လားရိႈး - တန္႔ယန္းကားလမ္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပားတစ္ေသာင္းေက်ာ္သယ္လာသည့္ လူငယ္တစ္ဦးအား ဖမ္းဆီးရမိ

လားရိႈး - တန္႔ယန္းကားလမ္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပားတစ္ေသာင္းေက်ာ္သယ္လာသည့္ လူငယ္တစ္ဦးအား ဖမ္းဆီးရမိ
နိုဝင်ဘာ 22, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕နယ္၊ ေမာကိႏၷရီဘိလပ္ေျမစက္႐ုံေဟာင္းအနီး၊ လားရိႈး - တန္႔ယန္း ကားလမ္းတြင္ စိတ္ၾကြရူးသြပ္ေဆးျပား တစ္ေသာင္းေလးေထာင္သယ္ေဆာင္လာသည့္ လူငယ္တစ္ဦးအား ႏိုဝင္ဘာလ (၂၁)ရက္ေန႔က ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၂၄)လားရိႈးမွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ နိုဝင္ဘာလ (၂၁) ရက္ေန႔ ညေန (၄)နာရီခြဲခန္႔က လားရိႈး - တန္႔ယန္းကားလမ္းတြင္ စစ္ေဆးမႈမ်ား လုပ္ေဆာင္ေနစဥ္ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ လူငယ္တစ္ဦးအား ရွာေဖြရာမွ စိတ္ၾကြရူးသြပ္ေဆးျပား (၁၄၀၀၀)အား ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ စိုင္းေအာင္အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း
ဓါတ္ပံု #ျပည္ထဲေရး

~~~~~~~~⊰❂ unicode ~~~~~~~~
လားရှိုး - တန့်ယန်းကားလမ်းမှ စိတ်ကြွရူးသွပ်ဆေးပြားတစ်သောင်းကျော်သယ်လာသည့် လူငယ်တစ်ဦးအား ဖမ်းဆီးရမိ
********
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်၊ မောကိန္နရီဘိလပ်မြေစက်ရုံဟောင်းအနီး၊ လားရှိုး - တန့်ယန်း ကားလမ်းတွင် စိတ်ကြွရူးသွပ်ဆေးပြား တစ်သောင်းလေးထောင်သယ်ဆောင်လာသည့် လူငယ်တစ်ဦးအား နိုဝင်ဘာလ (၂၁)ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ (၂၁) ရက်နေ့ ညနေ (၄)နာရီခွဲခန့်က လားရှိုး - တန့်ယန်းကားလမ်းတွင် စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် ဆိုင်ကယ်မောင်းနှင်လာသည့် လူငယ်တစ်ဦးအား ရှာဖွေရာမှ စိတ်ကြွရူးသွပ်ဆေးပြား (၁၄၀၀၀)အား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသည့် စိုင်းအောင်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း
ဓါတ်ပုံ #ပြည်ထဲရေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~