တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္ ထီးေတာ္တင္လွဴျခင္း အထိမ္းအမွတ္ (၁၉) ႀကိမ္ေျမာက္ ဘုရားအေနကဇာတင္ျခင္းႏွင့္ စုေပါင္း ဆြမ္းဆန္စိမ္းေလာင္းလွဴပြဲ က်င္းပ

တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္ ထီးေတာ္တင္လွဴျခင္း အထိမ္းအမွတ္ (၁၉) ႀကိမ္ေျမာက္ ဘုရားအေနကဇာတင္ျခင္းႏွင့္ စုေပါင္း ဆြမ္းဆန္စိမ္းေလာင္းလွဴပြဲ က်င္းပ
နိုဝင်ဘာ 1, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕ရွိ ေရႊတိဂံုေစတီေတာ္အား ထီးေတာ္တင္လွဴျခင္း အထိမ္းအမွတ္ အျဖစ္ (၁၉) ႀကိမ္ေျမာက္ ဘုရားအေနကဇာတင္ျခင္းႏွင့္ စုေပါင္း ဆြမ္းဆန္စိမ္းေလာင္းလွဴပြဲကို ယေန႔ ၂၀၁၇ခုႏွစ္ ႏို၀င္ဘာလ (၁) ရက္ နံနက္အေစာပိုင္းက ရဟန္းသံဃာေတာ္သာမေဏ ႏွင့္ သီလရွင္ စုစုေပါင္း အပါး(၄၀၁)ပါးတို႕အား တာခ်ီလိတ္ၿမိဳ႕နယ္လံုးရွိ   ေစတနာရွင္ အလွဴရွင္မ်ားက စုေပါင္းကာ  ဆြမ္းဆန္စိမ္း ေလာင္းလွဴခဲ့ၾကသည္။

နံနက္ အ႐ုဏ္မိုးေသာက္အခ်ိန္တြင္ ႏိုင္ငံေတာ္ ၾသ၀ါဒါစရိယ အဘိဓဇ အဂၢမဟာသဒၶမၼေဇာတိက အဂၢမဟာပ႑ိတ Honorary Ph.D. နဂါးႏွစ္ေကာင္ဆရာေတာ္ ဘုရားႀကီး "ဘဒၵႏၲဓမၼသီရိ" အမွဴးျပဳ၍ ဆရာေတာ္ႀကီးမ်ားမွ တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္အား အေနကဇာတင္ျခင္းမ်ားအျဖစ္ ပူေဇာ္ခဲ့ၾကၿပီးေနာက္ တာခ်ီလိတ္ေရႊတိဂံုဓမၼာရံုတြင္ နဂါးႏွစ္ေကာင္ဆရာေတာ္ဘုရားႀကီး အမွဴးျပဳသည့္ ဆရာေတာ္၊ သံဃာေတာ္မ်ားမွ ဆြမ္းဆန္စိမ္းေလာင္းလွဴျခင္းအတြက္ တရားေတာ္ခ်ီးျမႇင့္ရာ စစ္ဗ်ဴဟာအဖြဲ႕ (အေျခခ်) တာခ်ီလိတ္ စစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီးေအးမင္းဦး၊ တာခ်ီလိတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ ႏွင့္ ခရိုင္/ၿမိဳ႕နယ္အဆင့္၊ ဌာနဆိုင္ရာမ်ား၊ ရပ္ကြက္/ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးမ်ား၊ ၿမိဳ႕နယ္ေဂါပကအဖြဲ႕၀င္မ်ား စသည္တို႔မွ တက္ေရာက္လာၿပီး လွဴဘြယ္အစုစုတို႔ အတြက္ ေရစက္သြန္းခ် တရားေတာ္မ်ားကို နာယူခဲ့ၾကသည္။

ေရစက္သြန္းခ်တရားေတာ္နာျခင္း အခမ္းအနားၿပီးသည့္ ေနာက္တြင္ ဆြမ္းဆန္စိမ္းေလာင္းလွဴပြဲအား တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္ရင္ျပင္တြင္ က်င္းပျပဳလုပ္ရာ ၾကြေရာက္လာသည့္ ရဟန္းသံဃာေတာ္ သာမေဏ ႏွင့္ သီလရွင္ စုစုေပါင္း အပါး (၄၀၁)ပါး တို႕အား တာခ်ီလိတ္ၿမိဳ႕နယ္ရွိ တပ္နယ္ ႏွင့္ ခရိုင္/ၿမိဳ႕နယ္ ဌာနဆိုင္ရာမ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ား၊ ႏိုင္ငံေရးပါတီမ်ား အပါအ၀င္ ေစတနာရွင္ အလွဴရွင္မ်ားက ဆြမ္းဆန္စိမ္း ေလာင္းလွဴခဲ့ၾကသည္။

တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္အား ၁၉၉၅ခုႏွစ္ ႏို၀င္ဘာ(၂)ရက္ေန႔က စတင္ ပႏၷက္တင္က တည္ထားခဲ့တာျဖစ္ၿပီး ေရႊထီးေတာ္တင္မဂၤလာႏွင့္ ဗုဒၶဘိေသကအေနကဇာတင္ပြဲကို ၁၉၉၈ခုႏွစ္ ႏို၀င္ဘာ(၁)ရက္ေန႔က က်င္းပျပဳလုပ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံု - ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ရွှေတိဂုံစေတီတော်အား ထီးတော်တင်လှူခြင်း အထိမ်းအမှတ် အဖြစ် (၁၉) ကြိမ်မြောက် ဘုရားအနေကဇာတင်ခြင်းနှင့် စုပေါင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့ ၂၀၁၇ခုနှစ် နိုဝင်ဘာလ (၁) ရက် နံနက်အစောပိုင်းက ရဟန်းသံဃာတော်သာမဏေ နှင့် သီလရှင် စုစုပေါင်း အပါး(၄၀၁)ပါးတို့အား တာချီလိတ်မြို့နယ်လုံးရှိ စေတနာရှင် အလှူရှင်များက စုပေါင်းကာ ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြသည်။

နံနက် အရုဏ်မိုးသောက်အချိန်တွင် နိုင်ငံတော် သြဝါဒါစရိယ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ Honorary Ph.D. နဂါးနှစ်ကောင်ဆရာတော် ဘုရားကြီး "ဘဒ္ဒန္တဓမ္မသီရိ" အမှူးပြု၍ ဆရာတော်ကြီးများမှ တာချီလိတ်ရွှေတိဂုံစေတီတော်အား အနေကဇာတင်ခြင်းများအဖြစ် ပူဇော်ခဲ့ကြပြီးနောက် တာချီလိတ်ရွှေတိဂုံဓမ္မာရုံတွင် နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များမှ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းအတွက် တရားတော်ချီးမြှင့်ရာ စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအေးမင်းဦး၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် ခရိုင်/မြို့နယ်အဆင့်၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ဂေါပကအဖွဲ့ဝင်များ စသည်တို့မှ တက်ရောက်လာပြီး လှူဘွယ်အစုစုတို့ အတွက် ရေစက်သွန်းချ တရားတော်များကို နာယူခဲ့ကြသည်။

ရေစက်သွန်းချတရားတော်နာခြင်း အခမ်းအနားပြီးသည့် နောက်တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား တာချီလိတ်ရွှေတိဂုံစေတီတော်ရင်ပြင်တွင် ကျင်းပပြုလုပ်ရာ ကြွရောက်လာသည့် ရဟန်းသံဃာတော် သာမဏေ နှင့် သီလရှင် စုစုပေါင်း အပါး (၄၀၁)ပါး တို့အား တာချီလိတ်မြို့နယ်ရှိ တပ်နယ် နှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ အပါအဝင် စေတနာရှင် အလှူရှင်များက ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြသည်။

တာချီလိတ်ရွှေတိဂုံစေတီတော်အား ၁၉၉၅ခုနှစ် နိုဝင်ဘာ(၂)ရက်နေ့က စတင် ပန္နက်တင်က တည်ထားခဲ့တာဖြစ်ပြီး ရွှေထီးတော်တင်မင်္ဂလာနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲကို ၁၉၉၈ခုနှစ် နိုဝင်ဘာ(၁)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~