တာခ်ီလိတ္မွ တစ္လခြဲအရြယ္ကေလးငယ္ ခြဲစိတ္ကုသရန္ လိုအပ္သည့္ ေငြေၾကးမ်ားအတြက္ မည္သူမဆို ဆက္သြယ္လွဴဒါန္းႏိုင္

တာခ်ီလိတ္မွ တစ္လခြဲအရြယ္ကေလးငယ္ ခြဲစိတ္ကုသရန္ လိုအပ္သည့္ ေငြေၾကးမ်ားအတြက္ မည္သူမဆို ဆက္သြယ္လွဴဒါန္းႏိုင္
နိုဝင်ဘာ 26, 2017
By Tachileik News Agency

တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုတြင္ ခြဲစိတ္ကုသ၍ မရသည့္ အစာအိမ္ထြက္ေပါက္က်ဥ္း ေရာဂါခံစားေနရေသာ တစ္လခြဲအရြယ္ကေလးငယ္အား အလွဴရွင္တစ္ဦး၏ အကူအညီျဖင့္ ေအာက္တိုဘာလ (၂၆)ရက္ေန႔တြင္ မယ္ဆိုင္ေဆးရံုသို႔ ပို႔ထားၿပီး ယင္းမွတစ္ဆင့္ ခ်င္းရိုင္းေဆးရံုသို႔ ပို႔ေဆာင္ရဖြယ္ရိွသျဖင့္ ေဆးကုသမႈစရိတ္ထပ္မံ လိုအပ္ေနေသးေၾကာင္း သိရသည္။

"အိပ္မက္ရြာက ကိုေနမ်ဳိးဦးက ကေလးအတြက္ ဘတ္(၃၀၀၀၀)လွဴဒါန္းေပးလာတယ္။ လက္ထဲ ေငြလည္းရွိလာၿပီျဖစ္ေတာ့ တာခ်ီလိတ္နာေရးကူညီမႈအသင္းက ဦးလွမိုးတို႔နဲ႔ ခ်ိတ္ဆက္ၿပီး ထိုင္းဘက္ကို ပို႔ေဆာင္ထားပါတယ္။ ခြဲစိတ္ရင္ေတာ့ ကုန္က်မႈက ဘတ္(၁)သိန္းေက်ာ္ေလာက္ ကုန္က်ႏိုင္ပါတယ္၊ လွဴေပးလာတဲ့ ဘတ္(၃၀၀၀၀)ကိုလည္း ကေလးရဲ႕ အေမလက္ထဲကို တစခါတည္း ထည့္ေပးလိုက္ပါတယ္။ ထိုင္းဘက္ ေဆးရံုကလည္း ကူညီေပးႏိုင္ရန္အတြက္ သူတို႔ရဲ႕ အေျခအေနကို သိေအာင္လို႔ အဂၤလိပ္လိုလည္း စာေရးထည့္ေပးလိုက္ပါတယ္"ဟု တာခ်ီလိတ္ခရိုင္ ကုတင္(၁၀၀)ဆံ့ ေဆးရုံႀကီးမွ ကေလးအထူးကုဆရာ၀န္ ေဒါက္တာ ေက်ာ္စြာျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ကေလးငယ္မွာ တာခ်ီလိတ္ခရိုင္ေဆးရံုသို႔ (၁၅)ရက္သားအရြယ္တြင္ ေအာ့အန္သျဖင့္ ေရာက္လာျခင္းျဖစ္ၿပီး ယခုတစ္လခြဲအရြယ္အထိ ေဆးရံုတြင္ အခမဲ့ကုသေပးေနခဲ့ကာ တစ္လခြဲအရြယ္တြင္ ေရာဂါကို အတည္ျပဳႏုိင္ၿပီ ျဖစ္သျဖင့္ ကေလးေဆးရံုတြင္ ကုသမႈ ခံယူရန္လိုအပ္ေသာ္လည္း သြားေရာက္ ကုသရန္ မိဘမ်ားမွာ စရိတ္မတတ္ႏုိင္သျဖင့္ အဆုိပါေဆးရံုမွ ကေလးအထူးကုဆရာဝန္ ေဒါက္တာေက်ာ္စြာျမင့္က ကေလးငယ္အား ဆက္လက္ကုသႏုိင္ေရးအတြက္ ကူညီေပးလိုသူမ်ားအား ရွာေဖြေပးခဲ့ျခင္းျဖစ္သည္။

အဆုိပါ ကေလးငယ္ အျမန္ဆံုးကုသမႈခံယူႏိုင္ေရးအတြက္ ထုိင္းနိုင္ငံ မယ္ဆိုင္ေဆးရံုသို႔ တာခ်ီလိတ္နာေရးကူညီမႈအသင္း ဥကၠဌ ဦးလွမိုး ဦးေဆာင္သည့္အဖြဲ႔က ၂၀၁၇ခုႏွစ္ ႏို၀င္ဘာလ(၂၆)ရက္ေန႔ ေန႔လယ္ပိုင္းက သြားေရာက္ ပို႔ေဆာင္ေပးထားၿပီး ေဆးကုသစရိတ္အတြက္ တာခ်ီလိတ္ခရိုင္ ျပည္သူ႔ေဆးရံုမွ ကေလးအထူးကုဆရာ၀န္ ေဒါက္တာ ေက်ာ္စြာျမင့္ထံသို႔ ဆက္သြယ္ လွဴဒါန္းလာသည့္ ဘတ္(၃၀၀၀၀)ရိွေနေသာ္လည္း ေဆးကုသစရိတ္ထပ္မံလိုအပ္ေနရာ ေစတနာရွင္မ်ား အေနျဖင့္ ပါ၀င္လွဴဒါန္းလိုပါက မေမဇာျခည္လင္း ျမန္မာဖုန္း - 095241807 သို႔ ဆက္သြယ္လွဴဒါန္းႏိုင္ေၾကာင္း သိရသည္။

အဆိုပါကေလးငယ္၏ ေရာဂါအား တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုတြင္ ခြဲစိတ္ကုသေပး၍မရဘဲ ကေလးေဆးရံုရိွရာ ရန္ကုန္ႏွင့္ မႏၱေလးၿမိဳ႕မ်ားတြင္ သြားေရာက္ကုသပါက ေရာဂါ ေပ်ာက္ကင္း ႏုိင္ေသာ္လည္း ကေလး၏မိဘမ်ားမွာ ႏြမ္းပါးသျဖင့္ သြားေရာက္ရန္ ခရီးစရိတ္၊ ေနထိုင္စားေသာက္ စရိတ္မ်ား မတတ္ႏုိင္သျဖင့္ သြားေရာက္ႏုိင္ျခင္း မရိွျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရိွတြင္ တာခ်ီလိတ္မွ သြားလာရန္လြယ္ကူသည့္ ထုိင္းနိုင္ငံ မယ္ဆုိင္ေဆးရံုသို႔ အလွဴရွင္မ်ား အကူအညီျဖင့္ ပို႔ေဆာင္ကုသမႈခံယူေနျခင္းျဖစ္ေၾကာင္းသိရသည္။

ကေလးငယ္မွာ အူလံုးဝပိတ္ေနပါက တစ္ပတ္အတြင္း ေသဆံုးသြားႏိုင္ေသာ္လည္း အူက်ဥ္းေနသျဖင့္ တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုတြင္ ကုသမႈခံယူစဥ္တစ္ေလွ်ာက္လံုး ေအာက္စီဂ်င္ေပးထားရျခင္းျဖစ္ၿပီး အစာအိမ္မွာ တစ္ျဖည္းျဖည္းက်ယ္လာျခင္းျဖစ္ရာ ခြဲစိတ္ကုသႏိုင္ပါက အသက္ရွင္ႏုိင္ေၾကာင္း သိရသည္။

ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတွင် ခွဲစိတ်ကုသ၍ မရသည့် အစာအိမ်ထွက်ပေါက်ကျဉ်း ရောဂါခံစားနေရသော တစ်လခွဲအရွယ်ကလေးငယ်အား အလှူရှင်တစ်ဦး၏ အကူအညီဖြင့် အောက်တိုဘာလ (၂၆)ရက်နေ့တွင် မယ်ဆိုင်ဆေးရုံသို့ ပို့ထားပြီး ယင်းမှတစ်ဆင့် ချင်းရိုင်းဆေးရုံသို့ ပို့ဆောင်ရဖွယ်ရှိသဖြင့် ဆေးကုသမှုစရိတ်ထပ်မံ လိုအပ်နေသေးကြောင်း သိရသည်။

"အိပ်မက်ရွာက ကိုနေမျိုးဦးက ကလေးအတွက် ဘတ်(၃၀၀၀၀)လှူဒါန်းပေးလာတယ်။ လက်ထဲ ငွေလည်းရှိလာပြီဖြစ်တော့ တာချီလိတ်နာရေးကူညီမှုအသင်းက ဦးလှမိုးတို့နဲ့ ချိတ်ဆက်ပြီး ထိုင်းဘက်ကို ပို့ဆောင်ထားပါတယ်။ ခွဲစိတ်ရင်တော့ ကုန်ကျမှုက ဘတ်(၁)သိန်းကျော်လောက် ကုန်ကျနိုင်ပါတယ်၊ လှူပေးလာတဲ့ ဘတ်(၃၀၀၀၀)ကိုလည်း ကလေးရဲ့ အမေလက်ထဲကို တစခါတည်း ထည့်ပေးလိုက်ပါတယ်။ ထိုင်းဘက် ဆေးရုံကလည်း ကူညီပေးနိုင်ရန်အတွက် သူတို့ရဲ့ အခြေအနေကို သိအောင်လို့ အင်္ဂလိပ်လိုလည်း စာရေးထည့်ပေးလိုက်ပါတယ်"ဟု တာချီလိတ်ခရိုင် ကုတင်(၁၀၀)ဆံ့ ဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန် ဒေါက်တာ ကျော်စွာမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ကလေးငယ်မှာ တာချီလိတ်ခရိုင်ဆေးရုံသို့ (၁၅)ရက်သားအရွယ်တွင် အော့အန်သဖြင့် ရောက်လာခြင်းဖြစ်ပြီး ယခုတစ်လခွဲအရွယ်အထိ ဆေးရုံတွင် အခမဲ့ကုသပေးနေခဲ့ကာ တစ်လခွဲအရွယ်တွင် ရောဂါကို အတည်ပြုနိုင်ပြီ ဖြစ်သဖြင့် ကလေးဆေးရုံတွင် ကုသမှု ခံယူရန်လိုအပ်သော်လည်း သွားရောက် ကုသရန် မိဘများမှာ စရိတ်မတတ်နိုင်သဖြင့် အဆိုပါဆေးရုံမှ ကလေးအထူးကုဆရာဝန် ဒေါက်တာကျော်စွာမြင့်က ကလေးငယ်အား ဆက်လက်ကုသနိုင်ရေးအတွက် ကူညီပေးလိုသူများအား ရှာဖွေပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကလေးငယ် အမြန်ဆုံးကုသမှုခံယူနိုင်ရေးအတွက် ထိုင်းနိုင်ငံ မယ်ဆိုင်ဆေးရုံသို့ တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုး ဦးဆောင်သည့်အဖွဲ့က ၂၀၁၇ခုနှစ် နိုဝင်ဘာလ(၂၆)ရက်နေ့ နေ့လယ်ပိုင်းက သွားရောက် ပို့ဆောင်ပေးထားပြီး ဆေးကုသစရိတ်အတွက် တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံမှ ကလေးအထူးကုဆရာဝန် ဒေါက်တာ ကျော်စွာမြင့်ထံသို့ ဆက်သွယ် လှူဒါန်းလာသည့် ဘတ်(၃၀၀၀၀)ရှိနေသော်လည်း ဆေးကုသစရိတ်ထပ်မံလိုအပ်နေရာ စေတနာရှင်များ အနဖြေင့် ပါဝင်လှူဒါန်းလိုပါက မမေဇာခြည်လင်း မြန်မာဖုန်း - 095241807 သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

အဆိုပါကလေးငယ်၏ ရောဂါအား တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတွင် ခွဲစိတ်ကုသပေး၍မရဘဲ ကလေးဆေးရုံရှိရာ ရန်ကုန်နှင့် မန္တလေးမြို့များတွင် သွားရောက်ကုသပါက ရောဂါ ပျောက်ကင်း နိုင်သော်လည်း ကလေး၏မိဘများမှာ နွမ်းပါးသဖြင့် သွားရောက်ရန် ခရီးစရိတ်၊ နေထိုင်စားသောက် စရိတ်များ မတတ်နိုင်သဖြင့် သွားရောက်နိုင်ခြင်း မရှိခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တာချီလိတ်မှ သွားလာရန်လွယ်ကူသည့် ထိုင်းနိုင်ငံ မယ်ဆိုင်ဆေးရုံသို့ အလှူရှင်များ အကူအညီဖြင့် ပို့ဆောင်ကုသမှုခံယူနခြေင်းဖြစ်ကြောင်းသိရသည်။

ကလေးငယ်မှာ အူလုံးဝပိတ်နေပါက တစ်ပတ်အတွင်း သေဆုံးသွားနိုင်သော်လည်း အူကျဉ်းနေသဖြင့် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူစဉ်တစ်လျှောက်လုံး အောက်စီဂျင်ပေးထားရခြင်းဖြစ်ပြီး အစာအိမ်မှာ တစ်ဖြည်းဖြည်းကျယ်လာခြင်းဖြစ်ရာ ခွဲစိတ်ကုသနိုင်ပါက အသက်ရှင်နိုင်ကြောင်း သိရသည်။

ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~