
နိုဝငျဘာ 27, 2017
By Tachileik News Agency



သေဆုံးမှုနှင့် ပတ်သက်၍ ၎င်းသည် အရက်သောက်လွန်ကာ နောင်တုံကန်အတွင်း ဆင်းသွားရာမှ ပြန်လည်ပေါ်လာခြင်း မရှိသဖြင့် နီးစပ်ရာများမှ သက်ဆိုင်ရာသို့ အကြောင်းရာ ကျိုင်းတုံမီးသတ်တပ်ဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ ရေငုတ် ရှာဖွေရာမှ သေဆုံးနေလျက်ဖြင့် တွေ့ရှိ ဆယ်ယူရရှိခဲ့ကြောင်း သိရသည်။




~~~~~~~~⊰❂ unicode ~~~~~~~~

ကျိုင်းတုံမြို့ နောင်တုံကန်အတွင်း အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှု ၂၀၁၇ခုနှစ် နိုဝင်ဘာလ(၂၇)ရက်နေ့ နေ့လယ်(၂)နာရီခွဲ ဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ အသက်(၃၃)နှစ်ဝန်းကျင်ရှိ အိုက်ပီးဟု သိရှိရပြီး၎င်းသည် ယခင်က ကျိုင်းတုံမြို့ အမှတ်(၅)ရပ်ကွက်အတွင်း၌ နေထိုင်ခဲ့သူဖြစ်ကြောင်း သိရသည်။

သေဆုံးမှုနှင့် ပတ်သက်၍၎င်းသည် အရက်ေောက်လွန်ကာ နောင်တုံကန်အတွင်း ဆင်းသွားရာမှ ပြန်လည်ပေါ်လာခြင်း မရှိသဖြင့် နီးစပ်ရာများမှ သက်ဆိုင်ရာသို့ အကြောင်းရာ ကျိုင်းတုံမီးသတ်တပ်ဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ ရေငုတ် ရှာဖွေရာမှ သေဆုံးနေလျက်ဖြင့် တွေ့ရှိ ဆယ်ယူရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ - အောင်မြင်ပါစေ

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~