တာချီလိတ်ခရိုင် ကျိုင်းလပ်တွင် တံတားဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း သံဘောင်ပြုတ်ကျ၍ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး

တာချီလိတ်ခရိုင် ကျိုင်းလပ်တွင် တံတားဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း သံဘောင်ပြုတ်ကျ၍ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး
နိုဝင်ဘာ 6, 2017
By Tachileik News Agency


နမ့်ဝမ်းတံတား ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မိုင်တိုင် A+1 နှင့် A+2ကြား ငြမ်းထိုးရန် အတွက် ပုံထားသော ဘေလီသံဘောင်ကွပ်အား ၂၀၁၇ခုနှစ် နိုဝင်ဘာလ(၆)ရက်နေ့ နံနက်(၉)နာရီ ၀န်းကျင်အချိန်က သယ်မစဉ် သံဘောင်ပြုတ်ကျကာ အသက်(၁၉)နှစ်အရွယ်ရှိ တံတားဆောက်လုပ်ရေး နေ့စားအလုပ်သမားဖြစ်သူ ဝေလုအောင်မှာ ဦးခေါင်း ယာဘက်(၂)လက်မခန့် ပေါက်ပြဲဒဏ်ရာ (၁)ချက်၊ ရှေ့အပေါ်ဆုံးသွား (၂)ချောင်းကျိုးကာ၊ နှာခေါင်းသွေးထွက်ပြီး ဦးခေါင်းနောက်စေ့ကြေမွဒဏ်ရာတို့ဖြင့် သေဆုံးသွားခြင်းဖြစ်သဖြင့် ကျိုင်းလပ်မြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။



သတင်း - စိုင်းဇေယျာ



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ နှင့် မိုင်းပါလျှိုးအကြားရှိ နမ့်ဝမ်းတံတား ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ဘေလီသံဘောင် ပြုတ်ကျရာမှ အမျိုးသားတစ်ဦး နေရာ၌ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

နမ့်ဝမ်းတံတား ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မိုင်တိုင် A+1 နှင့် A+2ကြား ငြမ်းထိုးရန် အတွက် ပုံထားသော ဘေလီသံဘောင်ကွပ်အား ၂၀၁၇ခုနှစ် နိုဝင်ဘာလ(၆)ရက်နေ့ နံနက်(၉)နာရီ ဝန်းကျင်အချိန်က သယ်မစဉ် သံဘောင်ပြုတ်ကျကာ အသက်(၁၉)နှစ်အရွယ်ရှိ တံတားဆောက်လုပ်ရေး နေ့စားအလုပ်သမားဖြစ်သူေဝလုအောင်မှာ ဦးခေါင်း ယာဘက်(၂)လက်မခန့် ပေါက်ပြဲဒဏ်ရာ (၁)ချက်၊ ရှေ့အပေါ်ဆုံးသွား (၂)ချောင်းကျိုးကာ၊ နှာခေါင်းသွေးထွက်ပြီး ဦးခေါင်းနောက်စေ့ကြေမွဒဏ်ရာတို့ဖြင့် သေဆုံးသွားခြင်းဖြစ်သဖြင့် ကျိုင်းလပ်မြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

သေဆုံးသူသည် မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ညောင်ပင်ရွာက ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဥပဒေအရ မိုင်းပါလျှိုးနယ်မြေရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၂/၂၀၁၇ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - ကျိုင်းလပ် ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~