တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ ကျင်းပမည့် စုပေါင်းဘုံကထိန်ပြသပွဲနှင့်နိဗ္ဗာန်ဈေးပွဲတော်အတွင်း အလှူရှင်(၃၆)ဦးပါဝင် လှူဒါန်းမည်

တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ ကျင်းပမည့် စုပေါင်းဘုံကထိန်ပြသပွဲနှင့်နိဗ္ဗာန်ဈေးပွဲတော်အတွင်း အလှူရှင်(၃၆)ဦးပါဝင် လှူဒါန်းမည်
နိုဝငျဘာ 1, 2017
By Tachileik News Agency


ရှမ်းရိုးမကွင်းတွင် မဟာဘုံကထိန် ပဒေသာပင်(၉၆)ပင်အား အလှပြထားမည်ဖြစ်ရာ ပဒေသာပင်များ အတွက် အမိုးတဲများ ဆောက်လုပ်ခြင်း၊ ရောင်စုံမီးတပ်ဆင်ခြင်းများကို ဦးရဲထွန်းသိန်း(ဦးသားကြီး)တိုးတက်ဟိန်းကုမ္ပဏီမှ တာဝန်ယူထားပြီး ကုန်ကျစရိတ်များ အတွက် ဦးမြင့်ဦး(မုတ်ဆိတ်)မှ အလှူငွေ ဘတ်တစ်သောင်းနှင့် မိုးကာ(၂)လိပ်၊ ဟိုတယ်တာချီလိတ်မှ မိုးကာ(၃)လိပ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ မိုးကာ(၁)လိပ်၊ ဂေါ်ရခါးလူမှုရေး အဖွဲ့မှ မိုးကာ(၂)လိပ်၊ ဦးဝင်းမောင်နှင့်ဇနီး (လောကနတ်)မှ မိုးကာ(၂)လိပ်၊ နိုင်းမိတ္တူမှ မိုးကာ(၁)လိပ်၊ အလင်းရောင်ပရဟိတအသင်းမှ မိုးကာ(၁)လိပ်၊ ဦးမြင့်ဇော်(ရဲလိုးဆပ်ပရိုက်သောက်ရေသန့်)မှ မိုးကာ(၂)လိပ် လှူဒါန်းထားကြောင်း သိရသည်။

နိဗ္ဗာန်ဈေးအတွက် အစားအသောက်ပါဝင်လှူဒါန်းကြမည့်စာရင်းမှာ ဦးမင်းမင်းထွန်း(မိုးနတ်သား)မိသားစုမှ မယ်ဇလီဖူးသုပ်၊ ဓာတ်ပုံဆရာများအသင်းမှ သာကူကျို၊ စေတနာကမ်းလက်များအဖွဲ့မှ လက်ဖက်သုပ်(သို့) နို့ထမင်း၊ အိမ်ခြံမြေအကျိုးဆောင်အဖွဲ့ မှ ကြာဆံကြော်၊ ဒေါ်ယဉ်ယဉ်အေး/ဒေါ်ရီရီမြင့် မှ ထပ်တစ်ရာ(သို့)ဗူးသီးကြော်၊ လောကနတ်မိသားစု မှ ဆီထမင်း၊ ဂေါ်ရခါးလူမှုရေးအဖွဲ့မှ ပူတီ၊ ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်း မှ ကြာဆံဟင်းခါး၊ ကိုအာကာ(ရွှေဗူးသီးဟိုတယ်)မှ ဟမ်ဘာဂါနှင့်အအေး၊ ဦးနေဇင်ငြိမ်းနှင့်ဇနီး(မိသားစု)မှ ယိုးဒယားသာကူကျို၊ မြန်မာ့စီးပွားရေးဘဏ်မှ အအေးစုံ၊ မဇ္ဈိမလူမှု ကူညီရေးအသင်းမှ ရေခဲမုန့်၊ ဦးဇော်မြင့် မိသားစု(ဖြိုးကုန်စုံဆိုင်)မှ ရေခဲမုန့်၊ရွှေအိမ်ဝင်း (မိသားစု)မှ မုန့်လက်ဆောင်း၊ ဗယ်လင်တိုင်းနှင့် နိုင်းနိုင်း ကဖေး မှ ဆနွင်းမကင်းနှင့်ပူတင်း၊ ဆဝပ်ဒီ ဟောလီးဒေး ခရီးသွားလာရေးကုမ္ပဏီလီမိတက် မှ တို့ဟူးနွေး၊ပဲနို့ရည်နှင့်အီကြာကွေး၊ခင်တင်ဇာ အပ်ချုပ်ဆိုင် မှ ကျောက်ကျော၊ ရှမ်း/အရှေ့ရေပေးဝေရေး တာချီလိတ် မှ ဆန်ပြားကြော်၊ ဦးညို+ဒေါ်ခမ်း မှ အုန်းနို့ခေါက်ဆွဲ၊ ကိုမောင်မောင်ထွန်း+မအေးအေးပြုံး(ပုသိမ်ဆန်ဆိုင်မိသားစု)မှ ကြာဆံကြော်၊ ပဒုမ္မာအခွေဆိုင် မှ အုန်းနို့ကျောက်ကျော၊ ကိုကစ္စနား-ပါလျှံ(ဂေါ်ရခါးလူမှုရေးအဖွဲ့ဝင်)မှ သောက်ရေသန့်၊ ဒေါ်နန်းရှဲန်းဆွတ်(ငွေကမ္ဘာတည်းခိုခန်း)မှ ကြက်ဥပေါင်းနှင့်နို့ပူတင်း၊ တာချီလိတ် သောက်ရေသန့် လုပ်ငန်းရှင်များအသင်း မှ သောက်ရေသန့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(မိသားစု)မှ အကြော်စုံ၊ စိန်ခြယ်ကဖေး မှ နို့ထမင်း၊ တစ်ခိုင်လုံးရွှေ မှ ခေါက်ဆွဲကြော်၊CB ဘဏ်မိုဘိုင်းအေးဂျင့် မကြည်ကြည်ခိုင်နှင့် မိတ်ဆွေများမှ ထမင်း ဟင်း၊ သဘင်နှင့်ဂီတအစည်းအရုံးမှ ကောက်ညှင်းပေါင်း၊ လွယ်ပေါင်းဈေးသူငယ်ချင်းများမှ ဝက်သားတုတ်ထိုး၊ မချို(နွားနို့ဆိုင်)မှ နွားနို့နှင့်ဒိန်ချဉ်၊ ဝမ်ကောင်းဈေး(သား /ငါး /ဟင်းသီးဟင်းရွက်)မိသားစု မှ ကြာဆံကြော်၊ အထက(ခွဲ)ပုန်းထွန် မှ ငှက်ပျောရွှေကြည်နှင့် ထောပတ်ရွှေကြည်၊ ကိုစိုးသန်း+မခိုင်လွင်မာ(ဆန်ဆိုင်း)မှ ခေါက်ဆွဲကြော်၊ မခင်ခင်နှင့်သူငယ်ချင်း တစ်စု မှ ယိုဒယားရွှေရင်အေး ၊ ဦးကျော်ဇေယျ မှ ကြာဆံဟင်းခါး နှင့် အအေးတို့ကို လှူဒါန်းကြမည်ဖြစ်ကြောင်း သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း၌ ပထမဆုံးကျင်းပသည့် နိဗ္ဗာန်ဈေးပွဲတော်အား ရှမ်းရိုးမကွင်း၌ နိုဝင်ဘာလ (၂)ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ အလှူရှင် (၃၆)ဦးပါဝင်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

နိဗ္ဗာန်ဈေးပွဲတော်တွင် အစားအသောက်များကို ညနေ (၅)နာရီတွင် စတင်ကျွေးမွေးမည်ဖြစ်ပြီး ညနေ (၄)နာရီတွင် အလှူရှင်များက ရှမ်းရိုးမကွင်းတွင် လာရောက်ပြင်ဆင်ကြမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းရိုးမကွင်းတွင် မဟာဘုံကထိန် ပဒေသာပင်(၉၆)ပင်အား အလှပြထားမည်ဖြစ်ရာ ပဒေသာပင်များ အတွက် အမိုးတဲများ ဆောက်လုပ်ခြင်း၊ ရောင်စုံမီးတပ်ဆင်ခြင်းများကို ဦးရဲထွန်းသိန်း(ဦးသားကြီး)တိုးတက်ဟိန်းကုမ္ပဏီမှ တာဝန်ယူထားပြီး ကုန်ကျစရိတ်များ အတွက် ဦးမြင့်ဦး(မုတ်ဆိတ်)မှ အလှူငွေ ဘတ်တစ်သောင်းနှင့် မိုးကာ(၂)လိပ်၊ ဟိုတယ်တာချီလိတ်မှ မိုးကာ(၃)လိပ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ မိုးကာ(၁)လိပ်၊ ဂေါ်ရခါးလူမှုရေး အဖွဲ့မှ မိုးကာ(၂)လိပ်၊ ဦးဝင်းမောင်နှင့်ဇနီး (လောကနတ်)မှ မိုးကာ(၂)လိပ်၊ နို်င်းမိတ္တူမှ မိုးကာ(၁)လိပ်၊ အလင်းရောင်ပရဟိတအသင်းမှ မိုးကာ(၁)လိပ်၊ ဦးမြင့်ဇော်(ရဲလိုးဆပ်ပရိုက်သောက်ရေသန့်)မှ မိုးကာ(၂)လိပ် လှူဒါန်းထားကြောင်း သိရသည်။

နိဗ္ဗာန်ဈေးအတွက် အစားအသောက်ပါဝင်လှူဒါန်းကြမည့်စာရင်းမှာ ဦးမင်းမင်းထွန်း(မိုးနတ်သား)မိသားစုမှ မယ်ဇလီဖူးသုပ်၊ ဓာတ်ပုံဆရာများအသင်းမှ သာကူကျို၊ စေတနာကမ်းလက်များအဖွဲ့မှ လက်ဖက်သုပ်(သို့) နို့ထမင်း၊ အိမ်ခြံမြေအကျိုးဆောင်အဖွဲ့ မှ ကြာဆံကြော်၊ ဒေါ်ယဉ်ယဉ်အေး/ဒေါ်ရီရီမြင့် မှ ထပ်တစ်ရာ(သို့)ဗူးသီးကြော်၊ လောကနတ်မိသားစု မှ ဆီထမင်း၊ ဂေါ်ရခါးလူမှုရေးအဖွဲ့မှ ပူတီ၊ ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်း မှ ကြာဆံဟင်းခါး၊ ကိုအာကာ(ရွှေဗူးသီးဟိုတယ်)မှ ဟမ်ဘာဂါနှင့်အအေး၊ ဦးနေဇင်ငြိမ်းနှင့်ဇနီး(မိသားစု)မှ ယိုးဒယားသာကူကျို၊ မြန်မာ့စီးပွားရေးဘဏ်မှ အအေးစုံ၊ မဇ္ဈိမလူမှု ကူညီရေးအသင်းမှ ရေခဲမုန့်၊ ဦးဇော်မြင့် မိသားစု(ဖြိုးကုန်စုံဆိုင်)မှ ရေခဲမုန့်၊ရွှေအိမ်ဝင်း (မိသားစု)မှ မုန့်လက်ဆောင်း၊ ဗယ်လင်တိုင်းနှင့် နိုင်းနိုင်း ကဖေး မှ ဆနွင်းမကင်းနှင့်ပူတင်း၊ ဆဝပ်ဒီ ဟောလီးဒေး ခရီးသွားလာရေးကုမ္ပဏီလီမိတက် မှ တို့ဟူးနွေး၊ပဲနို့ရည်နှင့်အီကြာကွေး၊ခင်တင်ဇာ အပ်ချုပ်ဆိုင် မှ ကျောက်ကျော၊ ရှမ်း/အရှေ့ရေပေးဝေရေး တာချီလိတ် မှ ဆန်ပြားကြော်၊ ဦးညို+ဒေါ်ခမ်း မှ အုန်းနို့ခေါက်ဆွဲ၊ ကိုမောင်မောင်ထွန်း+မအေးအေးပြုံး(ပုသိမ်ဆန်ဆိုင်မိသားစု)မှ ကြာဆံကြော်၊ ပဒုမ္မာအခွေဆိုင် မှ အုန်းနို့ကျောက်ကျော၊ ကိုကစ္စနား-ပါလျှံ(ဂေါ်ရခါးလူမှုရေးအဖွဲ့ဝင်)မှ သောက်ရေသန့်၊ ဒေါ်နန်းရှဲန်းဆွတ်(ငွေကမ္ဘာတည်းခိုခန်း)မှ ကြက်ဥပေါင်းနှင့်နို့ပူတင်း၊ တာချီလိတ် သောက်ရေသန့် လုပ်ငန်းရှင်များအသင်း မှ သောက်ရေသန့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(မိသားစု)မှ အကြော်စုံ၊ စိန်ခြယ်ကဖေး မှ နို့ထမင်း၊ တစ်ခိုင်လုံးရွှေ မှ ခေါက်ဆွဲကြော်၊CB ဘဏ်မိုဘိုင်းအေးဂျင့် မကြည်ကြည်ခိုင်နှင့် မိတ်ဆွေများမှ ထမင်း ဟင်း၊ သဘင်နှင့်ဂီတအစည်းအရုံးမှ ကောက်ညှင်းပေါင်း၊ လွယ်ပေါင်းဈေးသူငယ်ချင်းများမှ ဝက်သားတုတ်ထိုး၊ မချို(နွားနို့ဆိုင်)မှ နွားနို့နှင့်ဒိန်ချဉ်၊ ဝမ်ကောင်းဈေး(သား /ငါး /ဟင်းသီးဟင်းရွက်)မိသားစု မှ ကြာဆံကြော်၊ အထက(ခွဲ)ပုန်းထွန် မှ ငှက်ပျောရွှကြေည်နှင့် ထောပတ်ရွှကြေည်၊ ကိုစိုးသန်း+မခိုင်လွင်မာ(ဆန်ဆိုင်း)မှ ခေါက်ဆွဲကြော်၊ မခင်ခင်နှင့်သူငယ်ချင်း တစ်စု မှ ယိုဒယားရွှေရင်အေး၊ ဦးကျော်ဇေယျ မှ ကြာဆံဟင်းခါး နှင့် အအေးတို့ကို လှူဒါန်းကြမည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~