တောင်ကြီးတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသင်းအဖွဲ့(၃)ခု အသစ်ဖွဲ့စည်း
တောင်ကြီးတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသင်းအဖွဲ့(၃)ခု အသစ်ဖွဲ့စည်း
နိုဝင်ဘာ 21, 2017
By Tachileik News Agency
အဆိုပါ အသင်းအဖွဲ့များကို မြို့နယ်အသီးသီးတွင်လည်း ဖွဲ့စည်းနေပြီး အသင်းအဖွဲ့တစ်ခုချင်းစီ၏ ကဏ္ဍအလိုက် ဆောင်ရွက်မှုများတွင် အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းပါဝင်လာရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - နိုနို
~~~~~~~~⊰❂ unicode ~~~~~~~~
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့တွင် အသင်းအဖွဲ့ (၃)ခုအား နိုဝင်ဘာလ (၂၀)ရက်နေ့က ဖွဲ့စည်းလိုက်ပြီး သက်ဆိုင်ရာကဏ္ဍများအလိုက် အရပ်ဖက်အဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။
တောင်ကြီးမြို့တွင် အဆိုပါ အဖွဲ့များဖွဲ့စည်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးအား နိုဝင်ဘာလ (၂၀)ရက်နေ့တွင် ကျင်းပရာ လူမှုအဖွဲ့အစည်းနှင့် ဒေသခံပြည်သူ စုစုပေါင်း (၃၀)ကျော်ခန့် တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
“ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို အဖွဲ့တွေက ပူးပေါင်းပါဝင်ပြီး ဆောင်ရွက်နိုင်အောင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကလည်း လူမှုအကျိုးပြုတစ်ခုဖြစ်လာအောင် အားလုံးပူးပေါင်းပြီး ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ပါတယ်။ လက်ရှိမှာတော့ တောင်ကြီးက ပြည်သူတွေနဲ့ တစ်ဖွဲ့ကို အမှုဆောင် (၇) ဦးစီ ဖွဲ့စည်းထားပါတယ်။ တခြားမြို့နယ်တွေမှာလည်း အဖွဲ့အသီးသီးဖွဲ့နေပါပြီ။ ကျွန်တော်တို့ ပြန်/ဆက်ကနပြေီးတော့ အဖွဲ့လေးတွဖြေစ်အောင် စီစဉ်ဆောင်ရွက်ပေးတယ်။ ဦးဆောင်လုပ်မှာကတော့ လူမှုအဖွဲ့အစည်းတွေကပဲ ဦးဆောင်ပြုလုပ်သွားမှာဖြစ်ပါတယ်။ အဖွဲ့ဝင်တွေအနေနဲ့ကတော့ ပါဝင်လှုပ်ရှားတဲ့ ပြည်သူတွေအကုန်လုံး ပါဝင်နိုင်ပါတယ်”ဟု ရှမ်းပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေက ပြောသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တောင်ကြီးမြို့တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူ အသင်း (Book Club)၊ အမျိုးသမီးအသင်း (Women Club)နှင့် လူငယ်များအသင်း (Youth Club) များကို တစ်ဖွဲ့လျှင် အလုပ်အမှုဆောင် (၇)ဦးဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီအသင်းအဖွဲ့တွေအားလုံး ရှေ့ဆက်လုပ်ဆောင်မယ့် အစီအစဉ်တွေကတော့ အမျိုးသမီးအသင်းဆိုရင် အမျိုးသမီးဘဝတွေဖွံ့ဖြိုးတိုးတက်ဖို့၊ အသိပညာတိုးတက်ဖို့၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ဘယ်လိုဆောင်ရွက်ပေးမယ်ဆိုတာတွေကို လုပ်ဆောင်ပေးမယ်။ စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း အနေနဲ့ကတော့ စာဖတ်ဝိုင်းတွေ၊ စာပေဟောပြောပွဲတွေ ပြုလုပ်ပေးဖို့ ဆောင်ရွက်သွားမယ်”ဟု ရှမ်းပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေက ပြောသည်။
အဆိုပါ အသင်းအဖွဲ့များကို မြို့နယ်အသီးသီးတွင်လည်း ဖွဲ့စည်းနပြေီး အသင်းအဖွဲ့တစ်ခုချင်းစီ၏ ကဏ္ဍအလိုက် ဆောင်ရွက်မှုများတွင် အရပ်ဖက်အဖွဲ့အစည်းများအနဖြေင့် ပူးပေါင်းပါဝင်လာရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - နိုနို
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~