တာခ်ီလိတ္တြင္ ၇ ႏွစ္ၾကာသည္အထိ အေကာင္အထည္မေဖၚႏုိင္ေသးသည့္ (ဈ )ၿမိဳ႕ကြက္သစ္စီမံကိန္းတြင္ လက္ရိွေနထုိင္သူမ်ား ဖယ္ရွားရန္ ဒုတိယအႀကိမ္ ႏို႔တစ္စာထုတ္

တာခ်ီလိတ္တြင္ ၇ ႏွစ္ၾကာသည္အထိ အေကာင္အထည္မေဖၚႏုိင္ေသးသည့္ (ဈ )ၿမိဳ႕ကြက္သစ္စီမံကိန္းတြင္ လက္ရိွေနထုိင္သူမ်ား ဖယ္ရွားရန္ ဒုတိယအႀကိမ္ ႏို႔တစ္စာထုတ္
နိုဝင်ဘာ 22, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္တြင္ (၇)ႏွစ္ၾကာသည္အထိ အေကာင္အထည္ မေဖၚႏုိင္ေသးသည့္ ၿမိဳ႕ကြက္သစ္စီမံကိန္း အပိုင္း(စ်)ေျမယာကြက္သစ္တြင္ ေနထိုင္သူမ်ား အေနျဖင့္ ရက္ေပါင္း (၃၀)အတြင္း ေနာက္ဆံုးဖယ္ရွားရန္ ဒုတိယအႀကိမ္ ႏို႔တစ္စာကို ႏိုဝင္ဘာလ (၂၂)ရက္ေန႔တြင္ တာခ်ီလိတ္ၿမိဳ႕နယ္မွ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဒုတိယအုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္ ဦးေဆာင္သည့္ ပူးေပါင္းအဖြဲ႕က လိုက္လံေပးအပ္ေၾကာင္း သိရသည္။

အဆုိပါ ေနရာ၌ က်ဴးေက်ာ္ေနထုိင္ျခင္း မလုပ္ေဆာင္ရန္ ၂၀၁၇ ခုႏွစ္ ဇြန္လ(၁၈)ရက္ေန႔တြင္ တားျမစ္ ဆုိင္းဘုတ္မ်ား စိုက္ထူခဲ့ၿပီးေနာက္ လက္ရိွေနထုိင္ေနသူမ်ား ဖယ္ရွားေပးရန္ စက္တင္ဘာလ (၁၄)ရက္ေန႔က ပထမအႀကိမ္ ႏို႔တစ္စာ ထုတ္ခဲ့ျခင္းျဖစ္ကာ ဒုတိယအႀကိမ္အျဖစ္ ႏိုဝင္ဘာလ (၂၀)ရက္ေန႔မွစ၍ ရက္ေပါင္း (၃၀)အတြင္း ဖယ္ရွားရန္ ထပ္မံထုတ္ျပန္လုိက္ျခင္းျဖစ္သည္။

 “အေထာက္အထား ခိုင္လုံစြာ မရိွဘဲနဲ႔ အရပ္စာခ်ဳပ္နဲ႕ အေရာင္းအဝယ္ေတြ လုပ္ၾကၿပီးေတာ့ ေနထိုင္ေနတဲ့ အေပၚမွာ ကၽြန္ေတာ္တို႔ ဒုတိယအႀကိမ္ ႏို႔တစ္စာကပ္တာျဖစ္ပါတယ္။ ပထမအႀကိမ္ တုန္းကလည္း ကပ္ၿပီးပါၿပီ။ ပထမအႀကိမ္လာတုန္းကေတာ့ ျခံစည္းရိုးခတ္ထားတာတို႔၊ သြပ္ဆူးႀကိဳးေတြနဲ႔ ကာထားတာတို႔ ရိွေပမဲ့ ဒီတစ္ႀကိမ္မွာ မေတြ႕ရေတာ့တာ ရိွသလို မဖယ္ေသးတဲ့ လူေတြကလည္း ရိွေနတဲ့အတြက္ ဒုတိယအႀကိမ္ ကပ္တာျဖစ္ပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ ဒုတိယအုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်ဴးေက်ာ္ေနထိုင္သူမ်ားအေနျဖင့္ ဖယ္ရွားေပးရန္ လုပ္ထံုးလုပ္နည္းအရ ႏို႔တစ္စာကို တတိယအႀကိမ္ထိ ထုတ္ၿပီးသည္ အထိ ဖယ္ရွားျခင္း မရိွပါက ဥပေဒအရ အေရးယူေဆာင္ရြက္ျခင္း လုပ္ေဆာင္ရမည္ ျဖစ္ေၾကာင္း သိရသည္။

 “က်ဴးေက်ာ္ေနထိုင္တယ္လို႔ သူတို႔ကသတ္မွတ္ေပမဲ့ ကၽြန္ေတာ္ဒီေနရာမွာ ေန ေနတာက (၁၇)ႏွစ္ေက်ာ္ေနၿပီ ျဖစ္တဲ့အတြက္ သူတို႔အခုလို သတ္မွတ္တဲ့ အေပၚ လက္မခံပါဘူး။ သူတို႔က ကၽြန္ေတာ္တို႔ကို က်ဴးေက်ာ္ေနထိုင္တယ္ဆိုၿပီးေတာ့ မတရားသျဖင့္ ဆြဲသြင္းၿပီးေတာ့ ႏုိ႔တစ္စာ လာကပ္ပါတယ္”ဟု လက္ရိွ ေနထိုင္ေနသူတစ္ဦးက ေျပာသည္။

အဆိုပါ ေျမယာကြက္သစ္စီမံကိန္းေဖၚေဆာင္သည့္ ဧရိယာ ဧက (၄၀)အား ရွမ္းျပည္နယ္ ေအးခ်မ္းသာယာေရးႏွင့္ ဖြံ႕ၿဖိဳးေရးေကာင္စီ(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕က ၂၀၁၀ ခုႏွစ္ ၾသဂုတ္လ (၂၈)ရက္ေန႔ ေန႔စြဲပါစာျဖင့္ ခြင့္ျပဳခဲ့ျခင္းျဖစ္ေသာ္လည္း တာဝန္ယူေဖာ္ေဆာင္သည့္ ကုမၸဏီမ်ားက ၂၀၁၇ ခုႏွစ္အထိ ၿပီးျပတ္ေအာင္ အေကာင္အထည္ေဖာ္ႏိုင္ခဲ့ျခင္း မရိွျဖစ္ေနခ်ိန္တြင္ မူလေျမပိုင္ရွင္ဆိုသူထံမွ ဝယ္ယူကာ ေနထုိင္သူမ်ား ရိွလာျခင္းျဖစ္ေၾကာင္း သိရသည္။

“အစိုးရက ေျမကြက္သစ္ေဖာ္ေတာ့ ဌာနဆိုင္ရာေတြကို ေျမေပးမိန္႔နဲ႔ ခ်ေပးတဲ့အကြက္ေတြေပါ့။ အဲဒီေျမေပးမိန္႔ရိွေတာ့ ဌာနဆုိင္ရာအရာရိွေတြ၊ တပ္ကအရာရိွေတြဆီကေန ျပန္ဝယ္ထားတာေပါ့။ အဲဒီမွာ ဒီေျမကြက္သစ္ကို စၿပီးအေကာင္အထည္ေဖာ္တဲ့ ကုမၸဏီက ဆံုးခန္းတုိင္ေအာင္ ဆက္မလုပ္ေတာ့ ဒီျပႆနာေတြ ျဖစ္ကုန္တာေပါ့။ စလုပ္တဲ့ တစ္ႏွစ္၊ ႏွစ္ႏွစ္ေလာက္ပဲ ဒီကုမၸဏီက အလုပ္လုပ္တယ္။ ေနာက္ပိုင္း ရပ္သြားတယ္။ ဒီေတာ့ အရင္က ေျမပိုင္ရွင္ပါဆိုသူက ျပန္ဝင္လာတယ္။ သူတို႔ပိုင္ေျမပါဆိုၿပီး တစ္ဆင့္ေရာင္းခ်တာေတြ လုပ္လာတယ္”ဟု အဆိုပါေျမကြက္သစ္တြင္ ဝယ္ယူထားသူတစ္ဦးျဖစ္သည့္ ဦးေဌးဝင္းက ပထမအႀကိမ္ ႏို႔တစ္စာထုတ္ခ်ိန္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ရွင္းလင္းေျပာၾကားခဲ့သည္။

လက္ရိွတြင္ အဆိုပါၿမိဳ႕ကြက္သစ္စီမံကိန္း မၿပီးေသးေသာ္လည္း အဆိုပါစီမံကိန္းမွ ေျမေပးမိန္႔ျဖင့္ ရရိွထားသူမ်ားႏွင့္ မူလပိုင္ရွင္ဆိုသူထံမွ အရပ္စာခ်ဳပ္မ်ားျဖင့္ ဝယ္ယူထားသူမ်ား ရိွေနၾကသျဖင့္ အျငင္းပြားမႈမ်ား ရိွေနျခင္းျဖစ္သည္။

“စီမံကိန္းကြက္သစ္ လုပ္လုိက္ၿပီဆိုရင္ အေကာင္အထည္ေဖာ္မယ့္သူကို လန(၃၉)ခ်ထားၿပီး ေဖာ္ေဆာင္ခိုင္းတယ္။ သူတို႔က လမ္းေတြ၊ ေျမကြက္ေတြ ေဖာ္ေဆာင္ၿပီးရင္ ေျမစာရင္းက ေျမကြက္ အမွတ္ေတြ အတုိင္းအတာေတြကို စာရင္းထူေထာင္ရတယ္။ ဒီလို စာရင္းထူေထာင္ၿပီးၿပီဆိုမွ ဝယ္တဲ့သူက ေျမစာရင္းက ေျမပံုေျမစာရင္းကို ၾကည့္ၿပီး စာရြက္စာတမ္းမွတ္ပံုတင္ၿပီး ဝယ္ယူရတယ္။ ဒါဆို တရားဝင္တယ္ေပါ့။ အခုဟာက ေျမကြက္က ဘယ္နားလဲေတာင္ မသိေသးဘူး။ စီမံကိန္း မၿပီးေသးဘူး ေျမေပးမိန္႔နဲ႔ ဒီအတုိင္း ေရာင္းဝယ္ၾကတာေပါ့။ ဒီလိုလုပ္တာေတြက ေရာင္းသူေတြက ထပ္ခါထပ္ခါ ေရာင္းထားတာမ်ိဳးေတြ ရိွတတ္တယ္။ စီမံကိန္းၿပီးလို႔ အမွန္တကယ္ ေျမကြက္ထြက္လာခ်ိန္မွာ ဝယ္ယူထားသူက တစ္ေနရာထဲမွာ ႏွစ္ဦး၊ သံုးဦးျဖစ္ေနတတ္တာမ်ိဳးေတြ ႀကံဳရတတ္တယ္။ အရပ္ စာခ်ဳပ္ဆိုတာ မခုိင္မာေတာ့ အရႈပ္အရွင္းေတြရိွႏုိင္တယ္။ ဝယ္တဲ့သူေတြ နစ္နာတာေတြ ႀကံဳရတတ္တာေပါ့”ဟု ျမန္မာႏုိင္ငံ အိမ္ၿခံေျမအသင္း (တာခ်ီလိတ္ၿမိဳ႕)၏ ဥကၠဌ ဦးဝင္းေက်ာ္က ဆိုသည္။

 လက္ရိွ ေနထိုင္သူမ်ားသည့္ ေနအိမ္ (၅၀)ေက်ာ္မွာ စီမံကိန္းမစတင္မီက ႏွစ္ရွည္သီးႏွံစိုက္ပ်ိဳးခြင့္ ရထားခဲ့သူထံမွ အိမ္ၿခံေျမတစ္ကြက္လွ်င္ ဘတ္ႏွစ္သိန္းမွ ငါးသိန္းအထိ ဝယ္ယူ ေနထုိင္သူမ်ားျဖစ္ေၾကာင္းသိရသည္။

"ဒီေျမယာရဲ႕ ေျမရာဇ၀င္ကို ကြ်န္ေတာ့္အေနနဲ႔ ရွင္းျပရမယ္ဆိုရင္ေတာ့ (၉၃.၁၉)ဧကဟာ ယခင္က ေျမလြတ္ေျမရိုင္းေျမျဖစ္ၿပီးေတာ့မွ ေဒၚနန္းခမ္းတစ္က သရက္ပင္ေတြ စိုက္ပ်ဳိးမယ္ဆိုၿပီးေတာ့ ေျမလြတ္ ေျမရိုင္း ေကာ္မတီကို ေလွ်ာက္ထားခ်က္အရ ဗဟို ေျမလြတ္ေျမရိုင္းမ်ား စီမံခန္႔ခြဲေရး အဖြဲ႔ကေနၿပီး ေျမလြတ္ေျမရိုင္း ေဖာ္ထုတ္လုပ္ကိုင္ခြင့္ ႏွစ္(၃၀)ခြင့္ျပဳေပးခဲ့တ့ဲ ေျမယာေတြ ျဖစ္ခဲ့ပါတယ္။ တစ္ခ်ိန္တုန္းက ေပါ့ေနာ္။ ကြ်န္ေတာ္တို႔ စစ္ေဆးေတြ႕ရွိခ်က္အရေတာ့ ေဒၚနန္းခမ္းတစ္က သရက္ပင္ေတြ စိုက္ပ်ဳိးခဲ့တယ္။ ဒါေပမဲ့ ေနာက္ပိုင္းမွာ စြန္႔ပစ္ခဲ့တယ္။ အဲဒီမွာ ဦးစိန္ေမာင္နဲ႔ ဦးေဇာ္ေဇာ္ထြန္းတို႔ကေနၿပီး ေတာင္ယာစပါးေတြနဲ႔ သီးႏွံစိုက္ပ်ဳိးခဲ့တယ္။ ၿပီးေတာ့မွ အဲဒီႏွစ္ေယာက္ကေနၿပီးေတာ့ အမည္ေပါက္ လုပ္ကိုင္ခြင့္ရရွိဖို႔အတြက္ ေလွ်ာက္ထားခဲ့တယ္။ ေဒၚနန္းခမ္းတစ္ ေျမယာကို ျပန္လည္လုပ္ကို္င္ခြင့္ ရုပ္သိမ္းေပးဖို႔ဆိုၿပီးေတာ့ ခရိုင္ေျမစာရင္းဦးစီးဌာနကေနၿပီး ျပည္နယ္ေျမစာရင္း ဦးစီးဌာနကို အမႈတြဲတင္ျပထားတာကို ေတြ႕ရွိရတယ္။ အခုခ်ိန္ထိေတာ့ ေျမလြတ္ ေျမရိုင္း ျပန္လည္ရုပ္သိမ္းတဲ့ တရား၀င္အမိန္႔စာေတာ့ ကြ်န္ေတာ္တို႔ဆီကို ျပန္လည္ၿပီး က်လာတာ မရွိေသးဘူး။ ဒါေပမဲ့ လုပ္ကိုင္ခြင့္ ရုပ္သိမ္းေပးဖို႔ကိုေတာ့ ျပည္နယ္ကို တင္ျပထားတာကို ေတြ႕ရွိရပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္က အဆိုပါ ေျမယာႏွင့္ ပတ္သက္၍ ၂၀၁၇ခုႏွစ္ ဇြန္လ (၁၄)ရက္ေန႔က ေျမရာဇဝင္အား ရွင္းလင္းေျပာၾကားခဲ့သည္။

အဆိုပါ ေျမယာကိစၥႏွင့္ ပတ္သက္၍ ေျမလြတ္ေျမရိုင္း လုပ္ကိုင္သည့္ ျပန္လည္ရုပ္သိမ္းေသာ တရား၀င္ အမိန္႔စာမွာ တာခ်ီလိတ္ရွိ သက္ဆိုင္ရာဌာနမ်ားသို႔ ေရာက္ရွိလာျခင္းမရွိေသးေသာ္လည္း ရွမ္းျပည္နယ္ ေအးခ်မ္းသာယာေရးႏွင့္ ဖြံ႔ၿဖဳိးေရးေကာင္စီ အေရွ႕ပိုင္း(က်ဳိင္းတံု)မွ ၂၀၁၀ခုႏွစ္ ၾသဂုတ္လ(၂၈)ရက္ေန႔တြင္ အဆိုပါေနရာအား ၿမိဳ႕ကြက္သစ္ အေကာင္အထည္ေဖာ္ရန္အတြက္ ခြင့္ျပဳေပးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္း(ခ)ရပ္ကြက္မွ ၿမိဳ႕ကြက္သစ္စီမံကိန္း အပိုင္း(စ်) ေျမယာကြက္သစ္ေဖာ္ေဆာင္ေနသည့္ ေျမေနရာမွာ အစိုးရစီမံခန္႔ခြဲခြင့္ရွိသည့္ေျမျဖစ္သျဖင့္ က်ဴးေက်ာ္ေနထိုင္သူမ်ား ဖယ္ရွားရမည္ျဖစ္ၿပီး ေျမယာကြက္ေဖာ္ေဆာင္မႈ ဆက္လက္ လုပ္ကို္င္မည္ ျဖစ္ေၾကာင္း စက္တင္ဘာလ (၂၅)ရက္ေန႔တြင္ ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနက ထပ္မံသတိေပးေျပာၾကားထားျခင္းျဖစ္သည္။

သတင္း/ဓါတ္ပံု #ဇြဲျမတ္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် (၇)နှစ်ကြာသည်အထိ အကောင်အထည် မဖော်နိုင်သေးသည့် မြို့ကွက်သစ်စီမံကိန်း အပိုင်း(ဈ)မြေယာကွက်သစ်တွင် နေထိုင်သူများ အနဖြေင့် ရက်ပေါင်း (၃၀)အတွင်း နောက်ဆုံးဖယ်ရှားရန် ဒုတိယအကြိမ် နို့တစ်စာကို နိုဝင်ဘာလ (၂၂)ရက်နေ့တွင် တာချီလိတ်မြို့နယ်မှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဒုတိယအုပ်ချုပ်ရေးမှူး ဦးမင်းအောင် ဦးဆောင်သည့် ပူးပေါင်းအဖွဲ့က လိုက်လံပေးအပ်ကြောင်း သိရသည်။

အဆိုပါ နေရာ၌ ကျူးကျော်နေထိုင်ခြင်း မလုပ်ဆောင်ရန် ၂၀၁၇ ခုနှစ် ဇွန်လ(၁၈)ရက်နေ့တွင် တားမြစ် ဆိုင်းဘုတ်များ စိုက်ထူခဲ့ပြီးနောက် လက်ရှိနေထိုင်နေသူများ ဖယ်ရှားပေးရန် စက်တင်ဘာလ (၁၄)ရက်နေ့က ပထမအကြိမ် နို့တစ်စာ ထုတ်ခဲ့ခြင်းဖြစ်ကာ ဒုတိယအကြိမ်အဖြစ် နိုဝင်ဘာလ (၂၀)ရက်နေ့မှစ၍ ရက်ပေါင်း (၃၀)အတွင်း ဖယ်ရှားရန် ထပ်မံထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

 “အထောက်အထား ခိုင်လုံစွာ မရှိဘဲနဲ့ အရပ်စာချုပ်နဲ့ အရောင်းအဝယ်တွေ လုပ်ကြပြီးတော့ နေထိုင်နေတဲ့ အပေါ်မှာ ကျွန်တော်တို့ ဒုတိယအကြိမ် နို့တစ်စာကပ်တာဖြစ်ပါတယ်။ ပထမအကြိမ် တုန်းကလည်း ကပ်ပြီးပါပြီ။ ပထမအကြိမ်လာတုန်းကတော့ ခြံစည်းရိုးခတ်ထားတာတို့၊ သွပ်ဆူးကြိုးတွေနဲ့ ကာထားတာတို့ ရှိပေမဲ့ ဒီတစ်ကြိမ်မှာ မတွေ့ရတော့တာ ရှိသလို မဖယ်သေးတဲ့ လူတွေကလည်း ရှိနေတဲ့အတွက် ဒုတိယအကြိမ် ကပ်တာဖြစ်ပါတယ်”ဟု တာချီလိတ်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျူးကျော်နေထိုင်သူများအနဖြေင့် ဖယ်ရှားပေးရန် လုပ်ထုံးလုပ်နည်းအရ နို့တစ်စာကို တတိယအကြိမ်ထိ ထုတ်ပြီးသည် အထိ ဖယ်ရှားခြင်း မရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်ခြင်း လုပ်ဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

 “ကျူးကျော်နေထိုင်တယ်လို့ သူတို့ကသတ်မှတ်ပေမဲ့ ကျွန်တော်ဒီနေရာမှာ နေ နေတာက (၁၇)နှစ်ကျော်နပြေီ ဖြစ်တဲ့အတွက် သူတို့အခုလို သတ်မှတ်တဲ့ အပေါ် လက်မခံပါဘူး။ သူတို့က ကျွန်တော်တို့ကို ကျူးကျော်နေထိုင်တယ်ဆိုပြီးတော့ မတရားသဖြင့် ဆွဲသွင်းပြီးတော့ နို့တစ်စာ လာကပ်ပါတယ်”ဟု လက်ရှိ နေထိုင်နေသူတစ်ဦးက ပြောသည်။

အဆိုပါ မြေယာကွက်သစ်စီမံကိန်းဖော်ဆောင်သည့် ဧရိယာ ဧက (၄၀)အား ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(အရှေ့ပိုင်း) ကျိုင်းတုံမြို့က ၂၀၁၀ ခုနှစ် သြဂုတ်လ (၂၈)ရက်နေ့ နေ့စွဲပါစာဖြင့် ခွင့်ပြုခဲ့ခြင်းဖြစ်သော်လည်း တာဝန်ယူဖော်ဆောင်သည့် ကုမ္ပဏီများက ၂၀၁၇ ခုနှစ်အထိ ပြီးပြတ်အောင် အကောင်အထည်ဖော်နိုင်ခဲ့ခြင်း မရှိဖြစ်နေချိန်တွင် မူလမြေပိုင်ရှင်ဆိုသူထံမှ ဝယ်ယူကာ နေထိုင်သူများ ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

“အစိုးရက မြေကွက်သစ်ဖော်တော့ ဌာနဆိုင်ရာတွေကို မြေပေးမိန့်နဲ့ ချပေးတဲ့အကွက်တွေပေါ့။ အဲဒီမြေပေးမိန့်ရှိတော့ ဌာနဆိုင်ရာအရာရှိတွေ၊ တပ်ကအရာရှိတွေဆီကနေ ပြန်ဝယ်ထားတာပေါ့။ အဲဒီမှာ ဒီမြေကွက်သစ်ကို စပြီးအကောင်အထည်ဖော်တဲ့ ကုမ္ပဏီက ဆုံးခန်းတိုင်အောင် ဆက်မလုပ်တော့ ဒီပြဿနာတွေ ဖြစ်ကုန်တာပေါ့။ စလုပ်တဲ့ တစ်နှစ်၊ နှစ်နှစ်လောက်ပဲ ဒီကုမ္ပဏီက အလုပ်လုပ်တယ်။ နောက်ပိုင်း ရပ်သွားတယ်။ ဒီတော့ အရင်က မြေပိုင်ရှင်ပါဆိုသူက ပြန်ဝင်လာတယ်။ သူတို့ပိုင်မြေပါဆိုပြီး တစ်ဆင့်ရောင်းချတာတွေ လုပ်လာတယ်”ဟု အဆိုပါမြေကွက်သစ်တွင် ဝယ်ယူထားသူတစ်ဦးဖြစ်သည့် ဦးဌေးဝင်းက ပထမအကြိမ် နို့တစ်စာထုတ်ချိန်က တာချီလိတ်သတင်းအေဂျင်စီသို့ ရှင်းလင်းပြောကြားခဲ့သည်။

လက်ရှိတွင် အဆိုပါမြို့ကွက်သစ်စီမံကိန်း မပြီးသေးသော်လည်း အဆိုပါစီမံကိန်းမှ မြေပေးမိန့်ဖြင့် ရရှိထားသူများနှင့် မူလပိုင်ရှင်ဆိုသူထံမှ အရပ်စာချုပ်များဖြင့် ဝယ်ယူထားသူများ ရှိနကြေသဖြင့် အငြင်းပွားမှုများ ရှိနခြေင်းဖြစ်သည်။

“စီမံကိန်းကွက်သစ် လုပ်လိုက်ပြီဆိုရင် အကောင်အထည်ဖော်မယ့်သူကို လန(၃၉)ချထားပြီး ဖော်ဆောင်ခိုင်းတယ်။ သူတို့က လမ်းတွေ၊ မြေကွက်တွေ ဖော်ဆောင်ပြီးရင် မြေစာရင်းက မြေကွက် အမှတ်တွေ အတိုင်းအတာတွေကို စာရင်းထူထောင်ရတယ်။ ဒီလို စာရင်းထူထောင်ပြီးပြီဆိုမှ ဝယ်တဲ့သူက မြေစာရင်းက မြေပုံမြေစာရင်းကို ကြည့်ပြီး စာရွက်စာတမ်းမှတ်ပုံတင်ပြီး ဝယ်ယူရတယ်။ ဒါဆို တရားဝင်တယ်ပေါ့။ အခုဟာက မြေကွက်က ဘယ်နားလဲတောင် မသိသေးဘူး။ စီမံကိန်း မပြီးသေးဘူး မြေပေးမိန့်နဲ့ ဒီအတိုင်း ရောင်းဝယ်ကြတာပေါ့။ ဒီလိုလုပ်တာတွေက ရောင်းသူတွေက ထပ်ခါထပ်ခါ ရောင်းထားတာမျိုးတွေ ရှိတတ်တယ်။ စီမံကိန်းပြီးလို့ အမှန်တကယ် မြေကွက်ထွက်လာချိန်မှာ ဝယ်ယူထားသူက တစ်နေရာထဲမှာ နှစ်ဦး၊ သုံးဦးဖြစ်နေတတ်တာမျိုးတွေ ကြုံရတတ်တယ်။ အရပ် စာချုပ်ဆိုတာ မခိုင်မာတော့ အရှုပ်အရှင်းတွေရှိနိုင်တယ်။ ဝယ်တဲ့သူတွေ နစ်နာတာတွေ ကြုံရတတ်တာပေါ့”ဟု မြန်မာနိုင်ငံ အိမ်ခြံမြေအသင်း (တာချီလိတ်မြို့)၏ ဥက္ကဌ ဦးဝင်းကျော်က ဆိုသည်။

 လက်ရှိ နေထိုင်သူများသည့် နေအိမ် (၅၀)ကျော်မှာ စီမံကိန်းမစတင်မီက နှစ်ရှည်သီးနှံစိုက်ပျိုးခွင့် ရထားခဲ့သူထံမှ အိမ်ခြံမြေတစ်ကွက်လျှင် ဘတ်နှစ်သိန်းမှ ငါးသိန်းအထိ ဝယ်ယူ နေထိုင်သူများဖြစ်ကြောင်းသိရသည်။

"ဒီမြေယာရဲ့ မြေရာဇဝင်ကို ကျွန်တော့်အနေနဲ့ ရှင်းပြရမယ်ဆိုရင်တော့ (၉၃.၁၉)ဧကဟာ ယခင်က မြေလွတ်မြေရိုင်းမြဖြေစ်ပြီးတော့မှ ဒေါ်နန်းခမ်းတစ်က သရက်ပင်တွေ စိုက်ပျိုးမယ်ဆိုပြီးတော့ မြေလွတ် မြေရိုင်း ကော်မတီကို လျှောက်ထားချက်အရ ဗဟို မြေလွတ်မြေရိုင်းများ စီမံခန့်ခွဲရေး အဖွဲ့ကနပြေီး မြေလွတ်မြေရိုင်း ဖော်ထုတ်လုပ်ကိုင်ခွင့် နှစ်(၃၀)ခွင့်ပြုပေးခဲ့တဲ့ မြေယာတွေ ဖြစ်ခဲ့ပါတယ်။ တစ်ချိန်တုန်းက ပေါ့နော်။ ကျွန်တော်တို့ စစ်ဆေးတွေ့ရှိချက်အရတော့ ဒေါ်နန်းခမ်းတစ်က သရက်ပင်တွေ စိုက်ပျိုးခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ စွန့်ပစ်ခဲ့တယ်။ အဲဒီမှာ ဦးစိန်မောင်နဲ့ ဦးဇော်ဇော်ထွန်းတို့ကနပြေီး တောင်ယာစပါးတွေနဲ့ သီးနှံစိုက်ပျိုးခဲ့တယ်။ ပြီးတော့မှ အဲဒီနှစ်ယောက်ကနပြေီးတော့ အမည်ပေါက် လုပ်ကိုင်ခွင့်ရရှိဖို့အတွက် လျှောက်ထားခဲ့တယ်။ ဒေါ်နန်းခမ်းတစ် မြေယာကို ပြန်လည်လုပ်ကို်င်ခွင့် ရုပ်သိမ်းပေးဖို့ဆိုပြီးတော့ ခရိုင်မြေစာရင်းဦးစီးဌာနကနပြေီး ပြည်နယ်မြေစာရင်း ဦးစီးဌာနကို အမှုတွဲတင်ပြထားတာကို တွေ့ရှိရတယ်။ အခုချိန်ထိတော့ မြေလွတ် မြေရိုင်း ပြန်လည်ရုပ်သိမ်းတဲ့ တရားဝင်အမိန့်စာတော့ ကျွန်တော်တို့ဆီကို ပြန်လည်ပြီး ကျလာတာ မရှိသေးဘူး။ ဒါပေမဲ့ လုပ်ကိုင်ခွင့် ရုပ်သိမ်းပေးဖို့ကိုတော့ ပြည်နယ်ကို တင်ပြထားတာကို တွေ့ရှိရပါတယ်"ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က အဆိုပါ မြေယာနှင့် ပတ်သက်၍ ၂၀၁၇ခုနှစ် ဇွန်လ (၁၄)ရက်နေ့က မြေရာဇဝင်အား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ မြေယာကိစ္စနှင့် ပတ်သက်၍ မြေလွတ်မြေရိုင်း လုပ်ကိုင်သည့် ပြန်လည်ရုပ်သိမ်းသော တရားဝင် အမိန့်စာမှာ တာချီလိတ်ရှိ သက်ဆိုင်ရာဌာနများသို့ ရောက်ရှိလာခြင်းမရှိသေးသော်လည်း ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အရှေ့ပိုင်း(ကျိုင်းတုံ)မှ ၂၀၁၀ခုနှစ် သြဂုတ်လ(၂၈)ရက်နေ့တွင် အဆိုပါနေရာအား မြို့ကွက်သစ် အကောင်အထည်ဖော်ရန်အတွက် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်မှ မြို့ကွက်သစ်စီမံကိန်း အပိုင်း(ဈ) မြေယာကွက်သစ်ဖော်ဆောင်နေသည့် မြေနေရာမှာ အစိုးရစီမံခန့်ခွဲခွင့်ရှိသည့်မြဖြေစ်သဖြင့် ကျူးကျော်နေထိုင်သူများ ဖယ်ရှားရမည်ဖြစ်ပြီး မြေယာကွက်ဖော်ဆောင်မှု ဆက်လက် လုပ်ကို်င်မည် ဖြစ်ကြောင်း စက်တင်ဘာလ (၂၅)ရက်နေ့တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ထပ်မံသတိပေးပြောကြားထားခြင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~