နယ္စပ္ေဒသရိွ ျမန္မာ့စီးပြားေရးဘဏ္မ်ားတြင္ အိမ္နီးခ်င္းနိုင္ငံသံုးေငြ ဘဏ္စာရင္းဖြင့္လွစ္သူ ၈၃ ဦးရိွ

နယ္စပ္ေဒသရိွ ျမန္မာ့စီးပြားေရးဘဏ္မ်ားတြင္ အိမ္နီးခ်င္းနိုင္ငံသံုးေငြ ဘဏ္စာရင္းဖြင့္လွစ္သူ ၈၃ ဦးရိွ
နိုဝင်ဘာ 17, 2017
By 🌸
နယ္စပ္ေဒသမ်ားရိွ ျမန္မာ့စီးပြားေရးဘဏ္ခြဲမ်ားတြင္ အိမ္နီးခ်င္းႏုိင္ငံသံုးေငြ ဘဏ္စာရင္းမ်ား ဖြင့္လွစ္ ေဆာင္ရြက္ခြင့္ေပးထားရာ ၂၀၁၇ ခုႏွစ္ ႏိုဝင္ဘာလ (၁၆)ရက္ေန႔အထိ အိမ္နီးခ်င္းႏုိင္ငံသံုးေငြ ဘဏ္စာရင္းဖြင့္လွစ္သူ စုစုေပါင္း (၈၃)ဦးရိွေၾကာင္း စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနထံမွ သိရသည္။

ျမန္မာႏုိင္ငံနယ္စပ္ေဒသမ်ားတြင္ ကုန္သြယ္မႈလုပ္ေဆာင္ရာ၌ ျမန္မာက်ပ္ေငြ၊ အေမရိကန္ေဒၚလာႏွင့္ တစ္ဖက္ႏုိင္ငံသံုးေငြေၾကးမ်ားျဖင့္ ေဆာင္ရြက္ခြင့္ျပဳထားၿပီး နယ္စပ္ေဒသမ်ားရိွ ျမန္မာ့စီးပြားေရးဘဏ္ခြဲမ်ားတြင္ အေမရိကန္ေဒၚလာႏွင့္ အိမ္နီးခ်င္းႏုိင္ငံသံုး ေငြေၾကး ဘဏ္စာရင္းမ်ား ဖြင့္လွစ္ခြင့္ေပးခဲ့ရာ ၂၀၁၇ ခုႏွစ္ ႏိုဝင္ဘာလ (၁၆)ရက္ေန႔အထိ တရုတ္ႏုိင္ငံသံုးယြမ္ေငြ ဘဏ္စာရင္းဖြင့္လွစ္သူ (၆၃)ဦး၊ ထိုင္းဘတ္ေငြ ဘဏ္စာရင္းဖြင့္လွစ္သူ (၁၈)ဦးႏွင့္ ရူပီးေငြဘဏ္စာရင္းဖြင့္လွစ္သူ (၂) ဦးရိွေၾကာင္း စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနထံမွ သိရသည္။

 “ နယ္စပ္ေဒသမ်ားရိွ ျမန္မာ့စီးပြားေရးဘဏ္ခြဲမ်ားမွာ အိမ္နီးခ်င္းႏုိင္ငံသံုးေငြေၾကး ဘဏ္စာရင္း ဖြင့္လွစ္ေဆာင္ရြက္ ေပးလွ်က္ရိွပါတယ္။ ျမန္မာ - ထုိင္း နယ္စပ္ေဒသမ်ားတြင္လည္း ပို႔ကုန္သြင္းကုန္လုပ္ငန္းမ်ား တိုးတက္လာေစေရးအတြက္ စီးပြားေရးနွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ၂၀၀၀ ခုႏွစ္ ဒီဇင္ဘာလ (၂၈)ရက္ေန႔ ရက္စြဲပါ အမိန္႔စာျဖင့္ ျမန္မာ - ထုိင္း နယ္စပ္ေဒသမ်ားရိွ ျမန္မာ့စီးပြားေရးဘဏ္ခြဲမ်ားတြင္ အေမရိကန္ေဒၚလာႏွင့္ ထုိင္းဘတ္ေငြ ဘဏ္စာရင္းမ်ား ဖြင့္လွစ္ေဆာင္ရြက္ခြင့္ျပဳခဲ့ၿပီးျဖစ္ပါတယ္”ဟု စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းက လႊတ္ေတာ္တြင္ ေမးျမန္းမႈကို ျပန္လည္ေျဖၾကားထားသည္။

ျမန္မာ - တရုတ္နယ္စပ္ရိွ မူဆယ္၊ ဗန္းေမာ္၊ ကြမ္းလံု၊ ျမစ္ႀကီးနားတုိ႔ရိွ ဘဏ္ခြဲမ်ားတြင္ အေမရိကန္ေဒၚလာႏွင့္ ယြမ္ေငြဘဏ္စာရင္းမ်ား ဖြင့္လွစ္ခြင့္၊ ျမန္မာ - ထုိင္းနယ္စပ္ရိွ တာခ်ီလိတ္၊ ျမဝတီ၊ ထားဝယ္၊ ၿမိိတ္ႏွင့္ ေကာ့ေသာင္း ဘဏ္ခြဲမ်ားတြင္ အေမရိကန္ေဒၚလာႏွင့္ ဘတ္ေငြဘဏ္စာရင္းဖြင့္လွစ္ခြင့္၊ ျမန္မာ - အိႏၵိယနယ္စပ္ရိွ တမူးႏွင့္ တီးတိန္ဘဏ္ခြဲမ်ားတြင္ အေမရိကန္ေဒၚလာႏွင့္ ရူပီးေငြဘဏ္စာရင္းဖြင့္လွစ္ခြင့္မ်ားကို ေဆာင္ရြက္ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕မွ ျမန္မာကုန္သည္မ်ား၏ တရုတ္ႏုိင္ငံတြင္ ဖြင့္လွစ္ထားသည့္ ဘဏ္စာရင္းမ်ား ယာယီပိတ္သိမ္းခံခဲ့ရသျဖင့္ နယ္စပ္ေဒသမ်ားရိွ တရားဝင္ကုန္သြယ္ေရးဇုန္မ်ားအျဖစ္ သတ္မွတ္ထားသည့္ နယ္ေျမေဒသမ်ားတြင္ ႏုိင္ငံျခားသံုးေငြဘဏ္စာရင္းဖြင့္လွစ္လုပ္ေဆာင္ခြင့္ျပဳမႈအေျခအေနကို ရွမ္းျပည္နယ္ မဲဆႏၵနယ္အမွတ္(၁၂)မွ ဦးစိုင္းစံေအာင္က ႏိုဝင္ဘာလ (၁၇)ရက္ေန႔တြင္ က်င္းပသည့္ ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ ဆ႒မ ပုံမွန္အစည္းအေဝး (၁၃) ရက္ေျမာက္ေန႔၌ ေမးျမန္းခဲ့ျခင္းျဖစ္သည္။

သတင္း #ခ်ယ္ရီထုိက္

~~~~~~~~⊰❂ unicode ~~~~~~~~
နယ်စပ်ဒေသရှိ မြန်မာ့စီးပွားရေးဘဏ်များတွင် အိမ်နီးချင်းနိုင်ငံသုံးငွေ ဘဏ်စာရင်းဖွင့်လှစ်သူ ၈၃ ဦးရှိ
**********
နယ်စပ်ဒေသများရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် အိမ်နီးချင်းနိုင်ငံသုံးငွေ ဘဏ်စာရင်းများ ဖွင့်လှစ် ဆောင်ရွက်ခွင့်ပေးထားရာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၁၆)ရက်နေ့အထိ အိမ်နီးချင်းနိုင်ငံသုံးငွေ ဘဏ်စာရင်းဖွင့်လှစ်သူ စုစုပေါင်း (၈၃)ဦးရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် ကုန်သွယ်မှုလုပ်ဆောင်ရာ၌ မြန်မာကျပ်ငွေ၊ အမေရိကန်ဒေါ်လာနှင့် တစ်ဖက်နိုင်ငံသုံးငွေကြေးများဖြင့် ဆောင်ရွက်ခွင့်ပြုထားပြီး နယ်စပ်ဒေသများရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် အမေရိကန်ဒေါ်လာနှင့် အိမ်နီးချင်းနိုင်ငံသုံး ငွေကြေး ဘဏ်စာရင်းများ ဖွင့်လှစ်ခွင့်ပေးခဲ့ရာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၁၆)ရက်နေ့အထိ တရုတ်နိုင်ငံသုံးယွမ်ငွေ ဘဏ်စာရင်းဖွင့်လှစ်သူ (၆၃)ဦး၊ ထိုင်းဘတ်ငွေ ဘဏ်စာရင်းဖွင့်လှစ်သူ (၁၈)ဦးနှင့် ရူပီးငွေဘဏ်စာရင်းဖွင့်လှစ်သူ (၂) ဦးရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထံမှ သိရသည်။

 “ နယ်စပ်ဒေသများရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲများမှာ အိမ်နီးချင်းနိုင်ငံသုံးငွေကြေး ဘဏ်စာရင်း ဖွင့်လှစ်ဆောင်ရွက် ပေးလျှက်ရှိပါတယ်။ မြန်မာ - ထိုင်း နယ်စပ်ဒေသများတွင်လည်း ပို့ကုန်သွင်းကုန်လုပ်ငန်းများ တိုးတက်လာစေရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၀၀ ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့ ရက်စွဲပါ အမိန့်စာဖြင့် မြန်မာ - ထိုင်း နယ်စပ်ဒေသများရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် အမေရိကန်ဒေါ်လာနှင့် ထိုင်းဘတ်ငွေ ဘဏ်စာရင်းများ ဖွင့်လှစ်ဆောင်ရွက်ခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်”ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်တွင် ပြန်လည်ဖြေကြားထားသည်။

မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်၊ ဗန်းမော်၊ ကွမ်းလုံ၊ မြစ်ကြီးနားတို့ရှိ ဘဏ်ခွဲများတွင် အမေရိကန်ဒေါ်လာနှင့် ယွမ်ငွေဘဏ်စာရင်းများ ဖွင့်လှစ်ခွင့်၊ မြန်မာ - ထိုင်းနယ်စပ်ရှိ တာချီလိတ်၊ မြဝတီ၊ ထားဝယ်၊ မြိိတ်နှင့် ကော့သောင်း ဘဏ်ခွဲများတွင် အမေရိကန်ဒေါ်လာနှင့် ဘတ်ငွေဘဏ်စာရင်းဖွင့်လှစ်ခွင့်၊ မြန်မာ - အိန္ဒိယနယ်စပ်ရှိ တမူးနှင့် တီးတိန်ဘဏ်ခွဲများတွင် အမေရိကန်ဒေါ်လာနှင့် ရူပီးငွေဘဏ်စာရင်းဖွင့်လှစ်ခွင့်များကို ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့မှ မြန်မာကုန်သည်များ၏ တရုတ်နိုင်ငံတွင် ဖွင့်လှစ်ထားသည့် ဘဏ်စာရင်းများ ယာယီပိတ်သိမ်းခံခဲ့ရသဖြင့် နယ်စပ်ဒေသများရှိ တရားဝင်ကုန်သွယ်ရေးဇုန်များအဖြစ် သတ်မှတ်ထားသည့် နယ်မြေဒေသများတွင် နိုင်ငံခြားသုံးငွေဘဏ်စာရင်းဖွင့်လှစ်လုပ်ဆောင်ခွင့်ပြုမှုအခြေအနေကို ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုင်းစံအောင်က နိုဝင်ဘာလ (၁၇)ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့၌ မေးမြန်းခဲ့ခြင်းဖြစ်သည်။

သတင်း #ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~