လားရိႈးႏွင့္ သိႏၷီၿမိဳ႕နယ္မ်ားမွ ခရီးသည္တင္ယာဥ္ျဖင့္ သယ္လာသည့္ စိတ္ၾကြရူးသြပ္ေဆးျပား (၆)ေသာင္းနီးပါး ဖမ္းဆီးရမိ

လားရိႈးႏွင့္ သိႏၷီၿမိဳ႕နယ္မ်ားမွ ခရီးသည္တင္ယာဥ္ျဖင့္ သယ္လာသည့္ စိတ္ၾကြရူးသြပ္ေဆးျပား (၆)ေသာင္းနီးပါး ဖမ္းဆီးရမိ
နိုဝင်ဘာ 6, 2017
By Tachileik News Agency

မူးယစ္တပ္ဖြဲ႕စု (၂၄)လားရိႈးမွ တပ္ဖြဲ႕ဝင္မ်ားသည္ နိုဝင္ဘာလ (၅) ရက္ေန႔တြင္ လားရိႈးမွ ခရီးသည္တင္ ယာဥ္လုိင္းဂိတ္ႏွင့္ သိႏၷီၿမိဳ႕နယ္အတြင္း ခရီးသည္တင္ယာဥ္တို႔မွ စိတ္ၾကြရူးသြပ္ေဆးျပား (၆)ေသာင္းနီးပါးအား ဖမ္းဆီးရမိၿပီး မူဆယ္ၿမိဳ႕မွ ကြင္းဆက္တရားခံကိုပါ ဆက္စပ္ေဖာ္ထုတ္ ဖမ္းဆီး ႏုိင္ခဲ့ေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၂၄)လားရိႈးမွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ နံနက္ (၉)နာရီခြဲခန္႔တြင္ လားရိႈးၿမိဳ႕ နားမေခၚကားႀကီးဝန္းရွိ ခရီးသည္တင္မွန္လုံေမာ္ေတာ္ယာဥ္ဂိတ္တြင္ ခရီးသည္တစ္ဦးျဖစ္သည့္ သန္းဝင္းအားရွာေဖြရာ ၎၏ ခရီးေဆာင္အိတ္အတြင္းမွ စိတ္ႂကြ ႐ူးသြပ္ေဆးျပား (၂၉,၂၅၀)ျပားအား ရွာေဖြေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေန႔မွာပင္ မူးယစ္တပ္ဖြဲ႕စု(၂၄)လားရိႈးမွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ေန႔လယ္ (၁)နာရီခြဲခန္႔တြင္ သိႏၷီၿမိဳ႕နယ္၊ ပန္စုံေက်းရြာ၊ နတ္စင္အနီးတြင္ ခရီးသည္တင္ေမာ္ေတာ္ယာဥ္ တစ္စီးအားရွာေဖြရာ ယာဥ္၏ေနာက္ခန္းရွိ ပီနံအိတ္အတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၃၀၀၀၀)ကို သိမ္းဆည္းရမိခဲ့ၿပီး အဆိုပါ ဖမ္းဆီးရမိမႈမွ ကြင္းဆက္ ေဖာ္ထုတ္ခ်က္အရ မူးယစ္တပ္ဖြဲ႕စု(၂၂)မူဆယ္မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ေန႔လယ္ (၂) နာရီခန္႔တြင္ မူဆယ္ၿမိဳ႕၊ နာရီစင္ႏွင့္ (၅၅) လမ္းၾကားရွိ ခရီးသည္တင္ ေမာ္ေတာ္ယာဥ္ဂိတ္မွ ဂိတ္စာေရး နန္းရင္ရင္ခိုင္အား ဆက္လက္ ဖမ္းဆီးႏုိင္ခဲ့ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားဖမ္းဆီးရမိမႈႏွင့္ ဆက္စပ္သူမ်ားျဖစ္သည့္ သန္းဝင္း၊ စိုင္းေလာင္ခမ္း(ခ) အိုက္ေလာင္ႏွင့္ နန္းရင္ရင္ခိုင္တို႔အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း


~~~~~~~~⊰❂ unicode ~~~~~~~~

မူးယစ်တပ်ဖွဲ့စု (၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ (၅) ရက်နေ့တွင် လားရှိုးမှ ခရီးသည်တင် ယာဉ်လိုင်းဂိတ်နှင့် သိန္နီမြို့နယ်အတွင်း ခရီးသည်တင်ယာဉ်တို့မှ စိတ်ကြွရူးသွပ်ဆေးပြား (၆)သောင်းနီးပါးအား ဖမ်းဆီးရမိပြီး မူဆယ်မြို့မှ ကွင်းဆက်တရားခံကိုပါ ဆက်စပ်ဖော်ထုတ် ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နံနက် (၉)နာရီခွဲခန့်တွင် လားရှိုးမြို့ နားမခေါ်ကားကြီးဝန်းရှိ ခရီးသည်တင်မှန်လုံမော်တော်ယာဉ်ဂိတ်တွင် ခရီးသည်တစ်ဦးဖြစ်သည့် သန်းဝင်းအားရှာဖွေရာ၎င်း၏ ခရီးဆောင်အိတ်အတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား (၂၉,၂၅၀)ပြားအား ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့မှာပင် မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နေ့လယ် (၁)နာရီခွဲခန့်တွင် သိန္နီမြို့နယ်၊ ပန်စုံကျေးရွာ၊ နတ်စင်အနီးတွင် ခရီးသည်တင်မော်တော်ယာဉ် တစ်စီးအားရှာဖွေရာ ယာဉ်၏နောက်ခန်းရှိ ပီနံအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၃၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အဆိုပါ ဖမ်းဆီးရမိမှုမှ ကွင်းဆက် ဖော်ထုတ်ချက်အရ မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နေ့လယ် (၂) နာရီခန့်တွင် မူဆယ်မြို့၊ နာရီစင်နှင့် (၅၅) လမ်းကြားရှိ ခရီးသည်တင် မော်တော်ယာဉ်ဂိတ်မှ ဂိတ်စာရေး နန်းရင်ရင်ခိုင်အား ဆက်လက် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများဖမ်းဆီးရမိမှုနှင့် ဆက်စပ်သူများဖြစ်သည့် သန်းဝင်း၊ စိုင်းလောင်ခမ်း(ခ) အိုက်လောင်နှင့် နန်းရင်ရင်ခိုင်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~