Update News

ဖားကန္႔ၿမိဳ႕နယ္တြင္ အစာအဆိပ္သင့္သည့္ ေက်ာင္းသား၊ေက်ာင္းသူ ၂၁ ဦး ေဆးရံုမွ ဆင္း


ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕နယ္ ကာမိုင္းၿမိဳ႕တြင္ ၾကက္သားဒံေပါက္စားရာမွ အစာအဆိပ္သင့္ခဲ့သည့္ ေက်ာင္းသား၊ ေက်ာင္းသူ (၁၆)ဦးႏွင့္ ၾကက္ဆူသီးစားမိသည့္ ေက်ာင္းသား (၅)ဦးတို႔မွာ က်န္းမာေရး ေကာင္းမြန္လာသည့္အတြက္ ႏိုဝင္ဘာလ (၁၉)ရက္ေန႔တြင္ ေဆးရံုမွ ဆင္းသြားၿပီ ျဖစ္ေၾကာင္း သိရသည္။

ဖားကန္႔ၿမိဳ႕နယ္၊ ကာမိုင္းၿမိဳ႕ အ.ထ.က(၁)၌ သက္ျပည့္ပင္စင္ယူမည့္ဆရာမတစ္ဦးက ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ႏႈတ္ဆက္ပြဲကို ႏိုဝင္ဘာလ (၁၇)ရက္ေန႔က က်င္းပရာ အဆိုပါပြဲတြင္ ေကြ်းသည့္ ၾကက္သားဒံေပါက္စားသည့္ ေက်ာင္းသား (၄)ဦးႏွင့္ ေက်ာင္းသူ (၁၂)ဦးတို႔မွာ အစာအဆိပ္သင့္မႈ ျဖစ္ခဲ့သျဖင့္ ကာမိုင္းတုိက္နယ္ေဆးရံုသို႔ ပို႔ေဆာင္ခဲ့ရျခင္းျဖစ္ၿပီး ယင္းေန႔မွာပင္ ကာမိုင္းၿမိဳ႕နယ္၊ ေကာင္းရာေက်းရြာမွ ေက်ာင္းသား (၅)ဦးသည္ ေက်ာင္းမွ အိမ္အျပန္လမ္းတြင္ ၾကက္ဆူသီးမ်ား ခူးစားရာမွ အစာအဆိပ္သင့္သျဖင့္ ေဆးရံုသို႔ ပို႔ေဆာင္ခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ၾကက္ဆူသီးစားမိသည့္ ေက်ာင္းသား (၅)ဦးမွာ နိုဝင္ဘာလ (၁၈) ရက္ေန႔တြင္ ေဆးရံုမွ ဆင္းသြားျခင္းျဖစ္ၿပီး ၾကက္သားဒံေပါက္စား၍ အစာအဆိပ္သင့္သူ (၁၆)ဦးမွာ နိုဝင္ဘာလ (၁၉) ရက္ေန႔တြင္ ေဆးရံုမွ ဆင္းသြားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - အင္မိုင္ခ



~~~~~~~~⊰❂ unicode ~~~~~~~~

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့တွင် ကြက်သားဒံပေါက်စားရာမှ အစာအဆိပ်သင့်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ (၁၆)ဦးနှင့် ကြက်ဆူသီးစားမိသည့် ကျောင်းသား (၅)ဦးတို့မှာ ကျန်းမာရေး ကောင်းမွန်လာသည့်အတွက် နိုဝင်ဘာလ (၁၉)ရက်နေ့တွင် ဆေးရုံမှ ဆင်းသွားပြီ ဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ အ.ထ.က(၁)၌ သက်ပြည့်ပင်စင်ယူမည့်ဆရာမတစ်ဦးက ကျောင်းသား၊ ကျောင်းသူများအား နှုတ်ဆက်ပွဲကို နိုဝင်ဘာလ (၁၇)ရက်နေ့က ကျင်းပရာ အဆိုပါပွဲတွင် ကျွေးသည့် ကြက်သားဒံပေါက်စားသည့် ကျောင်းသား (၄)ဦးနှင့် ကျောင်းသူ (၁၂)ဦးတို့မှာ အစာအဆိပ်သင့်မှု ဖြစ်ခဲ့သဖြင့် ကာမိုင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရခြင်းဖြစ်ပြီး ယင်းနေ့မှာပင် ကာမိုင်းမြို့နယ်၊ ကောင်းရာကျေးရွာမှ ကျောင်းသား (၅)ဦးသည် ကျောင်းမှ အိမ်အပြန်လမ်းတွင် ကြက်ဆူသီးများ ခူးစားရာမှ အစာအဆိပ်သင့်သဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ကြက်ဆူသီးစားမိသည့် ကျောင်းသား (၅)ဦးမှာ နိုဝင်ဘာလ (၁၈) ရက်နေ့တွင် ဆေးရုံမှ ဆင်းသွားခြင်းဖြစ်ပြီး ကြက်သားဒံပေါက်စား၍ အစာအဆိပ်သင့်သူ (၁၆)ဦးမှာ နိုဝင်ဘာလ (၁၉) ရက်နေ့တွင် ဆေးရုံမှ ဆင်းသွားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - အင်မိုင်ခ
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::