တာချီလိတ်မြို့ ဆန်ဆိုင်း ၅ လမ်းမှ ရေနုတ်မြောင်းအား လမ်းဘေးအိမ်များ ကျူးကျော်မှု ကွင်းဆင်းစစ်ဆေးပြီး နှစ်လကြာသည်အထိ တိုင်းတာမှု မလုပ်ဆောင်နိုင်သေး
တာချီလိတ်မြို့ ဆန်ဆိုင်း ၅ လမ်းမှ ရေနုတ်မြောင်းအား လမ်းဘေးအိမ်များ ကျူးကျော်မှု ကွင်းဆင်းစစ်ဆေးပြီး နှစ်လကြာသည်အထိ တိုင်းတာမှု မလုပ်ဆောင်နိုင်သေး
နိုဝငျဘာ 23, 2017
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(၅)လမ်းတွင် စည်ပင်သာယာနယ်နိမိတ် ရေနုတ်မြောင်းအား လမ်းဘေးအိမ်အချို့မှ ကျူးကျော်ထားပြီး အင်္ဂတေဖြင့် ပိတ်ထားခြင်းများကို စိစစ် ဆောင်ရွက်ပေးရန် ဒေသခံများက စက်တင်ဘာလ အတွင်းက တင်ပြထားသော်လည်း နိုဝင်ဘာလအထိ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ဆန်ဆိုင်း(၅)လမ်းမှ ရေနုတ်မြောင်းအရှည် ပေ (၃၀၀)ကျော်အား လမ်းဘေးအိမ်များက အင်္ဂတေဖြင့်ပိတ်၍ ကျူးကျော်ထားသဖြင့် ရပ်ကွက်နေလူထုအတွက် မိုးရာသီကာလများတွင် စိုးရိမ်မှုများဖြစ်ရကြောင်း တင်ပြထားသဖြင့် သက်ဆိုင်ရာဌာနများက ဖြေရှင်းဆောင်ရွက်ပေးနေကြောင်း သိရသည်။
သတင်း #ဇွဲမြတ်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(၅)လမ်းတွင် စည်ပင်သာယာနယ်နိမိတ် ရေနုတ်မြောင်းအား လမ်းဘေးအိမ်အချို့မှ ကျူးကျော်ထားပြီး အင်္ဂေတဖြင့် ပိတ်ထားခြင်းများကို စိစစ် ဆောင်ရွက်ပေးရန် ဒေသခံများက စက်တင်ဘာလအတွင်းက တင်ပြထားသော်လည်း နိုဝင်ဘာလအထိ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
လွှတ်တော် ကိုယ်စားလှယ်နှင့် ဒေသခံပြည်သူများ စက်တင်ဘာလ (၂၁)ရက်နေ့က တွေ့ဆုံရာတွင် ဒေသခံများက အဆိုပါကိစ္စအား တင်ပြခဲ့သည့်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ (၂၂)ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။
“ဆန်ဆိုင်း(၅)လမ်းထဲက စည်ပင်နယ်နိမိတ်ထဲမှာရှိတဲ့ ရေမြောင်းကို လမ်းဘေးအိမ်တချို့က ကျူးကျော်ထားလား၊ မထားဘူးလား ဆိုတာနဲ့ ရေနုတ်မြောင်းကို အင်္ဂေတနဲ့ ပိတ်ထားတာတွေကို ပြန်ပြီး ပြင်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာလက ကွင်းဆင်းပြီးတဲ့နောက်ပိုင်းမှာ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အစီရင်ခံစာ တင်ဖို့နဲ့မြေစာရင်းကို မြပြေန်တိုင်းပြီးတော့ တကယ်ကျူးကျော် မကျော်ပြန်စစ်ဆေးပြီးတော့ ကျူးကျော်ရင် ကျူးကျော်တဲ့ အလျောက် အရေးယူဖို့ ညွှန်ကြားခဲ့ပေမဲ့ အောက်ခြေက ဘာမှ အကောင်အထည်ဖော် ဆောင်ရွက်တာ မတွေ့ရသေးပါဘူး။ ဒါတွေကို မြို့နယ်မှာ အစည်းအဝေးတစ်ကြိမ်လုပ်ပြီးတော့ အဲဒီမှာ ထဲထဲဝင်ဝင် ပြန်ပြောပြီး သေချာဆုံးဖြတ်ပြီးမှ အဖြေပေးလို့ရမှာပါ”ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဆန်ဆိုင်း(၅)လမ်းမှ ရေနုတ်မြောင်းများ၏အခြေအနေကို သက်ဆိုင်ရာဌာနများက ကွင်းဆင်း စစ်ဆေးခဲ့ပြီးနောက် လိုအပ်သည်များ ဆောင်ရွက်ပေးမည်ဟုဆိုသော်လည်း အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
“ရေနုတ်မြောင်းကို အင်္ဂေတတွေနဲ့ အသေပိတ်ထားတော့ မတော်လို့ မိုးရာသီ ရကြေီးချိန်မှာ ကလေး တစ်ယောက်ယောက် ပြုတ်ကျသွားရင်တောင် ပြန်ဆယ်ဖို့ မလွယ်အောင် ဖြစ်နေတော့ ဒါတွေကို အသေ ပိတ်ထားတာတွေ ဖယ်ပြီး မြောင်းဖုံးတွေ ပြန်လုပ်ဖို့ စည်ပင်ကပြောပါတယ်။ နောက် တချို့နေရာတွေမှာ မြောင်းက အိမ်ဝန်းထဲ ရောက်နေတော့ ဒါကို မြေစာရင်းက ပြန်ပြီးတိုင်းတာဖို့တွေ လုပ်သွားမယ်လို့ သိရပါတယ်”ဟု ဆန်ဆိုင်း(ခ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းကျောက်က ကွင်းဆင်းစစ်ဆေးချိန်က ပြောခဲ့သည်။
ဆန်ဆိုင်း(၅)လမ်းမှ ရေနုတ်မြောင်းအရှည် ပေ (၃၀၀)ကျော်အား လမ်းဘေးအိမ်များက အင်္ဂေတဖြင့်ပိတ်၍ ကျူးကျော်ထားသဖြင့် ရပ်ကွက်နေလူထုအတွက် မိုးရာသီကာလများတွင် စိုးရိမ်မှုများဖြစ်ရကြောင်း တင်ပြထားသဖြင့် သက်ဆိုင်ရာဌာနများက ဖြေရှင်းဆောင်ရွက်ပေးနေကြောင်း သိရသည်။
အလားတူ စက်တင်ဘာလအတွင်းက သက်ဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည့် ဆန်ဆိုင်း(ခ)ရပ်ကွက် ဝမ်မိုင်ရွာရှိ ရဲစိုက်ခင်းအတွင်း မြှုပ်နှံထားသည့် ဓာတုပစ္စည်းများကြောင့် ပတ်ဝန်းကျင် လူနေရပ်ကွက် စိုးရိမ်နေရကြောင်း တင်ပြထားမှုကိုလည်း ဖြေရှင်းနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
သတင်း #ဇွဲမြတ်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~