က်ိဳင္းတံုတြင္ ေတာင္က်ေရဝင္ေရာက္မႈေၾကာင့္ ေရႀကီးေရလွ်ံမႈျဖစ္ပြားသည့္ ရပ္ကြက္ႏွစ္ခုတြင္ ပ်က္စီးမႈမ်ား ကြင္းဆင္းစစ္ေဆးေန

က်ိဳင္းတံုတြင္ ေတာင္က်ေရဝင္ေရာက္မႈေၾကာင့္ ေရႀကီးေရလွ်ံမႈျဖစ္ပြားသည့္ ရပ္ကြက္ႏွစ္ခုတြင္ ပ်က္စီးမႈမ်ား ကြင္းဆင္းစစ္ေဆးေန
နိုဝင်ဘာ 25, 2017
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕တြင္ မိုးသည္းထန္စြာရြာသြန္းမႈေၾကာင့္  ႏိုဝင္ဘာလ (၂၅)ရက္ေန႔က ေဝၚခုတ္ရပ္ကြက္ႏွင့္ ရပ္ကြက္ (၃)တို႔တြင္ ေတာင္က်ေရမ်ားဝင္ေရာက္ကာ ေရႀကီးေရလွ်ံမႈျဖစ္ပြားခဲ့ရာ ကူညီေဆာင္ရြက္မႈမ်ားႏွင့္ ပ်က္စီးဆံုးရံႈးမႈစာရင္း ေကာက္ယူျခင္းတို႔အား ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးႏွင့္ သက္ဆိုင္ရာဌာနမ်ားက ေဆာင္ရြက္ေနေၾကာင္း သိရသည္။

“က်ိဳင္းတုံဘက္အထြက္ ေ၀ၚခုတ္ၿမိဳ႕သစ္ဘက္မွာ မိုးရြာတာနဲ႕ ေတာင္က်ေရေတြေၾကာင့္ တစ္ခ်ိဳ႕အိမ္ေတြထဲ ေရ၀င္တာ၊ လမ္းမေပၚေရေက်ာ္တာေတြ ျဖစ္ေနပါတယ္။ အခုေတာ့ အဲဒီဘက္မွာ လမ္းေပၚမွာေတာ့ ေရေတြမရိွေတာ့ပါဘူး။ တစ္ျခားရပ္ကြက္မွာဆိုရင္ေတာ့ ရပ္ကြက္(၃) လြိဳင္ေမြသြားတဲ့လမ္းဘက္မွာလည္း ေရလွ်ံတာေလးေတြရိွပါတယ္။ အဓိကက လွ်ပ္စစ္ရုံးေဘးက ေျမာင္းမွာျဖစ္တာပါ။ ေရႀကီးတဲ့အတြက္ အနိမ့္ပိုင္းဘက္က အိမ္ေတြမွာေတာ့ ေရ၀င္ေရာက္ တာေတြေတာ့ ရိွတာေပါ့”ဟု က်ိဳင္းတုံၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚေနသည့္ ရပ္ကြက္မ်ားသို႕ က်ိဳင္းတုံၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ျမင့္ႏွင့္တကြ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ တာ၀န္ရိွသူမ်ား၊ မီးသတ္တပ္ဖြဲ႕၀င္မ်ားႏွင့္ တပ္မေတာ္မွ အရာရိွ၊ စစ္သည္မ်ားက အေရးေပၚကူညီမႈမ်ား ေဆာင္ရြက္ေပးျခင္းႏွင့္အတူ  ပ်က္စီးဆုံးရႈံးမႈစာရင္းကိုလည္း ေကာက္ယူေနေၾကာင္း သိရသည္။
 “ေရႀကီးေနတဲ့ေနရာေတြက ေတာင္ႀကီးလမ္းဘက္က ေ၀ၚခုတ္ၿမိဳ႕သစ္ဘက္ရယ္၊ ရပ္ကြက္(၃)ရယ္ ေနာက္ၿပီးေတာ့ ရပ္ကြက္(၄)ဘက္လည္း ဝင္မယ္ထင္တယ္။ ေဝၚခုတ္ဘက္ကေတာ့ ေရျမဳပ္တဲ့ေနရာ မ်ားတယ္ေျပာတယ္။ ကၽြန္ေတာ္တို႕ရဲ႕ ရပ္ကြက္(၃)ဘက္မွာေတာ့ အုတ္တံတိုင္းေတြက အေျခမခို္င္ေတာ့ ၿပိဳက်တာေတြရိွတယ္။ အခုေတာ့ နည္းနည္းျပန္က်သြားတဲ့ သေဘာရိွပါတယ္”ဟု အမွတ္(၃)ရပ္ကြက္မွ ရပ္ေက်းစာေရး ကိုေက်ာ္သီဟက ေျပာသည္။
က်ိဳင္းတုံၿမိဳ႕တြင္ ႏို၀င္ဘာလ (၂၄)ရက္ေန႕ ေန႕လယ္မွစတင္ကာ မိုးသည္းထန္စြာ ရြာသြန္းခဲ့ျခင္းျဖစ္ၿပီး ေရႀကီးနစ္ျမဳပ္မႈေၾကာင့္ အေသအေပ်ာက္မရိွေၾကာင္း သိရသည္။
သတင္း #ဇြဲျမတ္
ဓါတ္ပံု # Ko Arr Lay #Ye Yint #ေက်ာ္သီဟ

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံတွင် တောင်ကျရေဝင်ရောက်မှုကြောင့် ေရကြီးရေလျှံမှုဖြစ်ပွားသည့် ရပ်ကွက်နှစ်ခုတွင် ပျက်စီးမှုများ ကွင်းဆင်းစစ်ဆေးနေ
***********
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  နိုဝင်ဘာလ (၂၅)ရက်နေ့က ဝေါ်ခုတ်ရပ်ကွက်နှင့် ရပ်ကွက် (၃)တို့တွင် တောင်ကျရေများဝင်ရောက်ကာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ ကူညီဆောင်ရွက်မှုများနှင့် ပျက်စီးဆုံးရှုံးမှုစာရင်း ကောက်ယူခြင်းတို့အား မြို့နယ်အုပ်ချုပ်ရေးနှင့် သက်ဆိုင်ရာဌာနများက ဆောင်ရွက်နေကြောင်း သိရသည်။

“ကျိုင်းတုံဘက်အထွက် ဝေါ်ခုတ်မြို့သစ်ဘက်မှာ မိုးရွာတာနဲ့ တောင်ကျရေတွေကြောင့် တစ်ချို့အိမ်တွေထဲ ရေဝင်တာ၊ လမ်းမပေါ်ရေကျော်တာတွေ ဖြစ်နေပါတယ်။ အခုတော့ အဲဒီဘက်မှာ လမ်းပေါ်မှာတော့ ရေတွေမရှိတော့ပါဘူး။ တစ်ခြားရပ်ကွက်မှာဆိုရင်တော့ ရပ်ကွက်(၃) လွိုင်မွေသွားတဲ့လမ်းဘက်မှာလည်း ရေလျှံတာလေးတွေရှိပါတယ်။ အဓိကက လျှပ်စစ်ရုံးဘေးက မြောင်းမှာဖြစ်တာပါ။ ရေကြီးတဲ့အတွက် အနိမ့်ပိုင်းဘက်က အိမ်တွေမှာတော့ ရေဝင်ရောက် တာတွေတော့ ရှိတာပေါ့”ဟု ကျိုင်းတုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့် ရပ်ကွက်များသို့ ကျိုင်းတုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်မြင့်နှင့်တကွ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တပ်မတော်မှ အရာရှိ၊ စစ်သည်များက အရေးပေါ်ကူညီမှုများ ဆောင်ရွက်ပေးခြင်းနှင့်အတူ  ပျက်စီးဆုံးရှုံးမှုစာရင်းကိုလည်း ကောက်ယူနေကြောင်း သိရသည်။
 “ရေကြီးနေတဲ့နေရာတွေက တောင်ကြီးလမ်းဘက်က ဝေါ်ခုတ်မြို့သစ်ဘက်ရယ်၊ ရပ်ကွက်(၃)ရယ် နောက်ပြီးတော့ ရပ်ကွက်(၄)ဘက်လည်း ဝင်မယ်ထင်တယ်။ ဝေါ်ခုတ်ဘက်ကတော့ ရေမြုပ်တဲ့နေရာ များတယ်ပြောတယ်။ ကျွန်တော်တို့ရဲ့ ရပ်ကွက်(၃)ဘက်မှာတော့ အုတ်တံတိုင်းတွေက အခြေမခို်င်တော့ ပြိုကျတာတွေရှိတယ်။ အခုတော့ နည်းနည်းပြန်ကျသွားတဲ့ သဘောရှိပါတယ်”ဟု အမှတ်(၃)ရပ်ကွက်မှ ရပ်ကျေးစာရေး ကိုကျော်သီဟက ပြောသည်။
ကျိုင်းတုံမြို့တွင် နိုဝင်ဘာလ (၂၄)ရက်နေ့ နေ့လယ်မှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းဖြစ်ပြီး ရေကြီးနစ်မြုပ်မှုကြောင့် အသေအပျောက်မရှိကြောင်း သိရသည်။
သတင်း #ဇွဲမြတ်
ဓါတ်ပုံ # Ko Arr Lay #Ye Yint #ကျော်သီဟ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~