လူ ၈ ဦးေသဆံုးခဲ့သည့္ မင္းဘူးၿမိဳ႕နယ္မွ ေက်ာက္မီးေသြးတြင္း၏ လုပ္ကြက္ပိုင္ရွင္ႏွင့္ တာဝန္ခံအား အေရးယူထားၿပီး ကုမၸဏီအား လုပ္ငန္းေဆာင္ရြက္ခြင့္ တားျမစ္

လူ ၈ ဦးေသဆံုးခဲ့သည့္ မင္းဘူးၿမိဳ႕နယ္မွ ေက်ာက္မီးေသြးတြင္း၏ လုပ္ကြက္ပိုင္ရွင္ႏွင့္ တာဝန္ခံအား အေရးယူထားၿပီး ကုမၸဏီအား လုပ္ငန္းေဆာင္ရြက္ခြင့္ တားျမစ္
နိုဝင်ဘာ 30, 2017
By 🌸
မေကြးတုိင္းေဒသႀကီး မင္းဘူးၿမိဳ႕နယ္၊ ေက်ာက္တစ္လုံး ေျမနီကြင္းရိွ ဟန္ထက္(၂)ေက်ာက္မီးေသြးကုမၸဏီပိုင္ ေက်ာက္မီးေသြးတြင္း ႏိုဝင္ဘာလ (၂၇)ရက္ေန႔က ၿပိဳက်မႈေၾကာင့္ လူ(၈)ဦး ေသဆံုးခဲ့သည့္အတြက္ အဆိုပါ ကုမၸဏီအား လုပ္ငန္းေဆာင္ရြက္ခြင့္ တားျမစ္လိုက္ၿပီး ပိုင္ရွင္ႏွင့္ လုပ္ငန္းတာဝန္ခံအား အမႈဖြင့္အေရးယူ ထားေၾကာင္း သိရသည္။

မေကြးတုိင္းေဒသႀကီး ေက်ာက္မီးေသြးတြင္းလုပ္ကြက္မ်ား မေတာ္တဆျဖစ္ပြားမႈမ်ားတြင္ လူအေသအေပ်ာက္ အမ်ားဆံုး ျဖစ္ခဲ့သည့္ အဆိုပါလုပ္ကြက္ ေဆာင္ရြက္ေနသည့္ ဟန္ထက္(၂) ကုမၸဏီ၏ ပိုင္ရွင္ျဖစ္သူ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕မွ ဦးခ်စ္ဟန္ႏွင့္ လုပ္ငန္းခြင္တာဝန္ခံ ဦးေအာင္ေက်ာ္လင္းတို႔အား ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က (ေပါ့ေလ်ာ့မႈေၾကာင့္ လူေသမႈ)ျဖင့္ အမႈဖြင့္လွစ္ေဆာင္ရြက္ေနၿပီး သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာနက အဆိုပါကုမၸဏီအား လုပ္ငန္းဆက္လက္ေဆာင္ရြက္ျခင္းမျပဳရန္ အေၾကာင္းၾကားၿပီးျဖစ္ေၾကာင္း သိရသည္။

အဆိိုပါ ေက်ာက္မီးေသြးတြင္း ေပါက္ကြဲၿပိဳက်သြားသျဖင့္ ပိတ္မိေသဆံုးသြားသူ (၈) ဦးအား သံုးရက္ၾကာ ဆယ္ထုတ္ယူခဲ့ရာ ႏိုဝင္ဘာလ (၂၉)ရက္ေန႔က တ႐ုတ္နိုင္ငံသား Mr.Chen Changrund ႏွင့္ ဖိုးခ်မ္းတို႔၏ ရုပ္အေလာင္းမ်ားအား ေနာက္ဆံုးဆယ္ထုတ္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း
ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
လူ ၈ ဦးသေဆုံးခဲ့သည့် မင်းဘူးမြို့နယ်မှ ကျောက်မီးသွေးတွင်း၏ လုပ်ကွက်ပိုင်ရှင်နှင့် တာဝန်ခံအား အရေးယူထားပြီး ကုမ္ပဏီအား လုပ်ငန်းဆောင်ရွက်ခွင့် တားမြစ်
**************
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်၊ ကျောက်တစ်လုံး မြေနီကွင်းရှိ ဟန်ထက်(၂)ကျောက်မီးသွေးကုမ္ပဏီပိုင် ကျောက်မီးသွေးတွင်း နိုဝင်ဘာလ (၂၇)ရက်နေ့က ပြိုကျမှုကြောင့် လူ(၈)ဦး သေဆုံးခဲ့သည့်အတွက် အဆိုပါ ကုမ္ပဏီအား လုပ်ငန်းဆောင်ရွက်ခွင့် တားမြစ်လိုက်ပြီး ပိုင်ရှင်နှင့် လုပ်ငန်းတာဝန်ခံအား အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ကျောက်မီးသွေးတွင်းလုပ်ကွက်များ မတော်တဆဖြစ်ပွားမှုများတွင် လူအသေအပျောက် အများဆုံး ဖြစ်ခဲ့သည့် အဆိုပါလုပ်ကွက် ဆောင်ရွက်နေသည့် ဟန်ထက်(၂) ကုမ္ပဏီ၏ ပိုင်ရှင်ဖြစ်သူ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့မှ ဦးချစ်ဟန်နှင့် လုပ်ငန်းခွင်တာဝန်ခံ ဦးအောင်ကျော်လင်းတို့အား ရာဇသတ်ကြီးပုဒ်မ ၃၀၄-က (ပေါ့လျော့မှုကြောင့် လူသေမှု)ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်နေပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက အဆိုပါကုမ္ပဏီအား လုပ်ငန်းဆက်လက်ဆောင်ရွက်ခြင်းမပြုရန် အကြောင်းကြားပြီးဖြစ်ကြောင်း သိရသည်။

အဆိိုပါ ကျောက်မီးသွေးတွင်း ပေါက်ကွဲပြိုကျသွားသဖြင့် ပိတ်မိသေဆုံးသွားသူ (၈) ဦးအား သုံးရက်ကြာ ဆယ်ထုတ်ယူခဲ့ရာ နိုဝင်ဘာလ (၂၉)ရက်နေ့က တရုတ်နိုင်ငံသား Mr.Chen Changrund နှင့် ဖိုးချမ်းတို့၏ ရုပ်အလောင်းများအား နောက်ဆုံးဆယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း
ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~