သီေပါၿမိဳ႕နယ္ ေဘာ္ႀကိဳေက်းရြာတြင္ ရထားႏွင့္ ေထာ္လာဂ်ီတိုက္မိ၍ အမ်ိဳးသမီးတစ္ဦး ဒဏ္ရာရ

သီေပါၿမိဳ႕နယ္ ေဘာ္ႀကိဳေက်းရြာတြင္ ရထားႏွင့္ ေထာ္လာဂ်ီတိုက္မိ၍ အမ်ိဳးသမီးတစ္ဦး ဒဏ္ရာရ
နိုဝင်ဘာ 1, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕နယ္ ေဘာ္ႀကိဳေက်းရြာရွိ ေဘာ္ႀကိဳဘုရားအနီး ရထားလမ္းကူးတြင္ ႏိုဝင္ဘာလ(၁)ရက္ေန႔ ညေနပိုင္းက ေက်ာက္မဲမွ လားရိႈးသို႔ထြက္ခြာသည့္ အဆန္ရထားႏွင့္ လမ္းျဖတ္ကူးသည့္ ေထာ္လာဂ်ီတစ္စီး တိုက္မိသျဖင့္ အမ်ိဳးသမီးတစ္ဦးဒဏ္ရာရသြားေၾကာင္း သိရသည္။

ႏိုဝင္ဘာလ (၁)ရက္ေန႔ ညေန(၃)နာရီခန္႔တြင္ မေတာ္တဆမႈျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ေထာ္လာဂ်ီေပၚတြင္ လိုက္ပါလာသည့္ မိသားစု (၅)ဦးမွ အမ်ိဳးသမီးႀကီးတစ္ဦးသာ ဒဏ္ရာရသြားေၾကာင္း သိရသည္။

“ေဘာ္ႀကိဳဘုရားနားက အုတ္ကြင္းေတြရွိတဲ့ေနရာမွာ ျဖစ္တာပါ။ ရထားဝန္ထမ္းေတြ ေျပာတာကေတာ့ ေထာ္လာဂ်ီကိုျမင္လို႔ ရထားကိုအရွိန္ေလ်ာ့ေပးတယ္။ ဥၾသလည္းဆြဲတယ္လို႔ေျပာတယ္။ တိုက္မိေပမဲ့ ရထားက အရွိန္နည္းေတာ့သက္သာသြားတာ။ ဒဏ္ရာရတဲ့အမ်ိဳးသမီးကိုေတာ့ သီေပါျပည္သူ႔ေဆးရံုကို ပို႔ေဆာင္ေပးထားပါတယ္” ဟု ေဘာ္ႀကိဳပရဟိတအသင္းမွ ဦးေအာင္ညြန္႔က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အခင္းျဖစ္ပြားရာေနရာသို႔ ေဘာ္ႀကိဳရဲစခန္းမွ တာဝန္ရွိသူမ်ားက စစ္ေဆးမႈျပဳလုပ္ေနၿပီး ေထာ္လာဂ်ီယာဥ္ေမာင္းအား အမႈဖြင့္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #ေဘာ္ႀကိဳပရဟိတအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် ဘော်ကြိုကျေးရွာရှိ ဘော်ကြိုဘုရားအနီး ရထားလမ်းကူးတွင် နိုဝင်ဘာလ(၁)ရက်နေ့ ညနေပိုင်းက ကျောက်မဲမှ လားရှိုးသို့ထွက်ခွာသည့် အဆန်ရထားနှင့် လမ်းဖြတ်ကူးသည့် ထော်လာဂျီတစ်စီး တိုက်မိသဖြင့် အမျိုးသမီးတစ်ဦးဒဏ်ရာရသွားကြောင်း သိရသည်။

နိုဝင်ဘာလ (၁)ရက်နေ့ ညနေ(၃)နာရီခန့်တွင် မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထော်လာဂျီပေါ်တွင် လိုက်ပါလာသည့် မိသားစု (၅)ဦးမှ အမျိုးသမီးကြီးတစ်ဦးသာ ဒဏ်ရာရသွားကြောင်း သိရသည်။

“ဘော်ကြိုဘုရားနားက အုတ်ကွင်းတွေရှိတဲ့နေရာမှာ ဖြစ်တာပါ။ ရထားဝန်ထမ်းတွေ ပြောတာကတော့ ထော်လာဂျီကိုမြင်လို့ ရထားကိုအရှိန်လျော့ပေးတယ်။ ဥသြလည်းဆွဲတယ်လို့ပြောတယ်။ တိုက်မိပေမဲ့ ရထားက အရှိန်နည်းတော့သက်သာသွားတာ။ ဒဏ်ရာရတဲ့အမျိုးသမီးကိုတော့ သီပေါပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားပါတယ်” ဟု ဘော်ကြိုပရဟိတအသင်းမှ ဦးအောင်ညွန့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အခင်းဖြစ်ပွားရာနေရာသို့ ဘော်ကြိုရဲစခန်းမှ တာဝန်ရှိသူများက စစ်ဆေးမှုပြုလုပ်နပြေီး ထော်လာဂျီယာဉ်မောင်းအား အမှုဖွင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်
ဓာတ်ပုံ #ဘော်ကြိုပရဟိတအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~