ခိုးမႈျဖင့္ ခ်ဳပ္ေႏွာင္ထားသည့္ အခ်ဳပ္သားႏွစ္ဦး အခ်ဳပ္ခန္းတြင္မွ ထြက္ေျပးလြတ္ေျမာက္

ခိုးမႈျဖင့္ ခ်ဳပ္ေႏွာင္ထားသည့္ အခ်ဳပ္သားႏွစ္ဦး အခ်ဳပ္ခန္းတြင္မွ ထြက္ေျပးလြတ္ေျမာက္
နိုဝင်ဘာ 20, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး ေအာင္လံၿမိဳ႕ ၿမိဳ႕မရဲစခန္း အခ်ဳပ္ခန္းမွ အခ်ဳပ္သား(၂)ဦး ႏိုဝင္ဘာ(၂၀)ရက္ နံနက္ပိုင္းက ထြက္ေျပးလြတ္ေျမာက္သြားသျဖင့္ ေအာာင္လံရဲတပ္ဖဲြ႔မွ လိုက္လံရွာေဖြလ်က္ရိွေၾကာင္း သိရသည္။

“မနက္ (၂)နာရီနဲ႔ (၄)နာရီၾကားမွာ ထြက္ေျပးသြားတာလို႔ စစ္ေဆးသိရိွရပါတယ္။ အခ်ဳပ္ခန္းဟာ ႏွစ္ေပါင္း ရာေက်ာ္ေနၿပီျဖစ္လို႔ ေဆြးေျမ့ေနတဲ႔ မ်က္ႏွာက်က္ သံဇကာ၊ အမိုးအုတ္ ၾကြပ္ျပားကိုလွန္ၿပီး ထြက္ေျပးသြားတာ ျဖစ္ပါတယ္။ ခိုးမႈနဲ႔ ခ်ဳပ္ေႏွာင္ထားတဲ့ တရားခံေတြ ျဖစ္ပါတယ္”ဟု ေအာင္လံၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴးထင္ေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ထြက္ေျပးလြတ္ေျမာက္သြားသူမ်ားမွာ ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕မွ အသက္(၃၀)အရြယ္ သန္းေဇာ္ေထြး(ခ) ၾကည္ခိုင္ႏွင္႔ ေအာင္လံၿမိဳ႕ စက္ရံုရပ္ကြက္ ရြာမ(၁) လမ္းေန အသက္(၂၁)ႏွစ္အရြယ္ ေက်ာ္စိုး(ခ) ေက်ာ္ေဇယ် တို႔ျဖစ္ၿပီး ပုဒ္မ ၃၈၀ အမႈျဖင္႔ ခ်ဳပ္ေႏွာင္ခံထားရသူမ်ားျဖစ္ေၾကာင္း သိရသည္။

“တာဝန္မွဴးရဲအုပ္ ေက်ာ္မ်ိဳးသြင္ႏွင့္ ကင္းတာဝန္က် ရဲတပ္ဖြဲ႔ဝင္(၇)ဦးတို႔ကို တာဝန္ေပါ႔ေလ်ာ႔တဲ႔ အတြက္ ရဲစည္းကမ္းထိန္းသိမ္းေရးဥပေဒ နဲ႔ အေရးယူႏိုင္ဖို႔ ေအာင္လံ ၿမိဳ႕မရဲစခန္းမွာ ခ်ဳပ္ေႏွာင္ထားပါတယ္"ဟု ဒုရဲမွဴးထင္ေက်ာ္က ေျပာသည္။

ထြက္ေျပးလြတ္ေျမာက္ေနသူႏွစ္ဦးအား အျမန္ဆံုး ျပန္လည္ဖမ္းဆီးရမိရန္ ကားဂိတ္၊ ဘူတာ၊ ဆိပ္ကမ္း တို႔တြင္ ပိတ္ဆို႔႐ွာေဖြလ်က္ရိွၿပီး ေအာင္လံၿမိဳ႕နယ္အတြင္း႐ွိ ရဲစခန္း၊ ရဲကင္းမ်ားႏွင္႔ အျခား ဆက္စပ္ၿမိဳ႕နယ္မ်ား႐ွိ ရဲစခန္းမ်ားအား ဆက္သြယ္အေၾကာင္းၾကားထားေၾကာင္း သိရသည္။

သတင္း #ဖီးနစ္
ဓာတ္ပံု #ရဲတပ္ဖြဲ႕



~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး အောင်လံမြို့ မြို့မရဲစခန်း အချုပ်ခန်းမှ အချုပ်သား(၂)ဦး နိုဝင်ဘာ(၂၀)ရက် နံနက်ပိုင်းက ထွက်ပြေးလွတ်မြောက်သွားသဖြင့် အောင်လံရဲတပ်ဖွဲ့မှ လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။

“မနက် (၂)နာရီနဲ့ (၄)နာရီကြားမှာ ထွက်ပြေးသွားတာလို့ စစ်ဆေးသိရှိရပါတယ်။ အချုပ်ခန်းဟာ နှစ်ပေါင်း ရာကျော်နပြေီဖြစ်လို့ ဆွေးမြေ့နေတဲ့ မျက်နှာကျက် သံဇကာ၊ အမိုးအုတ် ကြွပ်ပြားကိုလှန်ပြီး ထွက်ပြေးသွားတာ ဖြစ်ပါတယ်။ ခိုးမှုနဲ့ ချုပ်နှောင်ထားတဲ့ တရားခံတွေ ဖြစ်ပါတယ်”ဟု အောင်လံမြို့မရဲစခန်းမှူး ဒုရဲမှူးထင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထွက်ပြေးလွတ်မြောက်သွားသူများမှာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှ အသက်(၃၀)အရွယ် သန်းဇော်ထွေး(ခ) ကြည်ခိုင်နှင့် အောင်လံမြို့ စက်ရုံရပ်ကွက် ရွာမ(၁) လမ်းနေ အသက်(၂၁)နှစ်အရွယ် ကျော်စိုး(ခ) ကျော်ဇေယျ တို့ဖြစ်ပြီး ပုဒ်မ ၃၈၀ အမှုဖြင့် ချုပ်နှောင်ခံထားရသူများဖြစ်ကြောင်း သိရသည်။

“တာဝန်မှူးရဲအုပ် ကျော်မျိုးသွင်နှင့် ကင်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင်(၇)ဦးတို့ကို တာဝန်ပေါ့လျော့တဲ့ အတွက် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ နဲ့ အရေးယူနိုင်ဖို့ အောင်လံ မြို့မရဲစခန်းမှာ ချုပ်နှောင်ထားပါတယ်"ဟု ဒုရဲမှူးထင်ကျော်က ပြောသည်။

ထွက်ပြေးလွတ်မြောက်နေသူနှစ်ဦးအား အမြန်ဆုံး ပြန်လည်ဖမ်းဆီးရမိရန် ကားဂိတ်၊ ဘူတာ၊ ဆိပ်ကမ်း တို့တွင် ပိတ်ဆို့ရှာဖွေလျက်ရှိပြီး အောင်လံမြို့နယ်အတွင်းရှိ ရဲစခန်း၊ ရဲကင်းများနှင့် အခြား ဆက်စပ်မြို့နယ်များရှိ ရဲစခန်းများအား ဆက်သွယ်အကြောင်းကြားထားကြောင်း သိရသည်။

သတင်း #ဖီးနစ်
ဓာတ်ပုံ #ရဲတပ်ဖွဲ့ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~