တာခ်ီလိတ္တြင္ က်င္းပသည့္ မဟာဘံုကထိန္ပေဒသာပင္မ်ား ဆုခ်ီးျမႇင့္ပြဲ၌ ပေဒသာပင္ (၉၇)ပင္ထဲမွ အလင္းေရာင္ပရဟိတအသင္း၏ ပေဒသာပင္က ပထမဆုရရွိ

တာခ်ီလိတ္တြင္ က်င္းပသည့္ မဟာဘံုကထိန္ပေဒသာပင္မ်ား ဆုခ်ီးျမႇင့္ပြဲ၌ ပေဒသာပင္ (၉၇)ပင္ထဲမွ အလင္းေရာင္ပရဟိတအသင္း၏ ပေဒသာပင္က ပထမဆုရရွိ
နိုဝင်ဘာ 3, 2017
By Tachileik News Agency
တာခ်ီလိတ္ၿမိဳ႕တြင္ ပထမဆံုး အႀကိမ္ က်င္းပျပဳလုပ္သည့္ မဟာဘံုကထိန္ပေဒသာပင္ ဆုခ်ီးျမႇင့္ပြဲအား တာခ်ီလိတ္ၿမိဳ႕ရွိ ရွမ္းရိုးမကြင္းအတြင္း၌ ၂၀၁၇ခုႏွစ္ ႏို၀င္ဘာလ(၂)ရက္ေန႔ ညေနပိုင္းက က်င္းပျပဳလုပ္ရာတြင္ ပေဒသာပင္ (၉၇)ပင္အနက္ အလင္းေရာင္ပရဟိတအသင္း၏ ပေဒသာပင္က ပထမဆု ရရွိသြားေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲမႈ ေကာ္မတီ ဥကၠဌ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ ႏွင့္ ေကာ္မတီ၀င္မ်ား၊ တာခ်ီလိတ္ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ႏွင့္ ေကာ္မတီ၀င္မ်ား အပါအ၀င္ ပြဲက်င္းပေရးအဖြဲ႔မွ ဦးခင္ေမာင္ျမင့္ (ေရႊမဟာကိုယ္ပုိင္ပညာ အထက္တန္းေက်ာင္း) ႏွင့္ ေကာ္မတီ၀င္မ်ား၊ တာ၀န္ရွိသူမ်ားက မဟာဘံုကထိန္ပေဒသာပင္ (၉၇)ခုထဲမွ ပထမဆုအျဖစ္ အလင္းေရာင္ပရဟိတအသင္း၏ ပေဒသာပင္ကို လည္းေကာင္း၊ ဒုတိယဆုအျဖစ္ စစ္ဘက္ေရးရာလံုၿခံဳေရးတပ္ဖြဲ႔(စရဖ)၏ ပေဒသာပင္ကို လည္းေကာင္း၊ တတိယဆုအျဖစ္ တာခ်ီလိတ္ၿမိဳ႕နယ္ အေကာက္ခြန္ဦးစီးဌာန၏ ပေဒသာပင္ကို လည္းေကာင္း အသီးသီး ေရြးခ်ယ္ခဲ့ၾကၿပီး ဆုအားခ်ီးျမႇင့္ခဲ့ၾကသည္။

ဆုမ်ားေပးအပ္ခ်ီးျမႇင့္ရာတြင္ ပထမဆုအား တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲမႈ ေကာ္မတီ ဥကၠဌ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊက လည္းေကာင္း ၊ ဒုတိယဆုအား တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲမႈ ေကာ္မတီ အတြင္းေရးမွဴး၊ အလုပ္သမား၊ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား၀န္ႀကီးဌာနမွ တာခ်ီလိတ္ခရုိင္ဦးစီးမွဴး၊ ဒုတိယညႊန္ၾကားေရးမွဴး ဦးေက်ာ္ေမာ္ထြန္းက လည္းေကာင္း၊ တတိယဆု အား တာခ်ီလိတ္ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ က လည္းေကာင္းအသီးသီးေပးအပ္ခ်ီးျမႇင့္ခဲ့ၾကသည္။

ပထမဆုအျဖစ္ က်ပ္(၃)သိန္း၊ ဒုတိယဆုအျဖစ္ က်ပ္(၂)သိန္း ႏွင့္ တတိယဆုအျဖစ္ က်ပ္(၁)သိန္းတို႔ သတ္မွတ္ကာ ေပးအပ္ခ်ီးျမႇင့္ခဲ့ၾကျခင္း ျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕တြင္ မဟာဘံုကထိန္မွ ပေဒသာပင္မ်ားအား ႏွစ္စဥ္ ေအာင္ျမတ္ခန္းမ၌ ထားရိွရာမွ ယခုႏွစ္တြင္ ရွမ္းရိုးမကြင္းအတြင္း ထားရိွၿပီး ဆုခ်ီးျမႇင့္ျခင္းအစီအစဥ္မွာ ပထမဆံုးအႀကိမ္ျဖစ္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္ တာခ်ီလိတ္ကို ေရာက္တာ အႏွစ္(၂၀)ေက်ာ္ၿပီ။ အခုလို ပေဒသာပင္ေတြကို ရွမ္းရိုးမကြင္းထဲမွာ ျပသေပးတာ၊ ဆုခ်ီးျမႇင့္တာ မႀကံဳဖူးေသးဘူး။ တကယ္ေပ်ာ္စရာေကာင္းတယ္ဗ်ာ။ ဆက္လက္ၿပီး ႏွစ္စဥ္ျပဳလုပ္သြားႏိုင္ရင္ သိပ္ေကာင္းတယ္ဗ်။ စီစဥ္သူမ်ားကိုလည္း ေက်းဇူးတင္ပါတယ္"ဟု ျပသထားသည့္ ကထိန္ ပေဒသာပင္မ်ားအား လာေရာက္ ၾကည့္ရႈသူ ပုန္းထြန္ရပ္ကြက္ မွ ဦး၀င္းျမက ေျပာသည္။

တာခ်ီလိတ္တြင္ ခရိုင္/ၿမိဳ႕နယ္ ဌာနဆိုင္ရာမ်ား ရပ္ကြက္ ႏွင့္ လူမႈေရးအသင္းအဖြဲ႔မ်ား ပါ၀င္သည့္ ကထိန္ပေဒသာပင္ စုစုေပါင္းမွာ (၉၇)ခုရွိၿပီး စုစုေပါင္း ပစၥည္းႏွင့္ေငြသား ေရာရာ တန္ဖိုးမွာ ျမန္မာေငြ (၃၈,၁၃၀,၁၃၅)က်ပ္ ႏွင့္ ထိုင္းဘတ္ေငြ (၆၀၀၆၀၉)ဘတ္ ရွိေၾကာင္း သိရွိရသည္။

ဓာတ္ပံု - ဇြဲျမတ္


( ပထမဆု )
( ဒုတိယဆု )
( တတိယဆု )


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့တွင် ပထမဆုံး အကြိမ် ကျင်းပပြုလုပ်သည့် မဟာဘုံကထိန်ပဒေသာပင် ဆုချီးမြှင့်ပွဲအား တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း၌ ၂၀၁၇ခုနှစ် နိုဝင်ဘာလ(၂)ရက်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ရာတွင် ပဒေသာပင် (၉၇)ပင်အနက် အလင်းရောင်ပရဟိတအသင်း၏ ပဒေသာပင်က ပထမဆု ရရှိသွားကြောင်း သိရသည်။

တာချီလိတ်ခရိုင်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ကော်မတီဝင်များ၊ တာချီလိတ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နှင့် ကော်မတီဝင်များ အပါအဝင် ပွဲကျင်းပရေးအဖွဲ့မှ ဦးခင်မောင်မြင့် (ရွှေမဟာကိုယ်ပိုင်ပညာ အထက်တန်းကျောင်း) နှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများက မဟာဘုံကထိန်ပဒေသာပင် (၉၇)ခုထဲမှ ပထမဆုအဖြစ် အလင်းရောင်ပရဟိတအသင်း၏ ပဒေသာပင်ကို လည်းကောင်း၊ ဒုတိယဆုအဖြစ် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)၏ ပဒေသာပင်ကို လည်းကောင်း၊ တတိယဆုအဖြစ် တာချီလိတ်မြို့နယ် အကောက်ခွန်ဦးစီးဌာန၏ ပဒေသာပင်ကို လည်းကောင်း အသီးသီး ရွေးချယ်ခဲ့ကြပြီး ဆုအားချီးမြှင့်ခဲ့ကြသည်။

ဆုများပေးအပ်ချီးမြှင့်ရာတွင် ပထမဆုအား တာချီလိတ်ခရိုင်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက လည်းကောင်း၊ ဒုတိယဆုအား တာချီလိတ်ခရိုင်စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာချီလိတ်ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်းက လည်းကောင်း၊ တတိယဆု အား တာချီလိတ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် က လည်းကောင်းအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ပထမဆုအဖြစ် ကျပ်(၃)သိန်း၊ ဒုတိယဆုအဖြစ် ကျပ်(၂)သိန်း နှင့် တတိယဆုအဖြစ် ကျပ်(၁)သိန်းတို့ သတ်မှတ်ကာ ပေးအပ်ချီးမြှင့်ခဲ့ကြခြင်း ဖြစ်သည်။

တာချီလိတ်မြို့တွင် မဟာဘုံကထိန်မှ ပဒေသာပင်များအား နှစ်စဉ် အောင်မြတ်ခန်းမ၌ ထားရှိရာမှ ယခုနှစ်တွင် ရှမ်းရိုးမကွင်းအတွင်း ထားရှိပြီး ဆုချီးမြှင့်ခြင်းအစီအစဉ်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော် တာချီလိတ်ကို ရောက်တာ အနှစ်(၂၀)ကျော်ပြီ။ အခုလို ပဒေသာပင်တွေကို ရှမ်းရိုးမကွင်းထဲမှာ ပြသပေးတာ၊ ဆုချီးမြှင့်တာ မကြုံဖူးသေးဘူး။ တကယ်ပျော်စရာကောင်းတယ်ဗျာ။ ဆက်လက်ပြီး နှစ်စဉ်ပြုလုပ်သွားနိုင်ရင် သိပ်ကောင်းတယ်ဗျ။ စီစဉ်သူများကိုလည်း ကျေးဇူးတင်ပါတယ်"ဟု ပြသထားသည့် ကထိန် ပဒေသာပင်များအား လာရောက် ကြည့်ရှုသူ ပုန်းထွန်ရပ်ကွက် မှ ဦးဝင်းမြက ပြောသည်။

တာချီလိတ်တွင် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ ရပ်ကွက် နှင့် လူမှုရေးအသင်းအဖွဲ့များ ပါဝင်သည့် ကထိန်ပဒေသာပင် စုစုပေါင်းမှာ (၉၇)ခုရှိပြီး စုစုပေါင်း ပစ္စည်းနှင့်ငွေသား ရောရာ တန်ဖိုးမှာ မြန်မာငွေ (၃၈,၁၃၀,၁၃၅)ကျပ် နှင့် ထိုင်းဘတ်ငွေ (၆၀၀၆၀၉)ဘတ် ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~