ကိုရီးယားႏုိင္ငံမွ တင္သြင္းေနသည့္ ASDANNE အမွတ္တံဆိပ္ အလွကုန္ပစၥည္းမ်ား ထပ္မံမျဖန္႔ျဖဴးရန္ႏွင့္ ေစ်းကြက္အတြင္းမွ ျပန္သိမ္းရန္ FDA သတိေပး

ကိုရီးယားႏုိင္ငံမွ တင္သြင္းေနသည့္ ASDANNE အမွတ္တံဆိပ္ အလွကုန္ပစၥည္းမ်ား ထပ္မံမျဖန္႔ျဖဴးရန္ႏွင့္ ေစ်းကြက္အတြင္းမွ ျပန္သိမ္းရန္ FDA သတိေပး
နိုဝင်ဘာ 28, 2017
By Tachileik News Agency

ASDANNE အမွတ္တံဆိပ္ အလွကုန္ပစၥည္းမ်ားတြင္ တားျမစ္ဓာတုပစၥည္း မာက်ဴရီျမင့္မားစြာပါဝင္သျဖင့္ ေစ်းကြက္ျဖန္႔ျဖဴးျခင္းအား လံုးဝရပ္ဆုိင္းၿပီး ေစ်းကြက္အတြင္း ျဖန္႔ျဖဴးထားၿပီးျဖစ္သည့္ ပစၥည္းမ်ားကို အျမန္ဆံုးျပန္လည္ရုပ္သိမ္းရန္ႏွင့္ အဆိုပါအလွကုန္မ်ားအတြက္ FDA က ႏိုဝင္ဘာလ (၂၈)ရက္ေန႔တြင္ သတိေပး ထုတ္ျပန္လုိက္သည္။

FDA က ေစ်းကြက္မွ အလွကုန္ပစၥည္းမ်ားအား နမူနာယူ၍ စစ္ေဆးခဲ့ရာမွ ASDANNE Whitening Freckle Day Cream ႏွင့္ Night Cream တို႔တြင္ မာက်ဴရီ(ျပဒါး)ပါဝင္မႈ (၄၅၇၂.၆၁) ppm ႏွင့္ (3573.09)ppm ပါရိွေၾကာင္း စစ္ေဆးေတြ႔ရိွခဲ့သျဖင့္ အဆိုပါ အလွကုန္ပစၥည္းႏွစ္မ်ိဳးအတြက္ FDA က ထုတ္ေပးထားသည့္ လက္မွတ္မူရင္းမ်ားကို အျမန္ဆံုး ျပန္လည္အပ္ႏွံရန္ အလွကုန္ပစၥည္းမ်ား တင္သြင္းသည့္ Hmu Wady Co.,Ltd အား အေၾကာင္းၾကားထားၿပီးျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အလွကုန္ပစၥည္းမ်ားတြင္ ပါဝင္ေနသည့္ ျပဒါးသည္ အေရျပားယားယံျခင္း၊ ေရာင္ရမ္းျခင္း၊ အျဖဴအနီကြက္မ်ားျဖစ္ျခင္း၊ အေရျပားမွတစ္ဆင့္ ခႏၶာကိုယ္တြင္း စုပ္ယူ၍ ထံုက်င္ျခင္း၊ ၾကြက္သား တုန္ခါျခင္း၊ ပင္ပန္းႏြမ္းနယ္ျခင္း၊ ေခါင္းကိုက္ျခင္းႏွင့္ စိတ္က်ေရာဂါမ်ားအျပင္ ေရရွည္သံုးစြဲပါက ေက်ာက္ကပ္ပ်က္စီးျခင္းႏွင့္ အျခားေရာဂါမ်ား ျဖစ္ပြားႏုိင္ေၾကာင္း သိရသည္။

ကိုရီးယားႏုိင္ငံ Korea Haiya Biotechnology Co.,Ltd မွထုတ္လုပ္၍ မေလးရွားႏုိင္ငံ YS Mediacals Scin.Bhd မွ တင္ပို႔သည့္ ASDANNE အမွတ္တံဆိပ္ အလွကုန္ပစၥည္း (၃)မ်ိဳးအား Hmu Wady Co.,Ltd က အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန၌ မွတ္ပံုတင္ခြင့္ ေလွ်ာက္ထားခဲ့ရာ စာရြက္စာတမ္း သက္ေသအေထာက္အထားျပည့္စံုသည့္ အလွကုန္ပစၥည္း (၂)မ်ိဳးအတြက္ မွတ္ပံုတင္ျခင္းလက္မွတ္ကို ၂၀၁၇ ခုႏွစ္ ေဖေဖာ္ဝါရီလ (၁၀)ရက္ေန႔တြင္ ထုတ္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ASDANNE အမှတ်တံဆိပ် အလှကုန်ပစ္စည်းများတွင် တားမြစ်ဓာတုပစ္စည်း မာကျူရီမြင့်မားစွာပါဝင်သဖြင့် ဈေးကွက်ဖြန့်ဖြူးခြင်းအား လုံးဝရပ်ဆိုင်းပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးထားပြီးဖြစ်သည့် ပစ္စည်းများကို အမြန်ဆုံးပြန်လည်ရုပ်သိမ်းရန်နှင့် အဆိုပါအလှကုန်များအတွက် FDA က နိုဝင်ဘာလ (၂၈)ရက်နေ့တွင် သတိပေး ထုတ်ပြန်လိုက်သည်။

FDA က ဈေးကွက်မှ အလှကုန်ပစ္စည်းများအား နမူနာယူ၍ စစ်ဆေးခဲ့ရာမှ ASDANNE Whitening Freckle Day Cream နှင့် Night Cream တို့တွင် မာကျူရီ(ပြဒါး)ပါဝင်မှု (၄၅၇၂.၆၁) ppm နှင့် (3573.09)ppm ပါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် အဆိုပါ အလှကုန်ပစ္စည်းနှစ်မျိုးအတွက် FDA က ထုတ်ပေးထားသည့် လက်မှတ်မူရင်းများကို အမြန်ဆုံး ပြန်လည်အပ်နှံရန် အလှကုန်ပစ္စည်းများ တင်သွင်းသည့် Hmu Wady Co.,Ltd အား အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ အလှကုန်ပစ္စည်းများတွင် ပါဝင်နေသည့် ပြဒါးသည် အရပြေားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရပြေားမှတစ်ဆင့် ခန္ဓာကိုယ်တွင်း စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သား တုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံ Korea Haiya Biotechnology Co.,Ltd မှထုတ်လုပ်၍ မလေးရှားနိုင်ငံ YS Mediacals Scin.Bhd မှ တင်ပို့သည့် ASDANNE အမှတ်တံဆိပ် အလှကုန်ပစ္စည်း (၃)မျိုးအား Hmu Wady Co.,Ltd က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့ရာ စာရွက်စာတမ်း သက်သေအထောက်အထားပြည့်စုံသည့် အလှကုန်ပစ္စည်း (၂)မျိုးအတွက် မှတ်ပုံတင်ခြင်းလက်မှတ်ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်နေ့တွင် ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~