တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း စိတ်ကြွဆေးများ ဖမ်းဆီးရမိ

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း စိတ်ကြွဆေးများ ဖမ်းဆီးရမိ
နိုဝငျဘာ 7, 2017
By Tachileik News Agency


ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့ စု(၃၀)တာချီလိတ်မှ ရဲအုပ်ဝင်းထွန်း ဦးစီးသော ပူးပေါင်းအဖွဲ့က သက်သေများနှင့် အတူ ပုန်းထွန်ရပ်ကွက်အတွင်း၊ ငွေစေတီလမ်းရှိ ရှောင်ရှူအာလောင်၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ ရှောင်ရှူအာလောင် ၀တ်ဆင်ထားသော ပုဆိုးခါးပုံစအတွင်းမှ ပန်းသီးပုံတံဆိပ်ပါ အနက်ရောင် ပလတ်စတစ်ကပ်ခွာအိတ်ဖြင့် ထည့်ထားသော WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၉၀)ပြားပါ (၁)ထုပ်၊ အဖြူရောင် ပလတ်စတစ်ကပ်ခွာအိတ်အတွင်း ထည့်ထားသော WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၁၄၀)ပြားပါ (၁)ထုပ်နှင့် ၎င်း၏အိပ်ခန်းအတွင်းရှိ ခေါင်းရင်းနံရံတွင် ချိတ်ထားသော လွယ်အိတ်အတွင်းမှ အပြာရောင် ပလတ်စတစ်ကပ်ခွာအိတ်ဖြင့် ထည့်ထားသော WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၂၀၀)ပြားစီပါရှိသော (၅)ထုပ် စုစုပေါင်း စိတ်ကြွဆေးပြား (၁၂၃၀)ပြားကို စစ်ဆေးတွေ့ ရှိခဲ့ခြင်းဖြစ်သည်။


သတင်း - ဇွဲမြတ်

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း၌ ၂၀၁၇ခုနှစ် နိုဝင်ဘာလ (၇)ရက် အင်္ဂါနေ့ နံနက်ပိုင်းက စိတ်ကြွဆေးပြား (၁၂၃၀)ပြားကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲအုပ်ဝင်းထွန်း ဦးစီးသော ပူးပေါင်းအဖွဲ့က သက်သေများနှင့် အတူ ပုန်းထွန်ရပ်ကွက်အတွင်း၊ ငွေစေတီလမ်းရှိ ရှောင်ရှူအာလောင်၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ ရှောင်ရှူအာလောင် ဝတ်ဆင်ထားသော ပုဆိုးခါးပုံစအတွင်းမှ ပန်းသီးပုံတံဆိပ်ပါ အနက်ရောင် ပလတ်စတစ်ကပ်ခွာအိတ်ဖြင့် ထည့်ထားသော WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၉၀)ပြားပါ (၁)ထုပ်၊ အဖြူရောင် ပလတ်စတစ်ကပ်ခွာအိတ်အတွင်း ထည့်ထားသော WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၁၄၀)ပြားပါ (၁)ထုပ်နှင့် ၄င်း၏အိပ်ခန်းအတွင်းရှိ ခေါင်းရင်းနံရံတွင် ချိတ်ထားသော လွယ်အိတ်အတွင်းမှ အပြာရောင် ပလတ်စတစ်ကပ်ခွာအိတ်ဖြင့် ထည့်ထားသော WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၂၀၀)ပြားစီပါရှိသော (၅)ထုပ် စုစုပေါင်း စိတ်ကြွဆေးပြား (၁၂၃၀)ပြားကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စိတ်ကြွဆေးပြားများ လက်ဝယ်တွေ့ရှိသည့် ရှောင်ရှူအာလောင်အား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ) ၆၃/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) အရ အရေးယူ ဆောင်ရွက်ထားကြောင်း သိရှိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~