ခ်င္းရိုင္းေဆးရံုသို႔ ပို႔ေဆာင္ထားရသည့္ တာခ်ီလိတ္မွ တစ္လခြဲသား ကေလးငယ္အတြက္ ရပ္နီး ရပ္ေ၀းမွ ေစတနာရွင္မ်ား ပါ၀င္ လွဴဒါန္း

ခ်င္းရိုင္းေဆးရံုသို႔ ပို႔ေဆာင္ထားရသည့္ တာခ်ီလိတ္မွ တစ္လခြဲသား ကေလးငယ္အတြက္ ရပ္နီး ရပ္ေ၀းမွ ေစတနာရွင္မ်ား ပါ၀င္ လွဴဒါန္း
နိုဝင်ဘာ 28, 2017
By Tachileik News Agency

တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုတြင္ ခြဲစိတ္ကုသ၍ မရသည့္ အစာအိမ္ထြက္ေပါက္က်ဥ္း ေရာဂါ ခံစားေနရေသာ တစ္လခြဲအရြယ္ကေလးငယ္အား အလွဴရွင္တစ္ဦး၏ အကူအညီျဖင့္ ႏို၀င္ဘာလ (၂၆)ရက္ေန႔တြင္ မယ္ဆိုင္ေဆးရံုသို႔ ပို႔ေဆာင္ထားၿပီး ယင္းမွတစ္ဆင့္ ခ်င္းရိုင္းေဆးရံုသို႔ ပို႔ေဆာင္ထားကာ ေဆး၀ါးကုသမႈ ခံယူေနလ်က္ရွိရာတြင္ လိုအပ္လာလွ်င္ ကုသမႈအတြက္ ေငြမ်ား ေပးပို႔ႏိုင္ရန္အတြက္ ေစတနာရွင္မ်ားမွ အလွဴေငြမ်ား လွဴဒါန္းလာၾကရာ ျမန္မာက်ပ္ေငြ (၇)သိန္း ေက်ာ္ႏွင့္ ထိုင္းဘတ္ေငြ(၁၈၀၀၀)ေက်ာ္ရရွိၿပီျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုတြင္ အခမဲ့စနစ္ျဖင့္ ရက္အေတာ္ၾကာ ေဆး၀ါးကုခံမႈ ခံယူခဲ့ၿပီး အေရးေပၚ ခြဲစိတ္ရန္လိုအပ္သည့္ အသက္(၁)လေက်ာ္ ကေလးငယ္အား ဦးေနမ်ဳိးဦးမွ ဘတ္(၃၀၀၀၀)လွဴဒါန္းလာေပးသည့္အတြက္ ထိုင္းႏိုင္ငံ မယ္ဆိုင္ေဆးရံုသို႔ ႏို၀င္ဘာလ(၂၆)ရက္ေန႔က ပို႔ေဆာင္ထားကာ ထိုမွတစ္ဆင့္ ခ်င္းရိုင္းေဆးရံုသို႔ ပို႔ေဆာင္ထားၿပီး ေဆး၀ါးကုသမႈခံယူေနလ်က္ရွိေၾကာင္း သိရသည္။

"မေန႔ကေတာ့ ခ်င္းရိုင္းေဆးရံုကို ေရာက္သြားၿပီေျပာတယ္၊ ဘယ္ေတာ့ ခြဲစိတ္မလဲေတာ့ မသိရေသးဘူး၊ ကေလးအေမကို ကြ်န္ေတာ့္ဖုန္းနံပါတ္ ေပးထားပါတယ္၊ ကေလးအတြက္ ေငြလိုတဲ့အခါ အခု အလွဴရွင္မ်ား လွဴဒါန္းလာတဲ့ ေငြေတြကို ပို႔ေပးသြားမွာပါ" ဟု အဆိုပါ ကေလးငယ္အတြက္ ကူညီေပးေနသည့္ တာခ်ီလိတ္ခရိုင္ ကုတင္(၁၀၀)ဆံ့ ေဆးရုံႀကီးမွ ကေလးအထူးကုဆရာ၀န္ ေဒါက္တာ ေက်ာ္စြာျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အစာအိမ္ထြက္ေပါက္က်ဥ္း ေရာဂါခံစား ေနရသည့္ အဆိုပါ ကေလးမွာ မိုင္းျဖတ္ၿမိဳ႕နယ္ ေဟြရိုးရြာမွျဖစ္ၿပီး ကေလးအား ဆက္လက္ကုသရန္ ေငြေၾကး မတတ္ႏိုင္သည့္အတြက္ ကေလးခြဲစိတ္ဆရာ၀န္ႀကီးမ်ား ခြဲစိတ္ကုသေပးႏိုင္သည့္ ေဆးရုံႀကီးမ်ားတြင္ သြားေရာက္၍ ခြဲစိတ္ကုသမႈခံယူရန္ တာခ်ီလိတ္ခရိုင္ ကုတင္(၁၀၀)ဆံ့ ေဆးရုံႀကီးမွ ကေလးအထူးကုဆရာ၀န္ ေဒါက္တာ ေက်ာ္စြာျမင့္က အလွဴရွင္မ်ား ရွာေဖြေပးကာ မေမဇာျခည္လင္း မွ အလွဴေငြမ်ား လက္ခံေပးေနလ်က္ရွိေၾကာင္း သိရသည္။

ကေလးငယ္၏ က်န္းမာေရးအတြက္ ႏို၀င္ဘာလ(၂၅)ရက္ေန႔မွ ႏို၀င္ဘာလ(၂၈)ရက္ေန႔ ညေနပိုင္း အခ်ိန္အထိ တာခ်ီလိတ္ၿမိဳ႕အပါအ၀င္ ရန္ကုန္၊ မႏၱေလးတို႔မွ ေစတနာရွင္မ်ားက လွဴဒါန္းလာၾကရာတြင္ ျမန္မာက်ပ္ေငြ (၇၁၀၀၀၀)က်ပ္ ႏွင့္ ထိုင္းဘတ္ေငြ(၁၈၇၀၀)ဘတ္ ရရွိထားေၾကာင္း ႏွင့္ ဆက္လက္၍ အလွဴေငြမ်ား လွဴဒါန္းလိုပါက 095241807 သို႔ ဆက္သြယ္လွဴဒါန္းႏိုင္ေၾကာင္း အလွဴေငြမ်ား လက္ခံေပးေနသည့္ မေမဇာျခည္လင္းထံက သိရသည္။

ကေလးငယ္မွာ အူလံုးဝပိတ္ေနပါက တစ္ပတ္အတြင္း ေသဆံုးသြားႏိုင္ေသာ္လည္း အူက်ဥ္းေနသျဖင့္ တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုတြင္ ကုသမႈခံယူစဥ္တစ္ေလွ်ာက္လံုး ေအာက္ဆီဂ်င္ေပးထားရျခင္းျဖစ္ၿပီး အစာအိမ္မွာ တစ္ျဖည္းျဖည္းက်ယ္လာျခင္းျဖစ္ရာ အျမန္ဆံုး ခြဲစိတ္ကုသႏိုင္ပါက အသက္ရွင္ႏုိင္ေၾကာင္း သိရသည္။




~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတွင် ခွဲစိတ်ကုသ၍ မရသည့် အစာအိမ်ထွက်ပေါက်ကျဉ်း ရောဂါ ခံစားနေရသော တစ်လခွဲအရွယ်ကလေးငယ်အား အလှူရှင်တစ်ဦး၏ အကူအညီဖြင့် နိုဝင်ဘာလ (၂၆)ရက်နေ့တွင် မယ်ဆိုင်ဆေးရုံသို့ ပို့ဆောင်ထားပြီး ယင်းမှတစ်ဆင့် ချင်းရိုင်းဆေးရုံသို့ ပို့ဆောင်ထားကာ ဆေးဝါးကုသမှု ခံယူနေလျက်ရှိရာတွင် လိုအပ်လာလျှင် ကုသမှုအတွက် ငွေများ ပေးပို့နိုင်ရန်အတွက် စေတနာရှင်များမှ အလှူငွေများ လှူဒါန်းလာကြရာ မြန်မာကျပ်ငွေ (၇)သိန်း ကျော်နှင့် ထိုင်းဘတ်ငွေ(၁၈၀၀၀)ကျော်ရရှိပြီဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတွင် အခမဲ့စနစ်ဖြင့် ရက်အတော်ကြာ ဆေးဝါးကုခံမှု ခံယူခဲ့ပြီး အရေးပေါ် ခွဲစိတ်ရန်လိုအပ်သည့် အသက်(၁)လကျော် ကလေးငယ်အား ဦးနေမျိုးဦးမှ ဘတ်(၃၀၀၀၀)လှူဒါန်းလာပေးသည့်အတွက် ထိုင်းနိုင်ငံ မယ်ဆိုင်ဆေးရုံသို့ နိုဝင်ဘာလ(၂၆)ရက်နေ့က ပို့ဆောင်ထားကာ ထိုမှတစ်ဆင့် ချင်းရိုင်းဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးဝါးကုသမှုခံယူနေလျက်ရှိကြောင်း သိရသည်။

"မနေ့ကတော့ ချင်းရိုင်းဆေးရုံကို ရောက်သွားပြီပြောတယ်၊ ဘယ်တော့ ခွဲစိတ်မလဲတော့ မသိရသေးဘူး၊ ကလေးအမေကို ကျွန်တော့်ဖုန်းနံပါတ် ပေးထားပါတယ်၊ ကလေးအတွက် ငွေလိုတဲ့အခါ အခု အလှူရှင်များ လှူဒါန်းလာတဲ့ ငွေတွေကို ပို့ပေးသွားမှာပါ" ဟု အဆိုပါ ကလေးငယ်အတွက် ကူညီပေးနေသည့် တာချီလိတ်ခရိုင် ကုတင်(၁၀၀)ဆံ့ ဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန် ဒေါက်တာ ကျော်စွာမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အစာအိမ်ထွက်ပေါက်ကျဉ်း ရောဂါခံစား နေရသည့် အဆိုပါ ကလေးမှာ မိုင်းဖြတ်မြို့နယ် ဟွေရိုးရွာမှဖြစ်ပြီး ကလေးအား ဆက်လက်ကုသရန် ငွေကြေး မတတ်နိုင်သည့်အတွက် ကလေးခွဲစိတ်ဆရာဝန်ကြီးများ ခွဲစိတ်ကုသပေးနိုင်သည့် ဆေးရုံကြီးများတွင် သွားရောက်၍ ခွဲစိတ်ကုသမှုခံယူရန် တာချီလိတ်ခရိုင် ကုတင်(၁၀၀)ဆံ့ ဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန် ဒေါက်တာ ကျော်စွာမြင့်က အလှူရှင်များ ရှာဖွေပေးကာ မမေဇာခြည်လင်း မှ အလှူငွေများ လက်ခံပေးနေလျက်ရှိကြောင်း သိရသည်။

ကလေးငယ်၏ ကျန်းမာရေးအတွက် နိုဝင်ဘာလ(၂၅)ရက်နေ့မှ နိုဝင်ဘာလ(၂၈)ရက်နေ့ ညနေပိုင်း အချိန်အထိ တာချီလိတ်မြို့အပါအဝင် ရန်ကုန်၊ မန္တလေးတို့မှ စေတနာရှင်များက လှူဒါန်းလာကြရာတွင် မြန်မာကျပ်ငွေ (၇၁၀၀၀၀)ကျပ် နှင့် ထိုင်းဘတ်ငွေ(၁၈၇၀၀)ဘတ် ရရှိထားကြောင်း နှင့် ဆက်လက်၍ အလှူငွေများ လှူဒါန်းလိုပါက 095241807 သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အလှူငွေများ လက်ခံပေးနေသည့် မမေဇာခြည်လင်းထံက သိရသည်။

ကလေးငယ်မှာ အူလုံးဝပိတ်နေပါက တစ်ပတ်အတွင်း သေဆုံးသွားနိုင်သော်လည်း အူကျဉ်းနေသဖြင့် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူစဉ်တစ်လျှောက်လုံး အောက်ဆီဂျင်ပေးထားရခြင်းဖြစ်ပြီး အစာအိမ်မှာ တစ်ဖြည်းဖြည်းကျယ်လာခြင်းဖြစ်ရာ အမြန်ဆုံး ခွဲစိတ်ကုသနိုင်ပါက အသက်ရှင်နိုင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~