တာခ်ီလိတ္ၿမိဳ႕တြင္ အမ်ားျပည္သူအသံုးျပဳေနသည့္ ရွမ္းရိုးမကြင္းအား တာခ်ီလိတ္ေန ျပည္သူမ်ားပိုင္ဆိုင္ေရး ႏွင့္ သာယာလွပေရး လုပ္ေဆာင္ရန္ ယာယီေကာ္မတီဖြဲ႔စည္း

တာခ်ီလိတ္ၿမိဳ႕တြင္ အမ်ားျပည္သူအသံုးျပဳေနသည့္ ရွမ္းရိုးမကြင္းအား တာခ်ီလိတ္ေန ျပည္သူမ်ားပိုင္ဆိုင္ေရး ႏွင့္ သာယာလွပေရး လုပ္ေဆာင္ရန္ ယာယီေကာ္မတီဖြဲ႔စည္း
နိုဝင်ဘာ 9, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ အမ်ားျပည္သူအသံုးျပဳေနသည့္ ရွမ္းရိုးမကြင္းအား တာခ်ီလိတ္ေနျပည္သူမ်ား ပိုင္ဆိုင္ေရး ႏွင့္ သာယာလွပေရး ေဆာင္ရြက္ရန္ ေဒသခံမ်ားက ယာယီေကာ္မတီတစ္ရပ္ကို ႏိုဝင္ဘာလ (၉)ရက္ေန႔ ေန႔လယ္(၁)နာရီ မိနစ္(၂၀)အခ်ိန္က စတင္ က်င္းပသည့္ အစည္းအေဝးတြင္ ဖြဲ႕စည္းလုိက္ေၾကာင္း သိရသည္။

“ဒီေန႔ကေတာ့ နာယကေတြနဲ႔ ေကာ္မတီဝင္ (၁၁)ဦးပါဝင္တဲ့ ယာယီေကာ္မတီကို ဖြဲ႕စည္းခဲ့တာပါ။ ပထမဆံုး လုပ္ရမွာကေတာ့ ရွမ္းရိုးမကြင္းကို တာခ်ီလိတ္ေန ျပည္သူေတြရဲ႕ လက္ဝယ္ေရာက္ရိွေရးကို ေဆာင္ရြက္ရမွာပါ။ ဒီလို ေဆာင္ရြက္တဲ့ ေနရာမွာ ႏုိင္ငံေရးပါတီေတြ၊ တုိင္းရင္းသားယဥ္ေက်းမႈအဖြဲ႔ေတြ၊ ျပည္သူေတြက ပါဝင္ကူညီၾကမွာပါ။ ျပည္သူေတြကလည္း သူတို႔အားနဲ႔ေဆာင္ရြက္မယ္။ ေဒသအာဏာပိုင္ေတြကလည္း တတ္စြမ္းသမွ်ကူညီမယ္။ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကလည္း သက္ဆုိင္ရာ လႊတ္ေတာ္ေတြမွာ တင္ျပေဆြးေႏြးေပးမယ္။ ဒါက ပထမအခ်က္ပါ။ လက္ဝယ္ရၿပီးရင္ေတာ့ ယာယီေကာ္မတီကို ဖ်က္သိမ္းမယ္။ ၿပီးေတာ့ ၿမိဳ႕သူၿမိဳ႕သား တစ္ရပ္လံုး ပါဝင္ၿပီး ဆႏၵျပဳတဲ့ တည္ေဆာက္ေရးေကာ္မတီတစ္ရပ္ကို ျပန္လည္ဖြဲ႕စည္းမယ္။ အဲဒီအခ်ိန္မွာေတာ့ ေကာ္မတီေတြရဲ႕ ထံုးစံအတုိင္း ဗဟိုေကာ္မတီရိွမယ္။ ဘ႑ာေငြ ရွာေဖြေရးရိွမယ္။ ႀကီးၾကပ္ေရးတို႔ စသည္ျဖင့္ေပါ့ေနာ္။ ကၽြန္ေတာ္တို႔ ျပန္လည္ဖြဲ႔စည္းမွာပါ။ အဲဒီအခ်ိန္မွာလည္း ၿမိဳ႕သူၿမိဳ႕သားေတြရဲ႕ အႀကံျပဳခ်က္ေတြကို ရယူေဆာင္ရြက္သြားမွာပါ။ တည္ေဆာက္ၿပီးရင္ေတာ့ ဒီေကာ္မတီကို ဖ်က္မယ္။ အမ်ားသေဘာက်တဲ့ ပုဂၢိဳလ္ေတြနဲ႔ မဲေပးစနစ္က်င့္သံုးၿပီး ႀကီးၾကပ္ထိန္းသိမ္းေရးေကာ္မတီတစ္ရပ္ ဖြဲ႕စည္းၿပီး စနစ္တက် လုပ္ေဆာင္သြားမွာပါ။ ၿမိဳ႕ဂုဏ္ေဆာင္လည္း ျဖစ္ရမယ္။ နယ္စပ္ၿမိဳ႕လည္းျဖစ္တဲ့အတြက္ ႏုိင္ငံ့ဂုဏ္ေဆာင္လည္းျဖစ္ေအာင္ ျပည္သူ႔ရင္ျပင္လိုမ်ိဳးျဖစ္ေအာင္ ေဆာင္ရြက္မွာပါ”ဟု ရွမ္းရိုးမကြင္း သာယာလွပေရး ယာယီေကာ္မတီ၏ အဖြဲ႔ဝင္တစ္ဦးျဖစ္သည့္ ဦးေအာင္ၿဖိဳးရွိန္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕လယ္ရိွ ခန္႔မွန္း (၄)ဧကေက်ာ္ခန္႔ က်ယ္ဝန္းသည့္ ရွမ္းရိုးမကြင္းအား စည္ပင္သာယာေရးဦးစီးဌာနက လက္ရိွတြင္ ေခတၱထိန္းသိမ္းထားၿပီး အဆုိပါကြင္းတြင္ က်င္းပသည့္ပြဲမ်ားအတြက္ ေကာက္ခံသည့္ ရန္ပံုေငြကို ျပည္နယ္အစိုးရထံ ေပးသြင္းေနျခင္းျဖစ္သည္ဟု စည္ပင္သာယာေရးေကာ္မတီဝင္တစ္ဦးထံမွ သိရသည္။

အဆိုပါ ယာယီေကာ္မတီတြင္ နာယကမ်ားအျဖစ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလံုစံခတ္၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌးဝင္း၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္၊ ၿမိဳ႕မိၿမိဳ႕ဖမ်ားျဖစ္သည့္ ဦးၾကည္ျမင့္၊ ေဒၚတင္ေမထြန္း၊ ဦးေက်ာ္ၿငိမ္း၊ ဦးဘိုေလး၊ ဦးစိုင္းလံုမား ႏွင့္ ဦး၀င္းႏိုင္(ဗိုလ္မွဴး/ၿငိမ္း)တို႔ ပါ၀င္ၿပီး ဥကၠဌအျဖစ္ ဦးျမင့္ဦးက တာဝန္ယူကာ အဖဲြ႔ဝင္မ်ားအျဖစ္ ဦးခင္ေမာင္ျမင့္ (ေရႊမဟာအထက္တန္းေက်ာင္း)၊ ဦးထြန္းေနဦး (ဟိုတယ္ တာခ်ီလိတ္)၊ ဦးတင့္ေဆြ (မဇၨ်ိမလူမႈကူညီေရးအသင္း) ၊ ဦးေဂ်ာ္နီ (ေဂ်ာ္နီလွ်ပ္စစ္)၊ ေဒါက္တာျမင့္ေအာင္ (ေအာင္ေဆးခန္း)၊ ဦးစိန္လြင္ (ပညာေရး - ၿငိမ္း)၊ ဦးေအာင္ၿဖိဳးရိွန္ (သူရိယသကၤန္းတုိက္)၊ ဦစိုင္းႏြံတြီ (ရွမ္းတုိင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ - က်ားေခါင္း)၊ ဦးေအာင္ႏုိင္ (1 G 1 7Hotel)ႏွင့္ ဦးအားဖာ(တပင္ေရႊထီး)တို႔ ပါဝင္ေဆာင္ရြက္ၾကမည္ျဖစ္ေၾကာင္း သိရသည္။

ရွမ္းရိုးမကြင္းအား တာခ်ီလိတ္ျပည္သူမ်ားအပိုင္ျဖစ္ေရးႏွင့္ သာယာလွပေရး လုပ္ေဆာင္သြားရန္ ညိႇႏိႈင္းေဆြးေႏြးပြဲကို ႏိုဝင္ဘာလ (၉)ရက္ေန႔ ေန႔လယ္က ဟိုတယ္တာခ်ီလိိတ္၌ ေဆြးေႏြးရာ တာခ်ီလိတ္မွ ႏုိင္ငံေရးပါတီမ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ား၊ ေဒသခံမ်ား ႏွင့္ စိတ္ပါ၀င္စားသူမ်ား တက္ေရာက္ခဲ့ၾကၿပီး တက္ေရာက္လာသူမ်ားထဲမွ အခ်ဳိ႕က အႀကံျပဳေဆြးေႏြးခဲ့ၾကျခင္းျဖစ္သည္။

သတင္း - ခ်ယ္ရီထိုက္
ဓါတ္ပံု - ဇြဲျမတ္




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ အများပြည်သူအသုံးပြုနေသည့် ရှမ်းရိုးမကွင်းအား တာချီလိတ်နပြေည်သူများ ပိုင်ဆိုင်ရေး နှင့် သာယာလှပရေး ဆောင်ရွက်ရန် ဒေသခံများက ယာယီကော်မတီတစ်ရပ်ကို နိုဝင်ဘာလ (၉)ရက်နေ့ နေ့လယ်(၁)နာရီ မိနစ်(၂၀)အချိန်က စတင် ကျင်းပသည့် အစည်းအဝေးတွင် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

“ဒီနေ့ကတော့ နာယကတွေနဲ့ ကော်မတီဝင် (၁၁)ဦးပါဝင်တဲ့ ယာယီကော်မတီကို ဖွဲ့စည်းခဲ့တာပါ။ ပထမဆုံး လုပ်ရမှာကတော့ ရှမ်းရိုးမကွင်းကို တာချီလိတ်နေ ပြည်သူတွေရဲ့ လက်ဝယ်ရောက်ရှိရေးကို ဆောင်ရွက်ရမှာပါ။ ဒီလို ဆောင်ရွက်တဲ့ နေရာမှာ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့တွေ၊ ပြည်သူတွေက ပါဝင်ကူညီကြမှာပါ။ ပြည်သူတွေကလည်း သူတို့အားနဲ့ဆောင်ရွက်မယ်။ ဒေသအာဏာပိုင်တွေကလည်း တတ်စွမ်းသမျှကူညီမယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း သက်ဆိုင်ရာ လွှတ်တော်တွေမှာ တင်ပြဆွေးနွေးပေးမယ်။ ဒါက ပထမအချက်ပါ။ လက်ဝယ်ရပြီးရင်တော့ ယာယီကော်မတီကို ဖျက်သိမ်းမယ်။ ပြီးတော့ မြို့သူမြို့သား တစ်ရပ်လုံး ပါဝင်ပြီး ဆန္ဒပြုတဲ့ တည်ဆောက်ရေးကော်မတီတစ်ရပ်ကို ပြန်လည်ဖွဲ့စည်းမယ်။ အဲဒီအချိန်မှာတော့ ကော်မတီတွေရဲ့ ထုံးစံအတိုင်း ဗဟိုကော်မတီရှိမယ်။ ဘဏ္ဍာငွေ ရှာဖွေရေးရှိမယ်။ ကြီးကြပ်ရေးတို့ စသည်ဖြင့်ပေါ့နော်။ ကျွန်တော်တို့ ပြန်လည်ဖွဲ့စည်းမှာပါ။ အဲဒီအချိန်မှာလည်း မြို့သူမြို့သားတွေရဲ့ အကြံပြုချက်တွေကို ရယူဆောင်ရွက်သွားမှာပါ။ တည်ဆောက်ပြီးရင်တော့ ဒီကော်မတီကို ဖျက်မယ်။ အများသဘောကျတဲ့ ပုဂ္ဂိုလ်တွေနဲ့ မဲပေးစနစ်ကျင့်သုံးပြီး ကြီးကြပ်ထိန်းသိမ်းရေးကော်မတီတစ်ရပ် ဖွဲ့စည်းပြီး စနစ်တကျ လုပ်ဆောင်သွားမှာပါ။ မြို့ဂုဏ်ဆောင်လည်း ဖြစ်ရမယ်။ နယ်စပ်မြို့လည်းဖြစ်တဲ့အတွက် နိုင်ငံ့ဂုဏ်ဆောင်လည်းဖြစ်အောင် ပြည်သူ့ရင်ပြင်လိုမျိုးဖြစ်အောင် ဆောင်ရွက်မှာပါ”ဟု ရှမ်းရိုးမကွင်း သာယာလှပရေး ယာယီကော်မတီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးအောင်ဖြိုးရှိန်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့လယ်ရှိ ခန့်မှန်း (၄)ဧကကျော်ခန့် ကျယ်ဝန်းသည့် ရှမ်းရိုးမကွင်းအား စည်ပင်သာယာရေးဦးစီးဌာနက လက်ရှိတွင် ခေတ္တထိန်းသိမ်းထားပြီး အဆိုပါကွင်းတွင် ကျင်းပသည့်ပွဲများအတွက် ကောက်ခံသည့် ရန်ပုံငွေကို ပြည်နယ်အစိုးရထံ ပေးသွင်းနခြေင်းဖြစ်သည်ဟု စည်ပင်သာယာရေးကော်မတီဝင်တစ်ဦးထံမှ သိရသည်။

အဆိုပါ ယာယီကော်မတီတွင် နာယကများအဖြစ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ မြို့မိမြို့ဖများဖြစ်သည့် ဦးကြည်မြင့်၊ ဒေါ်တင်မေထွန်း၊ ဦးကျော်ငြိမ်း၊ ဦးဘိုလေး၊ ဦးစိုင်းလုံမား နှင့် ဦးဝင်းနိုင်(ဗိုလ်မှူး/ငြိမ်း)တို့ ပါဝင်ပြီး ဥက္ကဌအဖြစ် ဦးမြင့်ဦးက တာဝန်ယူကာ အဖွဲ့ဝင်များအဖြစ် ဦးခင်မောင်မြင့် (ရွှေမဟာအထက်တန်းကျောင်း)၊ ဦးထွန်းနေဦး (ဟိုတယ် တာချီလိတ်)၊ ဦးတင့်ဆွေ (မဇ္ဇျိမလူမှုကူညီရေးအသင်း)၊ ဦးဂျော်နီ (ဂျော်နီလျှပ်စစ်)၊ ဒေါက်တာမြင့်အောင် (အောင်ဆေးခန်း)၊ ဦးစိန်လွင် (ပညာရေး - ငြိမ်း)၊ ဦးအောင်ဖြိုးရှိန် (သူရိယသင်္ကန်းတိုက်)၊ ဦစိုင်းနွံတွီ (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ - ကျားခေါင်း)၊ ဦးအောင်နိုင် (1 G 1 7Hotel)နှင့် ဦးအားဖာ(တပင်ရွှေထီး)တို့ ပါဝင်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းရိုးမကွင်းအား တာချီလိတ်ပြည်သူများအပိုင်ဖြစ်ရေးနှင့် သာယာလှပရေး လုပ်ဆောင်သွားရန် ညှိနှိုင်းဆွေးနွေးပွဲကို နိုဝင်ဘာလ (၉)ရက်နေ့ နေ့လယ်က ဟိုတယ်တာချီလိတ်၌ ဆွေးနွေးရာ တာချီလိတ်မှ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဒေသခံများ နှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများထဲမှ အချို့က အကြံပြုဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

သတင်း - ချယ်ရီထိုက်
ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~