တာခ်ီလိတ္တြင္ ထုိင္းႏုိင္ငံသား၏ ကားအလွဆင္ဆုိင္မွ မူးယစ္ေဆး ဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ ထုိင္းႏုိင္ငံသား၏ ကားအလွဆင္ဆုိင္မွ မူးယစ္ေဆး ဖမ္းဆီးရမိ
နိုဝင်ဘာ 12, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ ဖန္မင္ေက်းရြာအုပ္စု၊ စလီရြာရွိ Level ကားအလွဆင္ဆိုင္အား ႏိုဝင္ဘာလ (၁၂)ရက္ေန႔က ဝင္ေရာက္ရွာေဖြရာ စိတ္ၾကြရူးသြပ္ေဆးျပားမ်ား၊ မူးယစ္ေဆးသံုးစြဲသည့္ ဆက္စပ္ပစၥည္းမ်ားနွင့္ အတူ ထုိင္းနုိင္ငံသားတစ္ဦးအား ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ႏိုဝင္ဘာလ (၁၂)ရက္ေန႔ ညေန (၄)နာရီ၀န္းက်င္က အဆိုပါဆိုင္အား ဝင္ေရာက္ စစ္ေဆးရွာေဖြရာ ထိုင္းနိုင္ငံသား စိုင္းႏြန္း(ခ) ေထဝါဆပ္ရြတ္အား ေတြ႕ရၿပီး ၎၏ အိပ္ခန္းအတြင္းမွ WY စာတမ္းပါ စိတ္ႂကြေဆးျပား (၃၁၀)ျပားႏွင့္အတူ မူးယစ္ေဆး သံုးရာတြင္ အသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားကို သိမ္းဆည္းရမိေၾကာင္း သိရသည္။

အဆိုပါ ထုိင္းႏိုင္ငံသားအား လူဝင္မႈႀကီးၾကပ္ေရးဌာနက ဆက္လက္၍ စစ္ေဆးေနဆဲျဖစ္ေၾကာင္း သိရသည္။

စိတ္ႂကြေဆးျပားမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ထိုင္းနိုင္ငံသား စိုင္းႏြန္း(ခ)ေထဝါဆပ္ရြတ္အား တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ မယ(ပ) ၆၉/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က) အရ အမႈဖြင့္ အေရးယူေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ စလီရွာရှိ Level ကားအလှဆင်ဆိုင်အား နိုဝင်ဘာလ (၁၂)ရက်နေ့က ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြားများ၊ မူးယစ်ဆေးသုံးစွဲသည့် ဆက်စပ်ပစ္စည်းများနှင့် အတူ ထိုင်းနိုင်ငံသားတစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ (၁၂)ရက်နေ့ ညနေ (၄)နာရီဝန်းကျင်က အဆိုပါဆိုင်အား ဝင်ရောက် စစ်ဆေးရှာဖွေရာ ထိုင်းနိုင်ငံသား စိုင်းနွန်း(ခ) ထေဝါဆပ်ရွတ်အား တွေ့ရပြီး၎င်း၏ အိပ်ခန်းအတွင်းမှ WY စာတမ်းပါ စိတ်ကြွဆေးပြား (၃၁၀)ပြားနှင့်အတူ မူးယစ်ဆေး သုံးရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသားအား လူဝင်မှုကြီးကြပ်ရေးဌာနက ဆက်လက်၍ စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသား စိုင်းနွန်း(ခ)ထေဝါဆပ်ရွတ်အား တာချီလိတ်မြို့မ ရဲစခန်းတွင် မယ(ပ) ၆၉/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) အရ အမှုဖွင့် အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~