ရွမ္းျပည္နယ္လႊတ္ေတာ္၏ အဌမပံုမွန္အစည္းအေဝးတြင္ ျပည္သူပိုင္ေျမယာႏွင့္ ဘတ္ဂ်က္ကိစၥမ်ား ေဆြးေႏြးဖြယ္ရိွ

ရွမ္းျပည္နယ္လႊတ္ေတာ္၏ အဌမပံုမွန္အစည္းအေဝးတြင္ ျပည္သူပိုင္ေျမယာႏွင့္ ဘတ္ဂ်က္ကိစၥမ်ား ေဆြးေႏြးဖြယ္ရိွ
နိုဝင်ဘာ 30, 2017
By 🌸
ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္၏ ဒီဇင္ဘာလ(၄)ရက္ေန႔တြင္ ျပန္လည္စတင္မည့္ အဌမပံုမွန္ အစည္းအေဝးမ်ားတြင္ ျပည္သူပိုင္ေျမယာ၊ ဘတ္ဂ်က္ကိစၥမ်ား ေဆြးေႏြးၾကဖြယ္ရိွၿပီး ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတံုမဲဆႏၵနယ္အမွတ္(၂)မွ လႊတ္ေတာ္ကိုယ္စားလွယ္ က်မ္းသစၥာက်ိန္ဆိုမည္ျဖစ္ေၾကာင္း သိရသည္။

“ျပည္သူပိုင္ေျမယာေတြကိစၥ တျခားလႊတ္ေတာ္ကိုယ္စားလွယ္ေတြက တင္ျပဖို႔ရွိတယ္။ ေထာက္ခံေဆြးေႏြးမယ့္ အပိုင္းေတြေပါ့ေနာ္။ ေနာက္တစ္ခုက စည္ပင္သာယာေရး နည္းဥပေဒကို အစိုးရကေနၿပီးေတာ့ တိုက္တြန္းထားတာရွိတယ္။ ဒါကို အစိုးရက လႊတ္ေတာ္ကို တင္လာနိုင္တာရွိမယ္။ ဒီတစ္ေခါက္ လႊတ္ေတာ္ေခၚရျခင္းအေၾကာင္းရင္းက ဘတ္ဂ်တ္ကိစၥကို အဓိကထား ေဆြးေႏြးမယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္”ဟု ရပ္ေစာက္ျမိဳ႕နယ္မဲဆႏၵနယ္ အမွတ္ (၁) မွ ဦးခိုင္ညီညီေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂)မွ ယခင္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးရွာေမြလရွဲန္ေနရာတြင္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ ေရြးေကာက္ပြဲခံုအဖြဲ႕က ၾကားနာစစ္ေဆးၿပီး ခန္႔အပ္လုိက္သည့္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာဝဏၰစိုးက က်မ္းသစၥာက်ိန္ဆိုမည္ျဖစ္သည္။

ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ အဌမပံုမွန္အစည္းအေဝးအား ဒီဇင္ဘာလ (၄)ရက္ေန႔မွ ဒီဇင္ဘာလ(၈)ရက္ေန႔အထိ (၄)ရက္ၾကာ က်င္းပမည္ျဖစ္ၿပီး ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား တင္ျပေဆြးေႏြးမည့္ ေမးခြန္းမ်ားအား ရွမ္းျပည္နယ္အစိုးရအဖြဲ႕သို႔ ေပးပို႔ထားၿပီးျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္လႊတ္ေတာ္တြင္ ျပည္ေထာင္စုၾကံခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ ကိုယ္စားလွယ္(၃၁)ဦး၊ ရွမ္းတုိင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ(က်ားေခါင္း)မွ (၂၄)ဦး၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီမွ(၂၂)ဦး၊ တအာင္း (ပေလာင္) အမ်ိဳးသားပါတီမွ (၇)ဦး၊ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ပါတီမွ (၆)ဦး၊ ‘ဝ’ ဒီမိုကရက္တစ္ပါတီမွ (၁)ဦး၊ ‘ဝ’ အမ်ိဳးသား စည္းလံုးညီၫြတ္ေရးပါတီမွ(၁)ဦး၊ လားဟူ အမ်ိဳးသား ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီမွ (၁)ဦး၊ ကိုးကန္႔ဒီမိုကေရစီႏွင့္ ညီၫြတ္ေရးပါတီမွ (၁)ဦး၊ ရွမ္းတုိင္းရင္းသားမ်ား ဒီမိုကရက္တစ္ပါတီ(က်ားျဖဴ)မွ (၁)ဦး၊ တုိင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး(၇)ဦး ႏွင့္ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ (၃၄)ဦး၊ စုစုေပါင္း (၁၃၅)ဦးရွိေၾကာင္း သိရသည္။

သတင္း၊ ဓာတ္ပံု #ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်လွှတ်တော်၏ အဌမပုံမှန်အစည်းအဝေးတွင် ပြည်သူပိုင်မြေယာနှင့် ဘတ်ဂျက်ကိစ္စများ ဆွေးနွေးဖွယ်ရှိ
**************

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်၏ ဒီဇင်ဘာလ(၄)ရက်နေ့တွင် ပြန်လည်စတင်မည့် အဌမပုံမှန် အစည်းအဝေးများတွင် ပြည်သူပိုင်မြေယာ၊ ဘတ်ဂျက်ကိစ္စများ ဆွေးနွေးကြဖွယ်ရှိပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်ကြောင်း သိရသည်။

“ပြည်သူပိုင်မြေယာတွေကိစ္စ တခြားလွှတ်တော်ကိုယ်စားလှယ်တွေက တင်ပြဖို့ရှိတယ်။ ထောက်ခံဆွေးနွေးမယ့် အပိုင်းတွေပေါ့နော်။ နောက်တစ်ခုက စည်ပင်သာယာရေး နည်းဥပဒေကို အစိုးရကနပြေီးတော့ တိုက်တွန်းထားတာရှိတယ်။ ဒါကို အစိုးရက လွှတ်တော်ကို တင်လာနိုင်တာရှိမယ်။ ဒီတစ်ခေါက် လွှတ်တော်ခေါ်ရခြင်းအကြောင်းရင်းက ဘတ်ဂျတ်ကိစ္စကို အဓိကထား ဆွေးနွေးမယ်လို့ ကျွန်တော်ထင်ပါတယ်”ဟု ရပ်စောက်မြို့နယ်မဲဆန္ဒနယ် အမှတ် (၁) မှ ဦးခိုင်ညီညီကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ယခင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးရှာမွေလရှဲန်နေရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲခုံအဖွဲ့က ကြားနာစစ်ဆေးပြီး ခန့်အပ်လိုက်သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်သည်။

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အဌမပုံမှန်အစည်းအဝေးအား ဒီဇင်ဘာလ (၄)ရက်နေ့မှ ဒီဇင်ဘာလ(၈)ရက်နေ့အထိ (၄)ရက်ကြာ ကျင်းပမည်ဖြစ်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တင်ပြဆွေးနွေးမည့် မေးခွန်းများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်လွှတ်တော်တွင် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်(၃၁)ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ကျားခေါင်း)မှ (၂၄)ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ(၂၂)ဦး၊ တအာင်း (ပလောင်) အမျိုးသားပါတီမှ (၇)ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ (၆)ဦး၊ ‘ဝ’ ဒီမိုကရက်တစ်ပါတီမှ (၁)ဦး၊ ‘ဝ’ အမျိုးသား စည်းလုံးညီညွတ်ရေးပါတီမှ(၁)ဦး၊ လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ (၁)ဦး၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီမှ (၁)ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူ)မှ (၁)ဦး၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး(၇)ဦး နှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၃၄)ဦး၊ စုစုပေါင်း (၁၃၅)ဦးရှိကြောင်း သိရသည်။

သတင်း၊ ဓာတ်ပုံ #နိုနို

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~