ္တြင္ ၿမိဳ႕အဆင့္တိုးျမႇင့္ေပးလုိက္သည့္ လိြဳင္လင္ေလးၿမိဳ႕နွင့္ နန္းမယ္ခံုၿမိဳ႕မ်ားအား ၿမိဳ႕အဂၤါရပ္ႏွင့္အညီ ဖြဲ႔စည္းေရးအတြက္ ၂၀၁၈ -၂၀၁၉ ဘ႑ာေရးႏွစ္ ဘ႑ာေငြလ်ာထားၿပီး အုပ္ခ်ဳပ္ေရးႏွင့္ လိုအပ္ေသာက႑မ်ား စတင္ လည္ပတ္ႏုိင္ေရးအတြက္ ျပည္နယ္အစိုးရအဖြဲ႔ႏွင့္ တာဝန္ရိွသူမ်ား ကြင္းဆင္းေဆာင္ရြက္ေနၿပီျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ၿမိဳ႕အဆင့္ သတ္မွတ္ခံရသည့္ ေဒသႏွစ္ခုတြင္ ၿမိဳ႕အဂၤါရပ္ႏွင့္အညီ တည္ေဆာက္ဖြဲ႕စည္းေရး အတြက္ ၿမိဳ႕အ၀င္/ အထြက္ ဆုိင္းဘုတ္မ်ား စုိက္ထူေဆာင္ရြက္ႏုိင္ေရး၊ ၿမိဳ႕အတြင္းရွိ ရပ္ကြက္မ်ား စနစ္တက်ျဖစ္ေစေရး၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရုံးမ်ား ထည့္သြင္းလ်ာထားႏုိင္ေရး၊ စုေပါင္းရုံး ေဆာက္လုပ္ႏုိင္ေရးႏွင့္ ယာယီၿမိဳ႕အုပ္ခ်ဳပ္ေရးမွဴးရုံးဖြင့္လွစ္ၿပီး အုပ္ခ်ဳပ္ေရးႏွင့္ လုိအပ္ေသာက႑မ်ား စတင္လည္ပတ္ႏုိင္ေရးအတြက္ ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ဦးေဆာင္သည့္ ျပည္နယ္အစုိးရအဖြဲ႕၊ သက္ဆုိင္ရာဌာနမ်ားမွ တာဝန္ရိွသူမ်ား၊ ရပ္မိ/ရပ္ဖမ်ားႏွင့္အတူ ႏိုဝင္ဘာလ (၁၆)ရက္ေန႔ႏွင့္ (၁၇)ရက္ေန႔မ်ားက ကြင္းဆင္းစစ္ေဆးၾကေၾကာင္း သိရသည္။

နန္းမယ္ခုံေက်းရြာအုပ္စုရွိ ေျမဧရိယာ (၇၄၇)ဧကမွ (၃၆၂)ဧကအား ၿမိဳ႕မ ကယန္းရပ္ကြက္၊ ၿမိဳ႕မ ရွမ္းရပ္ကြက္၊ ေခၚခု ကယားရပ္ကြက္ႏွင့္ ေခၚခု ရွမ္းရပ္ကြက္မ်ားျဖင့္ နန္းမယ္ခံုၿမိဳ႕အျဖစ္ သတ္မွတ္လိုက္ၿပီး ၿမိဳ႕မ(ကယန္း)ေက်းရြာမွ လယ္ေျမ (၂၁၅)ဧကအား ဆင္ေတာင္ေက်းရြာအုပ္စုသုိ႔လည္းေကာင္း၊ ၿမိဳ႕မ(ရွမ္း) ေက်းရြာမွ လယ္ေျမ (၁၁၀) ဧကအား ဘုရားျဖဴေက်းရြာအုပ္စုသုိ႔လည္းေကာင္း၊ ေခၚခု(ကယား) ေက်းရြာမွ လယ္ေျမ (၆၀)ဧကအား အုိေကေက်းရြာအုပ္စုသုိ႔လည္းေကာင္း ထည့္သြင္းဖြဲ႔စည္းလိုက္ကာ မူလနန္းမယ္ခုံ ေက်းရြာအုပ္စုႏွင့္ ေက်းရြာ(၄)ရြာတုိ႔အား ပယ္ဖ်က္ၿပီးျဖစ္ေၾကာင္း သိရသည္။

လြဳိင္ေကာ္ခရုိင္၊ လြဳိင္ေကာ္ၿမိဳ႕နယ္၊ လြဳိင္လင္ေလးေက်းရြာအုပ္စု လြဳိင္လင္ေလးေက်းရြာရိွ ေျမဧရိယာ (၆၈၈)ဧကမွ ေျမဧရိယာ (၂၈၉)ဧကအား ေအာင္ေတဇရပ္ကြက္၊ ေအာင္သိဒၵိရပ္ကြက္ႏွင့္ ေအာင္မဂၤလာရပ္ကြက္မ်ား ပါဝင္သည့္ လိြဳင္လင္ေလးၿမိဳ႕အျဖစ္ သတ္မွတ္လုိက္ကာ က်န္စုိက္ပ်ဳိးေျမ (၃၉၉)ဧကအား ပိန္းခ်စ္ေက်းရြာအတြင္းသုိ႔ ထည့္သြင္းလိုက္ၿပီး ပိန္းခ်စ္၊ ခုတ္ေလာ၊ ေဒါတေနာ၊ နန္းေနာက္၊ အုိင္စန္႔၊ ဝမ္ကုန္း၊ ထီရိ၊ ကုန္းဆြတ္၊ ေက်ာက္ႀကီး(ေျမာက္)၊ တေနာင္ညႊန္႔၊ သာယု၊ နန္းလႊာေက်းရြာ (၁၂)ရြာအား စုစည္းၿပီး ပိန္းခ်စ္ေက်းရြာအုပ္စုအျဖစ္ ျပဳျပင္ဖြဲ႕စည္းလိုက္ေၾကာင္း သိရသည္။

ဒီးေမာ့ဆုိၿမိဳ႕နယ္ နန္းမယ္ခုံၿမိဳ႕ႏွင့္ လြဳိင္လင္ေလးၿမိဳ႕မ်ားအျဖစ္ တိုးျမႇင့္ေဆာင္ရြက္ခြင့္ျပဳရန္ ျပည္နယ္ဝန္ႀကီးခ်ဳပ္က ႏုိင္ငံေတာ္သမၼတထံ တင္ျပမႈအား ျပည္ထဲေရး၀န္ႀကီးဌာန၏ (၂၆- ၁၀- ၂၀၁၇) ရက္စြဲပါ အမိန္႕ေၾကာ္ျငာ စာအမွတ္ (၁၃၈၇/၂၀၁၇)ျဖင့္ ၿမိဳ႕အဆင့္တိုးျမႇင့္ခြင့္ျပဳခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - အင္မိုင္ခ
ဓါတ္ပံု - ျပည္နယ္အစိုးရ


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်တွင် မြို့အဆင့်တိုးမြှင့်ပေးလိုက်သည့် လွိုင်လင်လေးမြို့နှင့် နန်းမယ်ခုံမြို့များအား မြို့အင်္ဂါရပ်နှင့်အညီ ဖွဲ့စည်းရေးအတွက် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေလျာထားပြီး အုပ်ချုပ်ရေးနှင့် လိုအပ်သောကဏ္ဍများ စတင် လည်ပတ်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်နပြေီဖြစ်ကြောင်း သိရသည်။

အဆိုပါ မြို့အဆင့် သတ်မှတ်ခံရသည့် ဒေသနှစ်ခုတွင် မြို့အင်္ဂါရပ်နှင့်အညီ တည်ဆောက်ဖွဲ့စည်းရေး အတွက် မြို့အဝင်/ အထွက် ဆိုင်းဘုတ်များ စိုက်ထူဆောင်ရွက်နိုင်ရေး၊ မြို့အတွင်းရှိ ရပ်ကွက်များ စနစ်တကျဖြစ်စေရေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ ထည့်သွင်းလျာထားနိုင်ရေး၊ စုပေါင်းရုံး ဆောက်လုပ်နိုင်ရေးနှင့် ယာယီမြို့အုပ်ချုပ်ရေးမှူးရုံးဖွင့်လှစ်ပြီး အုပ်ချုပ်ရေးနှင့် လိုအပ်သောကဏ္ဍများ စတင်လည်ပတ်နိုင်ရေးအတွက် ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်သည့် ပြည်နယ်အစိုးရအဖွဲ့၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများနှင့်အတူ နိုဝင်ဘာလ (၁၆)ရက်နေ့နှင့် (၁၇)ရက်နေ့များက ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

နန်းမယ်ခုံကျေးရွာအုပ်စုရှိ မြေဧရိယာ (၇၄၇)ဧကမှ (၃၆၂)ဧကအား မြို့မ ကယန်းရပ်ကွက်၊ မြို့မ ရှမ်းရပ်ကွက်၊ ခေါ်ခု ကယားရပ်ကွက်နှင့် ခေါ်ခု ရှမ်းရပ်ကွက်များဖြင့် နန်းမယ်ခုံမြို့အဖြစ် သတ်မှတ်လိုက်ပြီး မြို့မ(ကယန်း)ကျေးရွာမှ လယ်မြေ (၂၁၅)ဧကအား ဆင်တောင်ကျေးရွာအုပ်စုသို့လည်းကောင်း၊ မြို့မ(ရှမ်း) ကျေးရွာမှ လယ်မြေ (၁၁၀) ဧကအား ဘုရားဖြူကျေးရွာအုပ်စုသို့လည်းကောင်း၊ ခေါ်ခု(ကယား) ကျေးရွာမှ လယ်မြေ (၆၀)ဧကအား အိုကေကျေးရွာအုပ်စုသို့လည်းကောင်း ထည့်သွင်းဖွဲ့စည်းလိုက်ကာ မူလနန်းမယ်ခုံ ကျေးရွာအုပ်စုနှင့် ကျေးရွာ(၄)ရွာတို့အား ပယ်ဖျက်ပြီးဖြစ်ကြောင်း သိရသည်။

လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးကျေးရွာအုပ်စု လွိုင်လင်လေးကျေးရွာရှိ မြေဧရိယာ (၆၈၈)ဧကမှ မြေဧရိယာ (၂၈၉)ဧကအား အောင်တေဇရပ်ကွက်၊ အောင်သိဒ္ဒိရပ်ကွက်နှင့် အောင်မင်္ဂလာရပ်ကွက်များ ပါဝင်သည့် လွိုင်လင်လေးမြို့အဖြစ် သတ်မှတ်လိုက်ကာ ကျန်စိုက်ပျိုးမြေ (၃၉၉)ဧကအား ပိန်းချစ်ကျေးရွာအတွင်းသို့ ထည့်သွင်းလိုက်ပြီး ပိန်းချစ်၊ ခုတ်လော၊ ဒေါတနော၊ နန်းနောက်၊ အိုင်စန့်၊ ဝမ်ကုန်း၊ ထီရိ၊ ကုန်းဆွတ်၊ ကျောက်ကြီး(မြောက်)၊ တနောင်ညွှန့်၊ သာယု၊ နန်းလွှာကျေးရွာ (၁၂)ရွာအား စုစည်းပြီး ပိန်းချစ်ကျေးရွာအုပ်စုအဖြစ် ပြုပြင်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့နှင့် လွိုင်လင်လေးမြို့များအဖြစ် တိုးမြှင့်ဆောင်ရွက်ခွင့်ပြုရန် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ တင်ပြမှုအား ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၆- ၁၀- ၂၀၁၇) ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် (၁၃၈၇/၂၀၁၇)ဖြင့် မြို့အဆင့်တိုးမြှင့်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - အင်မိုင်ခ
ဓာတ်ပုံ - ပြည်နယ်အစိုးရ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~