စခန္းမွဴးႏွင့္ ဂါတ္စာေရးအား အမ်ိဳးသမီးႏွစ္ဦးက ဆႏၵေဖာ္ထုတ္

စခန္းမွဴးႏွင့္ ဂါတ္စာေရးအား အမ်ိဳးသမီးႏွစ္ဦးက ဆႏၵေဖာ္ထုတ္
နိုဝင်ဘာ 21, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး ဆင္ျဖဴကၽြန္းၿမိဳ႕ နယ္ေျမရဲစခန္းမွ စခန္းမွဴးႏွင္႔ ဂါတ္စာေရးတို႔က တရားမဝင္ ေငြတိုးေခ်းလုပ္ငန္းလုပ္ကိုင္သူအား အကာအကြယ္ေပးေနသည္ဟုဆိုကာ ႏိုဝင္ဘာလ (၂၁)ရက္ေန႔ နံနက္ပိုင္းတြင္ ဆင္ျဖဴကၽြန္းၿမိဳ႕၌ အမ်ိဳးသမီးႏွစ္ဦးက ဆႏၵထုတ္ေဖာ္ၾကသည္။

ဆႏၵထုတ္ေဖာ္သည့္ အမ်ိဳးသမီးႏွစ္ဦးက ဆင္ျဖဴကၽြန္းၿမိဳ႕ အမွတ္(၂)ရပ္ကြက္ ဆင္ျဖဴကၽြန္း - မင္းဘူး-စလင္းကားလမ္းေဘးတြင္ ဗီႏိုင္းမ်ားကိုင္ေဆာင္ကာ လက္ကိုင္အသံခ်ဲ႕စက္ျဖင့္ ဆႏၵထုတ္ေဖာ္ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

“ကၽြန္မတို႔လို မရိွဆင္းရဲသားေတြကို ေငြေခ်းရာမွာ စာခ်ဳပ္ကိုတစ္ဖက္သတ္ အပိုင္ခ်ဳပ္ဆိုရံုမက စာခ်ဳပ္မွာ လိုသလိုျပင္ဆင္မႈေတြလုပ္ၿပီး မတရားမႈျပဳေနသူကို စခန္းမွဴးနဲ႔ ဂါတ္စာေရးတို႔က အကာအကြယ္ ေပးေနပါတယ္။ တရားရံုးမွာ ေငြရွင္ဘက္က မတရားသက္ေသထြက္ဆိုၿပီး အမႈလမ္းေၾကာင္းလဲြေအာင္ ျပဳလုပ္ေနတာကို သက္ဆိုင္ရာေတြနဲ႔ ျပည္သူေတြသိရိွေအာင္ အခုလို ဆႏၵေဖာ္ထုတ္ရတာပါ” ဟု ဆႏၵထုတ္ေဖာ္သူတစ္ဦးျဖစ္သည့္ ေဒၚဝင္းေမာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယင္းဆႏၵေဖာ္ထုတ္မႈႏွင္႔ပတ္သက္၍ ဆင္ျဖဴကၽြန္း နယ္ေျမရဲစခန္းမွဴးက ၎တို႔အေနျဖင္႔ ၎အမႈအေပၚတြင္ ရဲလုပ္ထံုးလုပ္နည္း ဥပေဒႏွင္႔အညီသာ ေဆာင္ရြက္ခဲ႔ျခင္းျဖစ္ေၾကာင္း ရွင္းလင္းေျပာၾကားခဲ့သည္။

အဆိုပါ ဆႏၵေဖာ္ထုတ္မႈအတြက္ စလင္းၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွဴးရံုး၏ ခြင္႔ျပဳခ်က္ရယူလုပ္ေဆာင္ခဲ႔ျခင္းျဖစ္ ေၾကာင္း သိရသည္။

သတင္း #ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး ဆင်ဖြူကျွန်းမြို့ နယ်မြေရဲစခန်းမှ စခန်းမှူးနှင့် ဂါတ်စာရေးတို့က တရားမဝင် ငွေတိုးချေးလုပ်ငန်းလုပ်ကိုင်သူအား အကာအကွယ်ပေးနေသည်ဟုဆိုကာ နိုဝင်ဘာလ (၂၁)ရက်နေ့ နံနက်ပိုင်းတွင် ဆင်ဖြူကျွန်းမြို့၌ အမျိုးသမီးနှစ်ဦးက ဆန္ဒထုတ်ဖော်ကြသည်။

ဆန္ဒထုတ်ဖော်သည့် အမျိုးသမီးနှစ်ဦးက ဆင်ဖြူကျွန်းမြို့ အမှတ်(၂)ရပ်ကွက် ဆင်ဖြူကျွန်း - မင်းဘူး-စလင်းကားလမ်းဘေးတွင် ဗီနိုင်းများကိုင်ဆောင်ကာ လက်ကိုင်အသံချဲ့စက်ဖြင့် ဆန္ဒထုတ်ဖော်ကြခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့လို မရှိဆင်းရဲသားတွေကို ငွေချေးရာမှာ စာချုပ်ကိုတစ်ဖက်သတ် အပိုင်ချုပ်ဆိုရုံမက စာချုပ်မှာ လိုသလိုပြင်ဆင်မှုတွေလုပ်ပြီး မတရားမှုပြုနေသူကို စခန်းမှူးနဲ့ ဂါတ်စာရေးတို့က အကာအကွယ် ပေးနေပါတယ်။ တရားရုံးမှာ ငွေရှင်ဘက်က မတရားသက်သေထွက်ဆိုပြီး အမှုလမ်းကြောင်းလွဲအောင် ပြုလုပ်နေတာကို သက်ဆိုင်ရာတွေနဲ့ ပြည်သူတွေသိရှိအောင် အခုလို ဆန္ဒဖော်ထုတ်ရတာပါ” ဟု ဆန္ဒထုတ်ဖော်သူတစ်ဦးဖြစ်သည့် ဒေါ်ဝင်းမော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယင်းဆန္ဒဖော်ထုတ်မှုနှင့်ပတ်သက်၍ ဆင်ဖြူကျွန်း နယ်မြေရဲစခန်းမှူးက၎င်းတို့အနဖြေင့်၎င်းအမှုအပေါ်တွင် ရဲလုပ်ထုံးလုပ်နည်း ဥပဒေနှင့်အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ဆန္ဒဖော်ထုတ်မှုအတွက် စလင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ ခွင့်ပြုချက်ရယူလုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

သတင်း #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~