ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် မြေ၊ အဆောက်အအုံ (၁၉)ခုတွင် တာချီလိတ်မှ မြေနှင့်အဆောက်အုံ(၅)ခုပါဝင်

ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် မြေ၊ အဆောက်အအုံ (၁၉)ခုတွင် တာချီလိတ်မှ မြေနှင့်အဆောက်အုံ(၅)ခုပါဝင်
နိုဝငျဘာ 28, 2017
By Tachileik News Agency


ရှမ်းပြည်နယ်မှ တင်ဒါခေါ်ထားသည့် မြေနှင့် အဆောက်အအုံ (၅)ခုမှာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မှဖြစ်ပြီး ဆန်ဆိုင်း(က)ရှိ မြေနှင့် RC တစ်ထပ်တိုက်၊ ဆန်ဆိုင်း (ခ)ရပ်ကွက်မှ မြေနှင့် RC နှစ်ထပ်တိုက်၊ ဝမ်လုံရွာရှိ ခြံနှင့် အဆောက်အအုံ၊ ဆန်ဆိုင်း (က)ရပ်ကွက်မှ မြေနှင့် အဆောက်အအုံ (၃)လုံး၊ ဝမ်လိကျေးရွာရှိ မြေနှင့် အဆောက်အအုံများ ဖြစ်ကြောင်း သိရပြီး မြေကွက်နှစ်ခုမှာ တောင်ကြီးမြို့နယ် အေးသာယာမြို့မှ မြေကွက် (၂)ခုတို့ဖြစ်ကာ နေပြည်တော်ကောင်စီနယ်မြေမှ မြေကွက်(၁)ခု၊ မန္တလေးတိုင်းဒေသကြီးမှ မြေကွက် (၂)ခု၊ မွန်ပြည်နယ်မှ မြေနှင့်အဆောက်အအုံ (၁)ခု၊ ရန်ကုန်တိုင်းဒေသကြီးမှ မြေနှင့် အဆောက်အအုံ (၂)ခု၊ တိုက်ခန်း (၂)ခန်း၊ မြေကွက် (၂)ခု၊ ဧရာဝတီတိုင်းဒေသကြီးမှ မြေနှင့်အဆောက်အအုံ (၂)ခုတို့လည်း ပါဝင်ကြောင်း သိရသည်။

ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ရုံး၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန ရုံးအမှတ် ၃၂ နေပြည်တော်တွင် စပေါ်ငွေသွင်းရမည့် တန်ဖိုးကိုအဆိုပြုလွှာဝယ်ယူသည့်အခါ တစ်ပါတည်း ဖော်ပြပေးရမည်ဖြစ်ပြီး တင်ဒါပုံစံများကို ဒီဇင်ဘာလ (၁၁)ရက်နေ့အထိ ဝယ်ယူနိုင်ကြောင်း သိရသည်။




~~~~~~~~⊰❂ unicode ~~~~~~~~

ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်မှ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချရန် တင်ဒါခေါ်ယူထားသည့် နိုင်ငံပိုင်မြေနှင့် အဆောက်အအုံ၊ တိုက်ခန်း၊ မြေကွက် (၁၉)ခုတွင် တာချီလိတ်မြို့မှ မြေနှင့်အဆောက်အအုံ (၅)ခုအပါအဝင် ရှမ်းပြည်နယ်မှ (၇)ခုပါဝင်ကြောင်း သိရသည်။

ရှမ်းပြည်နယ်မှ တင်ဒါခေါ်ထားသည့် မြေနှင့် အဆောက်အအုံ (၅)ခုမှာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မှဖြစ်ပြီး ဆန်ဆိုင်း(က)ရှိ မြေနှင့် RC တစ်ထပ်တိုက်၊ ဆန်ဆိုင်း (ခ)ရပ်ကွက်မှ မြေနှင့် RC နှစ်ထပ်တိုက်၊ ဝမ်လုံရွာရှိ ခြံနှင့် အဆောက်အအုံ၊ ဆန်ဆိုင်း (က)ရပ်ကွက်မှ မြေနှင့် အဆောက်အအုံ (၃)လုံး၊ ဝမ်လိကျေးရွာရှိ မြေနှင့် အဆောက်အအုံများ ဖြစ်ကြောင်း သိရပြီး မြေကွက်နှစ်ခုမှာ တောင်ကြီးမြို့နယ် အေးသာယာမြို့မှ မြေကွက် (၂)ခုတို့ဖြစ်ကာ နပြေည်တော်ကောင်စီနယ်မြေမှ မြေကွက်(၁)ခု၊ မန္တလေးတိုင်းဒေသကြီးမှ မြေကွက် (၂)ခု၊ မွန်ပြည်နယ်မှ မြေနှင့်အဆောက်အအုံ (၁)ခု၊ ရန်ကုန်တိုင်းဒေသကြီးမှ မြေနှင့် အဆောက်အအုံ (၂)ခု၊ တိုက်ခန်း (၂)ခန်း၊ မြေကွက် (၂)ခု၊ ဧရာဝတီတိုင်းဒေသကြီးမှ မြေနှင့်အဆောက်အအုံ (၂)ခုတို့လည်း ပါဝင်ကြောင်း သိရသည်။

ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ရုံး၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန ရုံးအမှတ် ၃၂ နပြေည်တော်တွင် စပေါ်ငွေသွင်းရမည့် တန်ဖိုးကိုအဆိုပြုလွှာဝယ်ယူသည့်အခါ တစ်ပါတည်း ဖော်ပြပေးရမည်ဖြစ်ပြီး တင်ဒါပုံစံများကို ဒီဇင်ဘာလ (၁၁)ရက်နေ့အထိ ဝယ်ယူနိုင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~