မိုးညႇင္းၿမိဳ႕နယ္တြင္ မူးယစ္ေဆးဝါး ေရာင္းခ်သုံးစြဲသည့္ ေနရာအား ပိတ္ဆို႔ရွာေဖြရာ အမ်ိဳးသား ၂၈ ဦး ဖမ္းဆီးရမိ

မိုးညႇင္းၿမိဳ႕နယ္တြင္ မူးယစ္ေဆးဝါး ေရာင္းခ်သုံးစြဲသည့္ ေနရာအား ပိတ္ဆို႔ရွာေဖြရာ အမ်ိဳးသား ၂၈ ဦး ဖမ္းဆီးရမိ
နိုဝင်ဘာ 11, 2017
By Tachileik News Agency

ကခ်င္ျပည္နယ္၊ မိုးညႇင္းၿမိဳ႕နယ္၊ နန္႔စြန္းေတာင္တန္း၊ လဆန္ရြာပ်က္၊ လဆန္ေတာင္ေျခအနီးတြင္ တပ္မေတာ္သားမ်ားႏွင့္ ရဲတပ္ဖြဲ႕တို႔ပါဝင္သည့္ ပူးေပါင္းအဖြဲ႔ျဖင့္ ပိတ္ဆို႔ရွာေဖြရာ မူးယစ္ေဆးသံုးစြဲသူႏွင့္ ေရာင္းခ်သူ အမ်ိဳးသား (၂၈)ဦးအား ဖမ္းဆီးရမိေၾကာင္း သိရသည္။

လဆန္ေတာင္ေျခအနီးတြင္ နန္းမားေက်းရြာ၊ ရန္ေအာင္ရပ္ကြက္မွ ထြန္းထြန္း(ခ)ေအာင္ဝင္းထြန္းႏွင့္ အဖြဲ႕သည္ တရားမဝင္ လက္နက္မ်ားကိုင္ေဆာင္၍ မူးယစ္ေဆးဝါးမ်ား ေရာင္းခ်ေနေၾကာင္း သတင္းအရ ခမရ(၃၈၉)မွ တပ္မေတာ္သားမ်ား၊ မိုးညႇင္းခရိုင္ရဲတပ္ဖြဲ႕မွဴးႏွင့္တပ္ဖြဲ႕ဝင္မ်ား၊ နန္းမားေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ျပည္သူ႔စစ္ အဖြဲ႕မ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ အဖြဲ႕ (၃)ဖြဲ႕ခြဲ၍ လဆန္ေတာင္ေျခဝန္းက်င္အား ေရွာင္တခင္ပိတ္ဆို႔ ရွာေဖြခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ေတာင္ေျခတြင္ မူးယစ္ေဆးဝါး သုံးစြဲၿပီးသူႏွင့္ သုံးစြဲရန္ေရာက္ရွိေနသူ အမ်ိဳးသား(၂၆)ဦးအား ဆိုင္ကယ္(၁၀) စီးႏွင့္အတူ ဖမ္းဆီးရမိခဲ့ၿပီး ၎တို႔အနက္ ႏွစ္ဦးထံမွ ဘိန္းျဖဴ(၀.၁၄)ဂရမ္အား သိမ္းဆည္းရမိခဲ့ေၾကာင္း ၎တို႔အား ႏိုဝင္ဘာလ (၉)ရက္ေန႔က ဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

ပူးေပါင္းအဖြဲ႕သည္ သတင္းအရ ေတာင္အင္းရြာအေရွ႕ဘက္ (၁)မိုင္ခန္႔အကြာရိွ ထြန္းထြန္း(ခ) ေအာင္ဝင္းထြန္း၏တဲအား ဆက္လက္ရွာေဖြခဲ့ရာ ထြန္းထြန္း(ခ)ေအာင္ဝင္းထြန္းအား မေတြ႕ရွိဘဲ ၎၏ တပည့္ျဖစ္သူ မင္းေဇာ္၊ အိုက္ျပား(ခ)ရွမ္းႀကီးတို႔(၂)ဦးအား ဆိုလာျပား(၂)ခ်ပ္၊ အေဝးၾကည့္ မွန္ေျပာင္း (၁)လက္၊ စနိုက္ပါဟု ယူဆရေသာ မွန္ေျပာင္း(၁)လက္၊ စီစီတီဗြီကင္မရာ (၄)လုံး၊ အထိုင္စက္(၁)စုံ၊ ဘက္ထရီအိုး(၁)လုံး၊ ဖလက္တီဗြီ(၁)လံုးတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသူ(၂၈)ဦးအား မူးယစ္ေဆးသံုးစြဲမႈ၊ ေရာင္းခ်မႈမ်ားႏွင့္ပတ္သက္၍ စစ္ေဆးမႈမ်ားျပဳလုပ္ေနၿပီး ၎တို႔အား နန္းမားနယ္ေျမရဲစခန္းတြင္ မယ(ပ)၂၁/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၆(ဂ)ျဖင့္ အမႈဖြင့္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း
ဓာတ္ပံု #ျပည္ထဲေရး


~~~~~~~~⊰❂ unicode ~~~~~~~~

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စွန်းတောင်တန်း၊ လဆန်ရွာပျက်၊ လဆန်တောင်ခြေအနီးတွင် နိုဝင်ဘာလ (၉)ရက်နေ့က တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ပိတ်ဆို့ရှာဖွေရာ မူးယစ်ဆေးသုံးစွဲသူနှင့် ရောင်းချသူ အမျိုးသား (၂၈)ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

လဆန်တောင်ခြေအနီးတွင် နန်းမားကျေးရွာ၊ ရန်အောင်ရပ်ကွက်မှ ထွန်းထွန်း(ခ)အောင်ဝင်းထွန်းနှင့် အဖွဲ့သည် တရားမဝင် လက်နက်များကိုင်ဆောင်၍ မူးယစ်ဆေးဝါးများ ရောင်းချနေကြောင်း သတင်းအရ ခမရ(၃၈၉)မှ တပ်မတော်သားများ၊ မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ နန်းမားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ် အဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အဖွဲ့ (၃)ဖွဲ့ခွဲ၍ လဆန်တောင်ခြေဝန်းကျင်အား ရှောင်တခင်ပိတ်ဆို့ ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တောင်ခြေတွင် မူးယစ်ဆေးဝါး သုံးစွဲပြီးသူနှင့် သုံးစွဲရန်ရောက်ရှိနေသူ အမျိုးသား(၂၆)ဦးအား ဆိုင်ကယ်(၁၀) စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး၎င်းတို့အနက် နှစ်ဦးထံမှ ဘိန်းဖြူ(ဝ.၁၄)ဂရမ်အား သိမ်းဆည်းရမိခဲ့ကြောင်း၎င်းတို့အား နိုဝင်ဘာလ (၉)ရက်နေ့က ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့သည် သတင်းအရ တောင်အင်းရွာအရှေ့ဘက် (၁)မိုင်ခန့်အကွာရှိ ထွန်းထွန်း(ခ) အောင်ဝင်းထွန်း၏တဲအား ဆက်လက်ရှာဖွေခဲ့ရာ ထွန်းထွန်း(ခ)အောင်ဝင်းထွန်းအား မတွေ့ရှိဘဲ၎င်း၏ တပည့်ဖြစ်သူ မင်းဇော်၊ အိုက်ပြား(ခ)ရှမ်းကြီးတို့(၂)ဦးအား ဆိုလာပြား(၂)ချပ်၊ အဝေးကြည့် မှန်ပြောင်း (၁)လက်၊ စနိုက်ပါဟု ယူဆရသော မှန်ပြောင်း(၁)လက်၊ စီစီတီဗွီကင်မရာ (၄)လုံး၊ အထိုင်စက်(၁)စုံ၊ ဘက်ထရီအိုး(၁)လုံး၊ ဖလက်တီဗွီ(၁)လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ(၂၈)ဦးအား မူးယစ်ဆေးသုံးစွဲမှု၊ ရောင်းချမှုများနှင့်ပတ်သက်၍ စစ်ဆေးမှုများပြုလုပ်နပြေီး၎င်းတို့အား နန်းမားနယ်မြေရဲစခန်းတွင် မယ(ပ)၂၁/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)ဖြင့် အမှုဖွင့် ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း
ဓာတ်ပုံ #ပြည်ထဲရေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~