ေက်ာက္မဲၿမိဳ႕ လြယ္အံ(တင္း)ေက်းရြာတြင္ လက္နက္ကိုင္အဖြဲ႔မွ ၀င္ေရာက္လူသစ္စုေဆာင္းမွဳေၾကာင့္ လူ(၁၀၀)ေက်ာ္ ၿမိဳ႕ေပၚသို႔ တိမ္းေရွာင္ေနရ

ေက်ာက္မဲၿမိဳ႕ လြယ္အံ(တင္း)ေက်းရြာတြင္ လက္နက္ကိုင္အဖြဲ႔မွ ၀င္ေရာက္လူသစ္စုေဆာင္းမွဳေၾကာင့္ လူ(၁၀၀)ေက်ာ္ ၿမိဳ႕ေပၚသို႔ တိမ္းေရွာင္ေနရ
နိုဝင်ဘာ 8, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာင္ပိုင္း)၊ ေက်ာက္မဲၿမိဳ႕ႏွင့္ (၁၅)မိုင္၀န္းက်င္ ေ၀းကြာသည့္ လြယ္အံ(တင္း)ေက်းရြာတြင္ ႏို၀င္ဘာလ(၇)ရက္ေန႔က TNLA တပ္သားမ်ားမွ ၀င္ေရာက္လာၿပီး လူသစ္စုေဆာင္းျခင္းေၾကာင့္ ေက်းရြာေနေဒသခံတိုင္းရင္းသား (၁၀၀)ေက်ာ္ ေက်ာက္မဲၿမိဳ႕သို႔ တိမ္းေရွာင္လာခဲ့ရေၾကာင္း သိရသည္။

"တပ္သား ၁၀၀ ေလာက္က ရြာထဲဝင္လာၿပီး ေဒသခံေတြအကုန္လံုး ႏိုဝင္ဘာလ(၈)ရက္ မွာ လူစုေပးရမယ္လို႔ေျပာတ့ဲအတြက္ ေဒသခံေတြက လွမ္းၿပီးအေၾကာင္းၾကားလာတာ။ သူတို႔ထြက္ေျပးလာမလို႔ လာႀကိဳ ေပးပါဆိုေတာ့ ကြ်န္ေတာ္တို႕အသင္းကေန ညတြင္းခ်င္းသြားႀကိဳေပးရတယ္။ ေက်ာက္မဲ အမွတ္ (၈)ရပ္ကြက္က ဓမၼာရံုမွာ ေနရာခ်ထားေပးထားတယ္ ။ ညစာကေတာ့ အ့ဲဒီ အနီးက ၿမိဳ႕ခံေတြကစီစဥ္ေပးတယ္"ဟု ေက်ာက္မဲၿမိဳ႕ ဇီဝိတ လူမႈကူညီေရးအသင္းမွ ကိုေစာမင္းၾကဴက တာခီ်လိတ္သတင္းေအဂ်င္စီသို႕ ေျပာသည္။

ထြက္ေျပးလာသည့္ ေဒသခံမ်ားမွာ ရြာလံုးကြ်တ္ေျပးလာျခင္းျဖစ္ၿပီး ေနရပ္မွ ေျခလ်င္ ထြက္ေျပးလာျခင္းျဖစ္ကာ ေက်ာက္မဲရွိ ဇီဝိတ လူမႈကူညီေရးအသင္း မွ (၁၀)မိုင္ခန္႔အကြာတြင္ ကားျဖင့္ သြားေရာက္ႀကိဳခ့ဲရျခင္း ျဖစ္ေၾကာင္း သိရသည္။

လြယ္အံ(တင္း)ေက်းရြာရွိ ဘုန္းေတာ္ႀကီးေက်ာင္းမွ သံဃာ(၁)ပါး ၊ ကိုရင္ (၇)ပါး ႏွင့္ အိမ္ေထာင္စု (၂၆)စု မွ ကေလး/လူႀကီးအပါအဝင္ က်ား (၃၉)ဦး ၊ မ(၆၄) ဦး စုစုေပါင္း (၁၀၃)ဦး ျဖစ္ေၾကာင္း ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ သိရွိရသည္။

အဆိုပါ စစ္ေျပး တိမ္းေရွာင္ျပည္သူမ်ားအတြက္ စားနပ္ရိကၡာႏွင့္ လိုအပ္ခ်က္မ်ားကို ေက်ာက္မဲၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ႏွင့္ ဌာနဆိုင္ရာမ်ားအပါအဝင္ ၿမိဳ႕ေန ေစတနာရွင္မ်ားမွ ကူညီေဆာင္ရြက္ေပးလ်က္ ရွိေၾကာင္းသိရွိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓာတ္ပံု - ကိုေစာမင္းၾကဴ



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောင်ပိုင်း)၊ ကျောက်မဲမြို့နှင့် (၁၅)မိုင်ဝန်းကျင်ေဝးကွာသည့် လွယ်အံ(တင်း)ကျေးရွာတွင် နိုဝင်ဘာလ(၇)ရက်နေ့က TNLA တပ်သားများမှ ဝင်ရောက်လာပြီး လူသစ်စုဆောင်းခြင်းကြောင့် ကျေးရွာနေဒေသခံတိုင်းရင်းသား (၁၀၀)ကျော် ကျောက်မဲမြို့သို့ တိမ်းရှောင်လာခဲ့ရကြောင်း သိရသည်။

"တပ်သား ၁၀၀ လောက်က ရွာထဲဝင်လာပြီး ဒေသခံတွေအကုန်လုံး နိုဝင်ဘာလ(၈)ရက် မှာ လူစုပေးရမယ်လို့ပြောတဲ့အတွက် ဒေသခံတွေက လှမ်းပြီးအကြောင်းကြားလာတာ။ သူတို့ထွက်ပြေးလာမလို့ လာကြို ပေးပါဆိုတော့ ကျွန်တော်တို့အသင်းကနေ ညတွင်းချင်းသွားကြိုပေးရတယ်။ ကျောက်မဲ အမှတ် (၈)ရပ်ကွက်က ဓမ္မာရုံမှာ နေရာချထားပေးထားတယ်။ ညစာကတော့ အဲ့ဒီ အနီးက မြို့ခံတွေကစီစဉ်ပေးတယ်"ဟု ကျောက်မဲမြို့ ဇီဝိတ လူမှုကူညီရေးအသင်းမှ ကိုစောမင်းကြူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထွက်ပြေးလာသည့် ဒေသခံများမှာ ရွာလုံးကျွတ်ပြေးလာခြင်းဖြစ်ပြီး နေရပ်မှ ခြေလျင် ထွက်ပြေးလာခြင်းဖြစ်ကာ ကျောက်မဲရှိ ဇီဝိတ လူမှုကူညီရေးအသင်း မှ (၁၀)မိုင်ခန့်အကွာတွင် ကားဖြင့် သွားရောက်ကြိုခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

လွယ်အံ(တင်း)ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းမှ သံဃာ(၁)ပါး၊ ကိုရင် (၇)ပါး နှင့် အိမ်ထောင်စု (၂၆)စု မှ ကလေး/လူကြီးအပါအဝင် ကျား (၃၉)ဦး၊ မ(၆၄) ဦး စုစုပေါင်း (၁၀၃)ဦး ဖြစ်ကြောင်း ကျောက်မဲမြို့မရဲစခန်းမှ သိရှိရသည်။

အဆိုပါ စစ်ပြေး တိမ်းရှောင်ပြည်သူများအတွက် စားနပ်ရိက္ခါနှင့် လိုအပ်ချက်များကို ကျောက်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် ဌာနဆိုင်ရာများအပါအဝင် မြို့နေ စေတနာရှင်များမှ ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်းသိရှိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ကိုစောမင်းကြူ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~