တာခ်ီလိတ္တြင္ ရွမ္းႏွစ္သစ္ကူးပြဲ စတင္က်င္းပ

တာခ်ီလိတ္တြင္ ရွမ္းႏွစ္သစ္ကူးပြဲ စတင္က်င္းပ
နိုဝင်ဘာ 16, 2017
By Tachileik News Agency

ရွမ္းသကၠရာဇ္ ၂၁၁၂ ခုႏွစ္ ရွမ္းႏွစ္သစ္ကူးႀကိဳဆိုပြဲႏွင့္ ေကာက္သစ္မိတ္ဆံုစားပြဲအား ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ ေလယာဥ္ကြင္းအနီးရွိ ရွမ္းစာေပႏွင့္ယဥ္ေက်းမႈအသင္းပိုင္ကြင္းအတြင္း၌ ႏိုဝင္ဘာလ (၁၆)ရက္ေန႔က စတင္က်င္းပေနေၾကာင္း သိရသည္။

အဆိုပါပြဲေတာ္ ဖြင့္ပြဲတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႔ဝင္ ျပည္နယ္စည္ပင္သာယာေရးဝန္ႀကီး ဦးစိုင္းစြံဆိုင္း၊ တာခ်ီလိတ္ စစ္ဗ်ဴဟာအေျခခ်(တာခ်ီလိတ္)မွ စစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီးေအးမင္းဦး၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊ၊  ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈအသင္း နာယက ဦးစိုင္းယီဆာ ႏွင့္ ရွမ္းစာေပႏွင့္ ယဥ္ေက်းမႈအသင္း ဥကၠဌ ဦးစိုင္းမံု႔ႏြန္းတို႔က ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးခဲ့ၾကၿပီးေနာက္ တာခ်ီလိတ္ခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊက အဖြင့္အမွာစကား ေျပာၾကားသည္။

ႏို၀င္ဘာလ(၁၆)ရက္ေန႔ ညပိုင္းျပဳလုပ္သည့္ ပြဲေတာ္တြင္ ရွမ္းရိုးရာ ယဥ္ေက်းမႈ အကအလွ၊ ေတးဂီတမ်ားျဖင့္ ေဖ်ာ္ေျဖၿပီး ရွမ္းႏွစ္သစ္ကူးအႀကိဳက်င္းပေသာ ေဘာလံုးၿပိဳင္ပြဲႏွင့္ ျခင္းလံုးၿပိဳင္ပြဲမ်ားမွ ဆုရ အသင္းမ်ားကိုလည္း အဆိုပါအခမ္းအနားတြင္ ဆုခ်ီးျမႇင့္သည္။

ႏွစ္သစ္ကူးပြဲေတာ္အား တာခ်ီလိတ္ၿမိဳ႕ ေဆခမ္းရပ္ကြက္ရိွ ေလယာဥ္ကြင္းအနီး ရွမ္းတုိင္းရင္းသား စာေပႏွင့္ ယဥ္ေက်းမႈအသင္းကြင္းျပင္တြင္ ႏိုဝင္ဘာလ (၁၆)ရက္ေန႔မွ ႏိုဝင္ဘာလ (၁၈)ရက္ေန႔အထိ သံုးရက္တာ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

ႏို၀င္ဘာလ(၁၈)ရက္ေန႔တြင္ ရွမ္းရိုးရာ ၀တ္စားဆင္ယင္ထံုးဖြဲ႔မႈ ျပပြဲအား က်င္းပမည္ျဖစ္ၿပီး တုိင္းရင္းသားရုိးရာအကအလွမ်ားျဖင့္ တင္ဆက္ေပးသြားမည္ျဖစ္ေၾကာင္းႏွင့္ ည(၁၂)နာရီတိတိတြင္ အားလံုးစုေပါင္း၍ ႏွစ္သစ္ကူးႀကိဳဆိုသြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

ဓါတ္ပံု - ဇြဲျမတ္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းသက္ကရာဇ် ၂၁၁၂ ခုနှစ် ရှမ်းနှစ်သစ်ကူးကြိုဆိုပွဲနှင့် ကောက်သစ်မိတ်ဆုံစားပွဲအား ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ လေယာဉ်ကွင်းအနီးရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းပိုင်ကွင်းအတွင်း၌ နိုဝင်ဘာလ (၁၆)ရက်နေ့က စတင်ကျင်းပနေကြောင်း သိရသည်။

အဆိုပါပွဲတော် ဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ တာချီလိတ် စစ်ဗျူဟာအခြေချ(တာချီလိတ်)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအေးမင်းဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း နာယက ဦးစိုင်းယီဆာ နှင့် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဌ ဦးစိုင်းမုံ့နွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီးနောက် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက အဖွင့်အမှာစကား ပြောကြားသည်။

နိုဝင်ဘာလ(၁၆)ရက်နေ့ ညပိုင်းပြုလုပ်သည့် ပွဲတော်တွင် ရှမ်းရိုးရာ ယဉ်ကျေးမှု အကအလှ၊ တေးဂီတများဖြင့် ဖျော်ဖြပြေီး ရှမ်းနှစ်သစ်ကူးအကြိုကျင်းပသော ဘောလုံးပြိုင်ပွဲနှင့် ခြင်းလုံးပြိုင်ပွဲများမှ ဆုရ အသင်းများကိုလည်း အဆိုပါအခမ်းအနားတွင် ဆုချီးမြှင့်သည်။

နှစ်သစ်ကူးပွဲတော်အား တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်ရှိ လေယာဉ်ကွင်းအနီး ရှမ်းတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းကွင်းပြင်တွင် နိုဝင်ဘာလ (၁၆)ရက်နေ့မှ နိုဝင်ဘာလ (၁၈)ရက်နေ့အထိ သုံးရက်တာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ(၁၈)ရက်နေ့တွင် ရှမ်းရိုးရာ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု ပြပွဲအား ကျင်းပမည်ဖြစ်ပြီး တိုင်းရင်းသားရိုးရာအကအလှများဖြင့် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ည(၁၂)နာရီတိတိတွင် အားလုံးစုပေါင်း၍ နှစ်သစ်ကူးကြိုဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~