Hotel ACE ကုမၸဏီဥကၠ႒ ၿဖိဳးကိုကိုတင့္ဆန္းပါ (၁၅)ဦးအား အမႈေပါင္း ၁၇ မႈဖြင့္၍ အထူးအမႈစစ္အဖြဲ႔ျဖင့္ ဆက္လက္စစ္ေဆးေန

Hotel ACE ကုမၸဏီဥကၠ႒ ၿဖိဳးကိုကိုတင့္ဆန္းပါ (၁၅)ဦးအား အမႈေပါင္း ၁၇ မႈဖြင့္၍ အထူးအမႈစစ္အဖြဲ႔ျဖင့္ ဆက္လက္စစ္ေဆးေန
နိုဝင်ဘာ 1, 2017
By 🌸
Hotel ACE ကုမၸဏီဥကၠ႒ ၿဖိဳးကိုကိုတင့္ဆန္းပါ (၁၅)ဦးအား ဖမ္းဆီးရမိထားသည့္ မူးယစ္ေဆးဝါး၊ ဆက္သြယ္ေရးစက္၊ လက္နက္ခဲယမ္းႏွင့္ ဆက္စပ္ပစၥည္းမ်ားႏွင့္ ပတ္သက္၍ အမႈေပါင္း (၁၇)မႈဖြင့္ထားၿပီး အထူးအမႈစစ္အဖြဲ႔ျဖင့္ ဆက္လက္စစ္ေဆးေဖၚထုတ္ေနေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ အသိေပးထုတ္ျပန္ခ်က္တြင္ ေဖၚျပထားသည္။

ၿဖိဳးကိုကိုတင့္ဆန္းပါ (၁၅)ဦးအား ၎တို႔ထံတြင္ ဝွက္သိမ္းထားေသာ လက္နက္ ခဲယမ္းမ်ား ရွိ/ မရွိ စိစစ္ေဖာ္ထုတ္မႈ၊ လက္နက္ ခဲယမ္းမ်ား ဝယ္ယူ၊ သယ္ေဆာင္ရာ လမ္းေၾကာင္းႏွင့္ ကြင္းဆက္ တရားခံ ေဖာ္ထုတ္မႈ၊ မူးယစ္ေဆးဝါးႏွင့္ ပတ္သက္သည့္ ကြင္းဆက္ တရားခံ ေဖာ္ထုတ္မႈ၊ တရားဝင္ လုံၿခဳံေရး အဖြဲ႕အစည္းႏွင့္ ဆင္တူသည့္ တူညီဝတ္စုံမ်ား၊ တံဆိပ္ အမွတ္အသားမ်ား၊ ေမာ္ေတာ္ယာဥ္မ်ား၊ ခြင့္ျပဳခ်က္ မရွိဘဲ အသုံးျပဳေသာ Drone မ်ား၊ ဆက္သြယ္ေရးစက္မ်ား၊ လုံၿခဳံေရး တပ္ဖြဲ႕သုံး ဆက္စပ္ ပစၥည္းမ်ားအား အသုံးျပဳေနမႈတို႔နွင့္ ပတ္သက္၍  အထူးအမႈစစ္အဖြဲ႕ ဖြဲ႕စည္း၍ ဆက္လက္ စစ္ေဆးလ်က္ ရွိေၾကာင္း သိရသည္။

ေနျပည္ေတာ္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္မွ ျမန္မာ့အမ်ိဳးသား ေလေၾကာင္းလိုင္း၊ ေနျပည္ေတာ္- ရန္ကုန္ ခရီးစဥ္အမွတ္ UB-142 ျဖင့္ လိုက္ပါမည့္ ခရီးသည္ ၿဖိဳးကိုကိုတင့္ဆန္း၊ ရဲမင္းေဆြ၊ ေဇာ္ဝင္းထိုက္တို႔အား ေအာက္ိုဘာလ (၁၅)ရက္ေန႔ ည (၇)နာရီအခ်ိန္တြင္ ၎တို႔ႏွင့္အတူ ပါရွိေသာ ခရီးေဆာင္အိတ္အတြင္းမွ WY စာတန္းပါ စိတ္ႂကြ ႐ူးသြပ္ေဆးျပား (၁၂)ျပားႏွင့္ ICE ဟုယူဆရေသာ (အျဖဴေရာင္အခဲ) (၁.၅)ဂရမ္၊ ပစၥတို (၂)လက္ႏွင့္ က်ည္မ်ိဳးစုံ (၇၂)ေတာင့္၊ National Security Council (US-609) စာတန္းပါ လည္ဆြဲကဒ္ (၁)ခု၊ Drone (၁)ခု၊ PHYO KO KO TINT SAN (US-609) အမည္ပါ အထူးႏိုင္ငံကူးလက္မွတ္ (၁)အုပ္၊ အနက္ေရာင္ မွန္ဘီလူး (၁)လက္၊ ကင္မရာမ်ိဳးစုံ (၆)လုံး၊ စကားေျပာစက္ (၃)လုံးႏွင့္ အျခားဆက္စပ္ ပစၥည္းမ်ား သိမ္းဆည္းရမိခဲ့ၿပီး ၎တို႔ ေလဆိပ္သို႔ စီးနင္းလာသည့္ YGN 2C-5759 နံပါတ္ပါ အနက္ေရာင္ HUMMER ေမာ္ေတာ္ယာဥ္ (၁)စီးတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့၍ လယ္ေဝးၿမိဳ႕နယ္၊ ေအလာနယ္ေျမရဲစခန္း မယ(ပ) ၃/၂၀၁၇၊ မူးယစ္ေဆးဝါးႏွင့္ စိတ္ကို ေျပာင္းလဲေစတတ္ေသာ ေဆးဝါးမ်ား ဥပေဒပုဒ္မ ၁၅/၁၆(ဂ)/ ၂၂(ခ)/ ၂၁ ျဖင့္ စတင္ အမႈဖြင့္ အေရးယူခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ စစ္ေဆး ေဖာ္ထုတ္ခ်က္မ်ားအရ ေအာက္တိုဘာလ (၁၆) ရက္ေန႔တြင္ ေနျပည္ေတာ္၊ ဒကၡိဏသီရိ ၿမိဳ႕နယ္ရွိ ၿဖိဳးကိုကိုတင့္ဆန္းပိုင္ Hotel ACE တြင္ ရွာေဖြရာ ပစၥတိုမ်ိဳးစုံ (၈)လက္၊ က်ည္မ်ိဳးစုံ (၈၉၅)ေတာင့္၊ က်ည္ကာအက်ႌ (၁)ထည္၊ စႏိုက္ပါမွန္ေျပာင္း (၁)လက္ႏွင့္ ဆက္စပ္ပစၥည္းမ်ား ထပ္မံ သိမ္းဆည္း ရမိခဲ့ၿပီး Hotel ACE မွ ဝန္ထမ္းမ်ား ျဖစ္ေသာ သီဟ၊ ေအာင္ႏိုင္၊ ရန္ေအာင္စိုး၊ ဂ်ိဳးဇက္(ခ) စေယာသ၊ ဇင္ကိုလတ္(ခ) ဇင္ကို၊ ေအာင္ရဲၿဖိဳး၊ မ်ိဳးျမင့္ေဇာ္(ခ) ကိုမ်ိဳးႏွင့္ ခင္မ်ိဳးဝင္းတို႔ (၈)ဦးအား အမႈျဖင့္ ဖမ္းဆီး စစ္ေဆးခဲ့ေၾကာင္း သိရသည္။

ရန္ကုန္ တိုင္းေဒသႀကီး၊ သာေကတၿမိဳ႕နယ္ရွိ ၿဖိဳးကိုကိုတင့္ဆန္းပိုင္ ACE Group of Companies အေဆာက္အဦကို ေအာက္တိုဘာလ (၁၆)ရက္ေန႔တြင္ ရွာေဖြ စစ္ေဆးရာ ACE ဟိုတယ္ မန္ေနဂ်ာ ၿဖိဳးဗိုလ္ဗိုလ္ႏွင့္ အတူ M-16 ေသနတ္ (ေမာင္းတုံးမပါ) (၁)လက္၊ M-16 ပုံစံ သံေဘာေစ့ ထည့္ပစ္ရသည့္ ေျပာင္းရွည္ ေသနတ္ (၁)လက္၊ က်ည္ကာ အက်ႌပုံစံ ခ်ဳပ္ထားေသာ အနက္ေရာင္တူညီ ဝတ္စုံ Waist Coat (၁၅)ထည္၊ Drone (၅)ခု၊ ၉မမ ပစၥတိုက်ည္ (၂)ေတာင့္၊ သံေဘာေစ့ (၁၀၀)လုံး၊ WY စာတန္းပါ စိတ္ႂကြ ႐ူးသြပ္ေဆးျပား (၈)ျပား၊ လက္နက္ငယ္ ေသနတ္တြင္ တပ္ဆင္ အသုံးျပဳသည့္ ေျပာင္းရွည္ (၁)ခု၊ ေမာင္းတုံး (၁)ခု၊ စကားေျပာစက္ (၉)လုံး၊ အေဝးၾကည့္ မွန္ေျပာင္း (၁)လက္၊ စႏိုက္ပါမွန္ ေျပာင္း(၁)လက္၊ ကြန္ပ်ဴတာ လက္ေတာ့ (၂)လုံးႏွင့္ ဆက္စပ္ ပစၥည္းမ်ား သိမ္းဆည္းရမိၿပီး ၿဖိဳးကိုကိုတင့္ဆန္း ငွားရမ္း ေနထိုင္သည့္ ဗဟန္းၿမိဳ႕နယ္၊ ေ႐ႊေတာင္ၾကား (၁)ရပ္ကြက္၊ ေငြဝတ္မႈန္ ရိပ္သာလမ္းရိွ ေနအိမ္တြင္ ရွာေဖြရာ စကားေျပာစက္ (၁)လုံး၊ ၅.၅၆ က်ည္(၃) ေတာင့္၊ WY စာတန္းပါ စိတ္ႂကြ႐ူးသြပ္ ေဆးျပား (၂)ျပားတို႔အား သိမ္းဆည္း ရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္ၿမိဳ႕ရွိ ACE Group of Companies အေဆာက္အဦေရွ႕ ယာဥ္ရပ္နားကြင္းတြင္ ရပ္ထားေသာ YGN 2N-5445 နံပါတ္ပါ HUMMER အနက္ေရာင္ ေမာ္ေတာ္ယာဥ္ေပၚမွ ပလပ္စတစ္ ေဘာေစ့ ထည့္ပစ္ခတ္ရေသာ ပလပ္စတစ္ ကိုယ္ထည္ ပစၥတိုပုံစံ(၁) လက္၊ ACE ဝန္ထမ္း စိုးျမင့္ေက်ာ္ႏွင့္ ခ်မ္းၿငိမ္းေအာင္တို႔ထံမွ စကားေျပာစက္ (၁)လုံး၊ မူးယစ္ ေဆးဝါးသုံးစြဲရာ၌ အသုံးျပဳေသာ ဆက္စပ္ ပစၥည္းမ်ား၊ သံေဘာေစ့ျဖင့္ ပစ္ခတ္ရသည့္ ပစၥတို ေသနတ္ (၂)လက္၊ ၅.၅၆ က်ည္ (၁၀) ေတာင့္တို႔အား ေအာက္တိုဘာလ (၁၇)ရက္ေန႔တြင္ သိမ္းဆည္းရမိၿပီး အဆိုပါေန႔မွာပင္ ေနျပည္ေတာ္ Hotel ACE အခန္းမ်ားႏွင့္ ၿခံဝင္းအတြင္း ဝွက္ထားသည့္ Drone (၇)ခု၊ ပစၥတို (၃)လက္ (အပ်က္ ၁ လက္ အပါအဝင္)၊ M-21 (၁)လက္ (အပ်က္)၊ M-16 (၄)လက္၊ က်ည္မ်ိဳးစုံ (၂၁၇) ေတာင့္တို႔အား ထပ္မံ သိမ္းဆည္း ရရွိခဲ့ေၾကာင္း သိရသည္။
ေနျပည္ေတာ္ရွိ Hotel ACE လုံၿခဳံေရး ႐ုံးခန္းအတြင္းမွ စကားေျပာစက္ (၂၁)လုံး၊ ဒူးေလး (၃)လက္ႏွင့္ ဆက္စပ္ ပစၥည္းမ်ားအား ေအာက္တိုဘာလ (၁၈)ရက္ေန႔တြင္  ထပ္မံသိမ္းဆည္းရမိကာ ေအာက္တိုဘာလ (၁၉)ရက္ေန႔တြင္ အဆိိုပါဟိုတယ္ဝင္း အတြင္းမွ National Security Council စတစ္ကာ တံဆိပ္မ်ား တပ္ထားၿပီး ယာဥ္ေခါင္မိုးေပၚတြင္ မီးတန္းမ်ား တပ္ဆင္ထားသည့္ အနက္ေရာင္ HUMMER ေမာ္ေတာ္ယာဥ္ (၃)စီး၊ စစ္စိမ္းေရာင္ အက်ႌလက္တို (၁)ထည္၊ ေျပာက္က်ားအက်ႌ (၁)ထည္တို႔အား သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

သိမ္းဆည္းရမိသည့္ NATIONAL SECURITY COUNCIL ေၾကးျပားတံဆိပ္မ်ားကို ေနျပည္ေတာ္၊ ဇမၺဴသီရိၿမိဳ႕နယ္၊ သစၥာလမ္းရွိ နန္းသေျပဆိုင္တြင္ ျပဳလုပ္ေၾကာင္း သိရသျဖင့္ ေအာက္တိုဘာလ (၁၉)ရက္ေန႔တြင္ အဆိုပါ ဆိုင္အား ရွာေဖြၿပီး ဆိုင္ရွင္ကိုလည္း အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။
ေနျပည္ေတာ္၊ ဒကၡိဏသီရိၿမိဳ႕နယ္၊ ႐ႈမဝလမ္းႏွင့္ ေ႐ႊသေျပလမ္းေဒါင့္ရွိ ၿဖိဳးကိုကိုတင့္ဆန္း၏ ေနအိမ္အား ေအာက္တိုဘာလ (၂၀)ရက္ေန႔တြင္ ရွာေဖြရာ ပစၥတိုေသနတ္ (၁)လက္၊ ၉မမက်ည္ (၈)ေတာင့္တို႔အား သိမ္းဆည္းရမိၿပီး ေအာက္တိုဘာလ (၂၃)ရက္ေန႔တြင္ အဆိုပါသိမ္းဆည္း ရရွိထားေသာ M-16 ေသနတ္ဒင္၊ ဘက္ထရီ ထည့္သည့္ အေပါက္အတြင္းမွ ICE အျဖဴေရာင္အခဲ (၃.၀၅) ဂရမ္ႏွင့္  ေနျပည္ေတာ္ Hotel ACE ႐ုံးခန္းအတြင္းမွ Drone (၁)ခုတို႔အား ထပ္မံ သိမ္းဆည္း ရမိခဲ့ေၾကာင္း သိရသည္။

ၿဖိဳးကိုကိုတင့္ဆန္းသည္ ျမန္မာႏိုင္ငံ ျမားပစ္အဖြဲ႕ခ်ဳပ္ ဥကၠ႒ႏွင့္ ျမန္မာႏိုင္ငံ ေသနတ္ပစ္ အဖြဲ႕ခ်ဳပ္ ဒုတိယဥကၠ႒ အျဖစ္ တာဝန္ယူ ေဆာင္႐ြက္လ်က္ရွိၿပီး ၂၀၀၅ ခုႏွစ္က တ႐ုတ္ႏိုင္ငံ၊ ရွန္ဟိုင္းၿမိဳ႕တြင္ က်င္းပေသာ အာရွအားကစား ၿပိဳင္ပြဲသို႔ ျမန္မာႏိုင္ငံ ျမားပစ္အဖြဲ႕ခ်ဳပ္ ဥကၠ႒အျဖစ္ သြားေရာက္စဥ္က ထုတ္ေပးထားသည့္ အထူးႏိုင္ငံကူးလက္မွတ္အား ျပန္လည္ ေရာက္ရွိခ်ိန္က သက္ဆိုင္ရာ ဝန္ႀကီးဌာနသို႔ အပ္ႏွံရမည္ ျဖစ္ေသာ္လည္း အပ္ႏွံျခင္းမရိွဘဲ  လက္ဝယ္တြင္ ကိုင္ေဆာင္ထားမႈႏွင့္ ေမာ္ေတာ္ယာဥ္မ်ားတြင္ လုံၿခဳံေရး ေဆာင္႐ြက္သည့္ ယာဥ္မ်ားကဲ့သို႔ မီးတန္းမ်ား တပ္ဆင္ျခင္း၊ National Security Council (SPECIAL FORCE) SPIRIT DISPILINE POWER စေတကာကပ္တပ္ဆင္၍ အသုံးျပဳမႈတို႔ကိုလည္း အမႈဖြင့္ အေရးယူ စစ္ေဆးလ်က္ ရွိေၾကာင္း သိရသည္။

 ၿဖိဳးကိုကိုတင့္ဆန္း ပါ (၁၅) ဦးတို႔ႏွင့္အတူ  WY စိတ္ႂကြ ႐ူးသြပ္ေဆးျပား(၂၂)ျပား၊ ICE ၄.၅၅ ဂရမ္ခန္႔ႏွင့္ စိတ္ႂကြေဆးျပား သုံးစြဲရာ၌ အသုံးျပဳသည့္ ဆက္စပ္ပစၥည္းမ်ား၊ ပစၥတိုေသနတ္ (၁၄)လက္ (အပ်က္ ၁ လက္ အပါအဝင္)ႏွင့္ ၎က်ည္ (၁၀၈၂)ေတာင့္၊ ေမာင္းျပန္႐ိုင္ဖယ္ (၆)လက္ (အပ်က္ ၁ လက္၊ ေမာင္းတုံးမပါ ၁ လက္)၊ ၎က်ည္ (၁၂၅)ေတာင့္ႏွင့္ ဆက္စပ္ ပစၥည္းမ်ား၊ သံေဘာေစ့/ ပလပ္စတစ္ ေဘာေစ့ျဖင့္ ပစ္ခတ္ရသည့္ ေသနတ္ (၄)လက္ (ပလပ္စတစ္/ သံကိုယ္ထည္ ပစၥတိုပုံစံ ၃ လက္၊ M-16 ပုံစံ ၁ လက္)၊ စကားေျပာစက္ (၃၅)လုံး (အထိုင္စက္ ၃ လုံးပါ)ႏွင့္ ဆက္စပ္ ပစၥည္းမ်ား၊ Drone (၁၄)ခု၊ တရားမဝင္ တံဆိပ္မ်ား၊ က်ည္ကာ အက်ႌပုံစံ ခ်ဳပ္ထားေသာ အနက္ေရာင္ တူညီဝတ္စုံ Waist Coat (၁၅)ထည္၊ ဒူးေလး (၃)လက္ (ႀကိဳးပါ ၁၊ ႀကိဳးမပါ ၂)၊ က်ည္ကာအက်ႌ (၁)ထည္တို႔အား သိမ္းဆည္း ရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဖမ္းဆီးရမိမႈမ်ားႏွင့္ပတ္သက္၍ ေနျပည္ေတာ္ႏွင့္ ရန္ကုန္ တိုင္းေဒသႀကီးတို႔ရိွ သက္ဆုိင္ရာ ရဲစခန္းမ်ားတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကို ေျပာင္းလဲ ေစတတ္ေသာ ေဆးဝါးမ်ား ဆိုင္ရာ ဥပေဒပုဒ္မ ၁၅/ ၁၆(ဂ)/ ၂၂(ခ)/ ၂၁ အရ အေရးယူမႈ (၂)မႈ၊ ၁၅/ ၁၆(ဂ)အရ အေရးယူမႈ (၁)မႈ၊ ၁၆(ဂ)/၂၂(ခ)အရ အေရးယူမႈ (၁)မႈ ေပါင္း(၄)မႈ၊ ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၇ အရ အေရးယူမႈ (၄)မႈ၊ ပို႔ကုန္/ သြင္းကုန္ဥပေဒ ပုဒ္မ ၈ အရ အေရးယူမႈ (၃)မႈ၊ ျမန္မာႏိုင္ငံေတာ္ အစိုးရ လၽွိဳ႕ဝွက္ခ်က္ အက္ဥပေဒပုဒ္မ ၆(၁) (က) (င) အရ အေရးယူမႈ(၃)မႈ၊ လက္နက္ (ယာယီ ျပင္ဆင္ခ်က္) အက္ဥပေဒပုဒ္မ ၁၉-က အရ အေရးယူမႈ(၁)မႈ၊ လက္နက္ဥပေဒ ပုဒ္မ ၁၉(စ)အရ အေရးယူမႈ (၁)မႈ ေပါင္း (၂)မႈ၊ ရာဇသတ္ႀကီး ပုဒ္မ ၄၈၄ အရ အေရးယူမႈ (၁)မႈ၊ စုစုေပါင္း (၁၇)မႈျဖင့္ အမႈဖြင့္ အေရးယူ စစ္ေဆး ေဆာင္႐ြက္လ်က္ ရွိေၾကာင္း သိရသည္။

ဓါတ္ပံု #ျပည္ထဲေရး

~~~~~~~~⊰❂ unicode ~~~~~~~~
Hotel ACE ကုမ္ပဏီဥက္ကဋ္ဌ ဖြိုးကိုကိုတင့်ဆန်းပါ (၁၅)ဦးအား အမှုပေါင်း ၁၇ မှုဖွင့်၍ အထူးအမှုစစ်အဖွဲ့ဖြင့် ဆက်လက်စစ်ဆေးနေ
*************
Hotel ACE ကုမ္ပဏီဥက္ကဋ္ဌ ဖြိုးကိုကိုတင့်ဆန်းပါ (၁၅)ဦးအား ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါး၊ ဆက်သွယ်ရေးစက်၊ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများနှင့် ပတ်သက်၍ အမှုပေါင်း (၁၇)မှုဖွင့်ထားပြီး အထူးအမှုစစ်အဖွဲ့ဖြင့် ဆက်လက်စစ်ဆေးဖေါ်ထုတ်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အသိပေးထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ဖြိုးကိုကိုတင့်ဆန်းပါ (၁၅)ဦးအား ၎င်းတို့ထံတွင် ဝှက်သိမ်းထားသော လက်နက် ခဲယမ်းများ ရှိ/ မရှိ စိစစ်ဖော်ထုတ်မှု၊ လက်နက် ခဲယမ်းများ ဝယ်ယူ၊ သယ်ဆောင်ရာ လမ်းကြောင်းနှင့် ကွင်းဆက် တရားခံ ဖော်ထုတ်မှု၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ကွင်းဆက် တရားခံ ဖော်ထုတ်မှု၊ တရားဝင် လုံခြုံရေး အဖွဲ့အစည်းနှင့် ဆင်တူသည့် တူညီဝတ်စုံများ၊ တံဆိပ် အမှတ်အသားများ၊ မော်တော်ယာဉ်များ၊ ခွင့်ပြုချက် မရှိဘဲ အသုံးပြုသော Drone များ၊ ဆက်သွယ်ရေးစက်များ၊ လုံခြုံရေး တပ်ဖွဲ့သုံး ဆက်စပ် ပစ္စည်းများအား အသုံးပြုနေမှုတို့နှင့် ပတ်သက်၍  အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်း၍ ဆက်လက် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မြန်မာ့အမျိုးသား လေကြောင်းလိုင်း၊ နေပြည်တော်- ရန်ကုန် ခရီးစဉ်အမှတ် UB-142 ဖြင့် လိုက်ပါမည့် ခရီးသည် ဖြိုးကိုကိုတင့်ဆန်း၊ ရဲမင်းဆွေ၊ ဇော်ဝင်းထိုက်တို့အား အောက်ိုဘာလ (၁၅)ရက်နေ့ ည (၇)နာရီအချိန်တွင် ၎င်းတို့နှင့်အတူ ပါရှိသော ခရီးဆောင်အိတ်အတွင်းမှ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား (၁၂)ပြားနှင့် ICE ဟုယူဆရသော (အဖြူရောင်အခဲ) (၁.၅)ဂရမ်၊ ပစ္စတို (၂)လက်နှင့် ကျည်မျိုးစုံ (၇၂)တောင့်၊ National Security Council (US-609) စာတန်းပါ လည်ဆွဲကဒ် (၁)ခု၊ Drone (၁)ခု၊ PHYO KO KO TINT SAN (US-609) အမည်ပါ အထူးနိုင်ငံကူးလက်မှတ် (၁)အုပ်၊ အနက်ရောင် မှန်ဘီလူး (၁)လက်၊ ကင်မရာမျိုးစုံ (၆)လုံး၊ စကားပြောစက် (၃)လုံးနှင့် အခြားဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး ၎င်းတို့ လေဆိပ်သို့ စီးနင်းလာသည့် YGN 2C-5759 နံပါတ်ပါ အနက်ရောင် HUMMER မော်တော်ယာဉ် (၁)စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့၍ လယ်ဝေးမြို့နယ်၊ အေလာနယ်မြေရဲစခန်း မယ(ပ) ၃/၂၀၁၇၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ ဥပဒေပုဒ်မ ၁၅/၁၆(ဂ)/ ၂၂(ခ)/ ၂၁ ဖြင့် စတင် အမှုဖွင့် အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် စစ်ဆေး ဖော်ထုတ်ချက်များအရ အောက်တိုဘာလ (၁၆) ရက်နေ့တွင် နေပြည်တော်၊ ဒက္ခိဏသီရိ မြို့နယ်ရှိ ဖြိုးကိုကိုတင့်ဆန်းပိုင် Hotel ACE တွင် ရှာဖွေရာ ပစ္စတိုမျိုးစုံ (၈)လက်၊ ကျည်မျိုးစုံ (၈၉၅)တောင့်၊ ကျည်ကာအကျႌ (၁)ထည်၊ စနိုက်ပါမှန်ပြောင်း (၁)လက်နှင့် ဆက်စပ်ပစ္စည်းများ ထပ်မံ သိမ်းဆည်း ရမိခဲ့ပြီး Hotel ACE မှ ဝန်ထမ်းများ ဖြစ်သော သီဟ၊ အောင်နိုင်၊ ရန်အောင်စိုး၊ ဂျိုးဇက်(ခ) စယောသ၊ ဇင်ကိုလတ်(ခ) ဇင်ကို၊ အောင်ရဲဖြိုး၊ မျိုးမြင့်ဇော်(ခ) ကိုမျိုးနှင့် ခင်မျိုးဝင်းတို့ (၈)ဦးအား အမှုဖြင့် ဖမ်းဆီး စစ်ဆေးခဲ့ကြောင်း သိရသည်။

ရန်ကုန် တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ဖြိုးကိုကိုတင့်ဆန်းပိုင် ACE Group of Companies အဆောက်အဦကို အောက်တိုဘာလ (၁၆)ရက်နေ့တွင် ရှာဖွေ စစ်ဆေးရာ ACE ဟိုတယ် မန်နေဂျာ ဖြိုးဗိုလ်ဗိုလ်နှင့် အတူ M-16 သေနတ် (မောင်းတုံးမပါ) (၁)လက်၊ M-16 ပုံစံ သံဘောစေ့ ထည့်ပစ်ရသည့် ပြောင်းရှည် သေနတ် (၁)လက်၊ ကျည်ကာ အကျႌပုံစံ ချုပ်ထားသော အနက်ရောင်တူညီ ဝတ်စုံ Waist Coat (၁၅)ထည်၊ Drone (၅)ခု၊ ၉မမ ပစ္စတိုကျည် (၂)တောင့်၊ သံဘောစေ့ (၁၀၀)လုံး၊ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား (၈)ပြား၊ လက်နက်ငယ် သေနတ်တွင် တပ်ဆင် အသုံးပြုသည့် ပြောင်းရှည် (၁)ခု၊ မောင်းတုံး (၁)ခု၊ စကားပြောစက် (၉)လုံး၊ အဝေးကြည့် မှန်ပြောင်း (၁)လက်၊ စနိုက်ပါမှန် ပြောင်း(၁)လက်၊ ကွန်ပျူတာ လက်တော့ (၂)လုံးနှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိပြီး ဖြိုးကိုကိုတင့်ဆန်း ငှားရမ်း နေထိုင်သည့် ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၁)ရပ်ကွက်၊ ငွေဝတ်မှုန် ရိပ်သာလမ်းရှိ နေအိမ်တွင် ရှာဖွေရာ စကားပြောစက် (၁)လုံး၊ ၅.၅၆ ကျည်(၃) တောင့်၊ WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား (၂)ပြားတို့အား သိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ ACE Group of Companies အဆောက်အဦရှေ့ ယာဉ်ရပ်နားကွင်းတွင် ရပ်ထားသော YGN 2N-5445 နံပါတ်ပါ HUMMER အနက်ရောင် မော်တော်ယာဉ်ပေါ်မှ ပလပ်စတစ် ဘောစေ့ ထည့်ပစ်ခတ်ရသော ပလပ်စတစ် ကိုယ်ထည် ပစ္စတိုပုံစံ(၁) လက်၊ ACE ဝန်ထမ်း စိုးမြင့်ကျော်နှင့် ချမ်းငြိမ်းအောင်တို့ထံမှ စကားပြောစက် (၁)လုံး၊ မူးယစ် ဆေးဝါးသုံးစွဲရာ၌ အသုံးပြုသော ဆက်စပ် ပစ္စည်းများ၊ သံဘောစေ့ဖြင့် ပစ်ခတ်ရသည့် ပစ္စတို သေနတ် (၂)လက်၊ ၅.၅၆ ကျည် (၁၀) တောင့်တို့အား အောက်တိုဘာလ (၁၇)ရက်နေ့တွင် သိမ်းဆည်းရမိပြီး အဆိုပါနေ့မှာပင် နေပြည်တော် Hotel ACE အခန်းများနှင့် ခြံဝင်းအတွင်း ဝှက်ထားသည့် Drone (၇)ခု၊ ပစ္စတို (၃)လက် (အပျက် ၁ လက် အပါအဝင်)၊ M-21 (၁)လက် (အပျက်)၊ M-16 (၄)လက်၊ ကျည်မျိုးစုံ (၂၁၇) တောင့်တို့အား ထပ်မံ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။
နေပြည်တော်ရှိ Hotel ACE လုံခြုံရေး ရုံးခန်းအတွင်းမှ စကားပြောစက် (၂၁)လုံး၊ ဒူးလေး (၃)လက်နှင့် ဆက်စပ် ပစ္စည်းများအား အောက်တိုဘာလ (၁၈)ရက်နေ့တွင်  ထပ်မံသိမ်းဆည်းရမိကာ အောက်တိုဘာလ (၁၉)ရက်နေ့တွင် အဆိိုပါဟိုတယ်ဝင်း အတွင်းမှ National Security Council စတစ်ကာ တံဆိပ်များ တပ်ထားပြီး ယာဉ်ခေါင်မိုးပေါ်တွင် မီးတန်းများ တပ်ဆင်ထားသည့် အနက်ရောင် HUMMER မော်တော်ယာဉ် (၃)စီး၊ စစ်စိမ်းရောင် အကျႌလက်တို (၁)ထည်၊ ပြောက်ကျားအကျႌ (၁)ထည်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

သိမ်းဆည်းရမိသည့် NATIONAL SECURITY COUNCIL ကြေးပြားတံဆိပ်များကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သစ္စာလမ်းရှိ နန်းသပြေဆိုင်တွင် ပြုလုပ်ကြောင်း သိရသဖြင့် အောက်တိုဘာလ (၁၉)ရက်နေ့တွင် အဆိုပါ ဆိုင်အား ရှာဖွေပြီး ဆိုင်ရှင်ကိုလည်း အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရှုမဝလမ်းနှင့် ရွှေသပြေလမ်းဒေါင့်ရှိ ဖြိုးကိုကိုတင့်ဆန်း၏ နေအိမ်အား အောက်တိုဘာလ (၂၀)ရက်နေ့တွင် ရှာဖွေရာ ပစ္စတိုသေနတ် (၁)လက်၊ ၉မမကျည် (၈)တောင့်တို့အား သိမ်းဆည်းရမိပြီး အောက်တိုဘာလ (၂၃)ရက်နေ့တွင် အဆိုပါသိမ်းဆည်း ရရှိထားသော M-16 သေနတ်ဒင်၊ ဘက်ထရီ ထည့်သည့် အပေါက်အတွင်းမှ ICE အဖြူရောင်အခဲ (၃.၀၅) ဂရမ်နှင့်  နေပြည်တော် Hotel ACE ရုံးခန်းအတွင်းမှ Drone (၁)ခုတို့အား ထပ်မံ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ဖြိုးကိုကိုတင့်ဆန်းသည် မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ သေနတ်ပစ် အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး ၂၀၀၅ ခုနှစ်က တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် ကျင်းပသော အာရှအားကစား ပြိုင်ပွဲသို့ မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် သွားရောက်စဉ်က ထုတ်ပေးထားသည့် အထူးနိုင်ငံကူးလက်မှတ်အား ပြန်လည် ရောက်ရှိချိန်က သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ အပ်နှံရမည် ဖြစ်သော်လည်း အပ်နှံခြင်းမရှိဘဲ  လက်ဝယ်တွင် ကိုင်ဆောင်ထားမှုနှင့် မော်တော်ယာဉ်များတွင် လုံခြုံရေး ဆောင်ရွက်သည့် ယာဉ်များကဲ့သို့ မီးတန်းများ တပ်ဆင်ခြင်း၊ National Security Council (SPECIAL FORCE) SPIRIT DISPILINE POWER စတေကာကပ်တပ်ဆင်၍ အသုံးပြုမှုတို့ကိုလည်း အမှုဖွင့် အရေးယူ စစ်ဆေးလျက် ရှိကြောင်း သိရသည်။

 ဖြိုးကိုကိုတင့်ဆန်း ပါ (၁၅) ဦးတို့နှင့်အတူ  WY စိတ်ကြွ ရူးသွပ်ဆေးပြား(၂၂)ပြား၊ ICE ၄.၅၅ ဂရမ်ခန့်နှင့် စိတ်ကြွဆေးပြား သုံးစွဲရာ၌ အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ ပစ္စတိုသေနတ် (၁၄)လက် (အပျက် ၁ လက် အပါအဝင်)နှင့် ၎င်းကျည် (၁၀၈၂)တောင့်၊ မောင်းပြန်ရိုင်ဖယ် (၆)လက် (အပျက် ၁ လက်၊ မောင်းတုံးမပါ ၁ လက်)၊ ၎င်းကျည် (၁၂၅)တောင့်နှင့် ဆက်စပ် ပစ္စည်းများ၊ သံဘောစေ့/ ပလပ်စတစ် ဘောစေ့ဖြင့် ပစ်ခတ်ရသည့် သေနတ် (၄)လက် (ပလပ်စတစ်/ သံကိုယ်ထည် ပစ္စတိုပုံစံ ၃ လက်၊ M-16 ပုံစံ ၁ လက်)၊ စကားပြောစက် (၃၅)လုံး (အထိုင်စက် ၃ လုံးပါ)နှင့် ဆက်စပ် ပစ္စည်းများ၊ Drone (၁၄)ခု၊ တရားမဝင် တံဆိပ်များ၊ ကျည်ကာ အကျႌပုံစံ ချုပ်ထားသော အနက်ရောင် တူညီဝတ်စုံ Waist Coat (၁၅)ထည်၊ ဒူးလေး (၃)လက် (ကြိုးပါ ၁၊ ကြိုးမပါ ၂)၊ ကျည်ကာအကျႌ (၁)ထည်တို့အား သိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုများနှင့်ပတ်သက်၍ နေပြည်တော်နှင့် ရန်ကုန် တိုင်းဒေသကြီးတို့ရှိ သက်ဆိုင်ရာ ရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေတတ်သော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၅/ ၁၆(ဂ)/ ၂၂(ခ)/ ၂၁ အရ အရေးယူမှု (၂)မှု၊ ၁၅/ ၁၆(ဂ)အရ အရေးယူမှု (၁)မှု၊ ၁၆(ဂ)/၂၂(ခ)အရ အရေးယူမှု (၁)မှု ပေါင်း(၄)မှု၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ အရ အရေးယူမှု (၄)မှု၊ ပို့ကုန်/ သွင်းကုန်ဥပဒေ ပုဒ်မ ၈ အရ အရေးယူမှု (၃)မှု၊ မြန်မာနိုင်ငံတော် အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၆(၁) (က) (င) အရ အရေးယူမှု(၃)မှု၊ လက်နက် (ယာယီ ပြင်ဆင်ချက်) အက်ဥပဒေပုဒ်မ ၁၉-က အရ အရေးယူမှု(၁)မှု၊ လက်နက်ဥပဒေ ပုဒ်မ ၁၉(စ)အရ အရေးယူမှု (၁)မှု ပေါင်း (၂)မှု၊ ရာဇသတ်ကြီး ပုဒ်မ ၄၈၄ အရ အရေးယူမှု (၁)မှု၊ စုစုပေါင်း (၁၇)မှုဖြင့် အမှုဖွင့် အရေးယူ စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဓါတ်ပုံ #ပြည်ထဲရေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~