မိုင္းျဖတ္တြင္ ေမာ္ေတာ္ယာဥ္တိမ္းေမွာက္မႈမွ ေသဆံုးသူႏွစ္ဦးအတြက္ ျမန္မာ့အာမခံလုပ္ငန္းက ေလ်ာ္ေၾကးေပးအပ္

မိုင္းျဖတ္တြင္ ေမာ္ေတာ္ယာဥ္တိမ္းေမွာက္မႈမွ ေသဆံုးသူႏွစ္ဦးအတြက္ ျမန္မာ့အာမခံလုပ္ငန္းက ေလ်ာ္ေၾကးေပးအပ္
နိုဝင်ဘာ 21, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္ ျမန္မာ့အာမခံလုပ္ငန္းက ပရီမီယံေၾကးေပးသြင္းထားသည့္ ေမာ္ေတာ္ယာဥ္တိမ္းေမွာက္မႈမွ ေသဆံုးသူႏွစ္ဦးအတြက္ နစ္နာေၾကးက်ပ္သိန္း (၂၀)ကို ႏိုဝင္ဘာလ (၂၁)ရက္ေန႔တြင္ ၎တို႔၏မိသားစုမ်ားထံ ေပးအပ္လုိက္ေၾကာင္း သိရသည္။

မုိင္းျဖတ္ၿမိဳ႕အနီးတြင္ တိမ္းေမွာက္ခဲ့သည့္ တပ္မေတာ္ယာဥ္မွ ေသဆံုးသြားသည့္ တပ္မေတာ္သား (၂)ဦးအတြက္ နစ္နာေၾကးအျဖစ္ တစ္ဦးလွ်င္ က်ပ္ဆယ္သိန္းႏႈန္းျဖင့္ က်န္ရစ္သည့္ မိသားစုမ်ားထံ ေပးအပ္ျခင္းျဖစ္ၿပီး တာခ်ီလိတ္ခရိုင္ ျမန္မာ့အာမခံလုပ္ငန္းအေနျဖင့္ ယခုဘ႑ာႏွစ္အတြင္း ဒုတိယ အႀကိမ္ အာမခံေလ်ာ္ေၾကး ေပးအပ္ရျခင္းျဖစ္ေၾကာင္း သိရသည္။

“တပ္မေတာ္က ယာဥ္ေတြက အုပ္စုလုိက္ ပရီမီယံေၾကး(သူတစ္ပါးထိခိုက္မႈအာမခံ) သြင္းထားတဲ့ ယာဥ္ေတြျဖစ္ပါတယ္။ ဒီတိမ္းေမွာက္မႈျဖစ္တဲ့ ေမာ္ေတာ္ယာဥ္က ပရီမီယံေၾကးသြင္းထားတာျဖစ္တဲ့အတြက္ ဒီယာဥ္ေၾကာင့္ ထိခိုက္နစ္နာသူေတြကို အာမခံေလ်ာ္ေၾကးထုတ္ေပးရတာပါ။ စက္တပ္ယာဥ္ေတြေၾကာင့္ ထိခိုက္နစ္နာသူေတြကို ေလ်ာ္ေၾကးေပးဖို႔အတြက္ ကၽြန္ေတာ္တို႔က ပရီမီယံေၾကး ေကာက္ခံတာပါ။ ထိခုိက္နစ္နာသူဆိုတာ ယာဥ္ေပၚပါသူေတြတင္ မဟုတ္ဘူး ။ စက္တပ္ေမာ္ေတာ္ယာဥ္ကေန ဝင္တုိက္မိတာမ်ိဳးေတြအတြက္ပါ အက်ံဳးဝင္ပါတယ္”ဟု ျမန္မာ့အာမခံလုပ္ငန္းမွ တာခ်ီလိတ္ခရုိင္တာ၀န္ခံ ဦးကုိကုိေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

စက္တပ္ယာဥ္မ်ားအား ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာန၏ လုိင္စင္စိစစ္ခြင့္ျပဳၿပီးမွသာလွ်င္ အသံုးျပဳခြင့္ရိွၿပီး စက္တပ္ယာဥ္မ်ား လိုင္စင္ေလွ်ာက္ထားျခင္းႏွင့္ သက္တမ္းတိုးျခင္းတို႔တြင္ သူတစ္ပါးထိခိုက္အာမခံ (ပရီမီယမ္ေၾကး)ကို ေပးသြင္းထားရျခင္းျဖစ္ကာ အဆိုပါယာဥ္မ်ားေၾကာင့္ ထိခိုက္နစ္နာသူမ်ားအား နစ္နာေၾကးျပန္လည္ေပးအပ္ရျခင္းျဖစ္သည္။

လိုင္စင္မဲ့စက္တပ္ယာဥ္မ်ားျဖင့္ သူတစ္ပါးထိခို္က္မႈျဖစ္ပြားပါက အဆိုပါ လိုင္စင္မဲ့ယာဥ္ပိုင္ရွင္အား ပရီမီယံေၾကး၏ ဆယ္ဆဒဏ္ေၾကးေဆာင္ေစၿပီး ထိခိုက္နစ္နာသူအား ျပန္လည္ေပးအပ္ရေၾကာင္း သိရသည္။

“လိုင္စင္မဲ့ယာဥ္ေပၚလုိက္ပါလာသူေတြကိုေတာ့ မေပးပါဘူး။ အဲဒီ လုိင္စင္မဲ့ယာဥ္ေပၚကမဟုတ္ဘဲ ဥပမာ လမ္းေဘးေလွ်ာက္ေနသူကို ဝင္တိုက္မိတာမ်ိဳး၊ တျခား လုိင္စင္ရိွယာဥ္ကို ဝင္တုိက္မိတာမ်ိဳးဆိုရင္ေတာ့ ေလ်ာ္ေၾကးေပးရပါတယ္။ လုိင္စင္မဲ့ယာဥ္ကို ပရီမီယံေၾကးရဲ႕ဆယ္ဆေကာက္ခံၿပီး နစ္နာသူကို ျပန္ေပးရပါတယ္”ဟု ျမန္မာ့အာမခံလုပ္ငန္းမွ တာခ်ီလိတ္ခရုိင္တာ၀န္ခံ ဦးကုိကုိေအာင္က ေျပာသည္။
တာခ်ီလိတ္ခရိုင္ ျမန္မာ့အာမခံလုပ္ငန္း၏ ယခုဘ႑ာႏွစ္အတြင္း ပထမဆံုး ေလ်ာ္ေၾကးေပးအပ္မႈအျဖစ္ ေမာ္ေတာ္ယာဥ္ တိမ္းေမွာက္မႈမွ ဒဏ္ရာရသူအား ၾသဂုတ္လ (၂၄)ရက္ေန႔က နစ္နာေၾကးေပးအပ္ခဲ့ျခင္း ျဖစ္သည္။

ျမန္မာ့အာမခံလုပ္ငန္းတြင္ တာခ်ီလိတ္ခရိုင္အတြင္းမွ အမ်ားဆံုးထားရိွသည့္ အာမခံမွာ သူတစ္ပါးထိခိုက္မႈ အာမခံျဖစ္ၿပီး ဒုတိယ အမ်ားဆံုးမွာ အသက္အာမခံႏွင့္ တတိယအမ်ားဆံုးမွာ ခရီးသြား အာမခံျဖစ္ေၾကာင္း သိရသည္။

ခရီးသြားအာမခံကို အမ်ားအားျဖင့္ အေဝးေျပးကားလုိင္းမ်ားက အာမခံလုပ္ငန္းႏွင့္ စာခ်ဳပ္ခ်ဳပ္ဆိုကာ ခရီးသည္မ်ားအတြက္ ကိုယ္စားဝယ္ယူေပးေလ့ရိွၿပီး အေဝးေျပးယာဥ္လုိင္းျဖင့္မဟုတ္ဘဲ ကိုယ္ပိုင္ယာဥ္၊ အငွားယာဥ္မ်ားျဖင့္ ခရီးသြားသူမ်ားအေနျဖင့္လည္း ဝယ္ယူႏုိင္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မြန်မာ့အာမခံလုပ်ငန်းက ပရီမီယံကြေးပေးသွင်းထားသည့် မော်တော်ယာဉ်တိမ်းမှောက်မှုမှ သေဆုံးသူနှစ်ဦးအတွက် နစ်နာကြေးကျပ်သိန်း (၂၀)ကို နိုဝင်ဘာလ (၂၁)ရက်နေ့တွင်၎င်းတို့၏မိသားစုများထံ ပေးအပ်လိုက်ကြောင်း သိရသည်။

မိုင်းဖြတ်မြို့အနီးတွင် တိမ်းမှောက်ခဲ့သည့် တပ်မတော်ယာဉ်မှ သေဆုံးသွားသည့် တပ်မတော်သား (၂)ဦးအတွက် နစ်နာကြေးအဖြစ် တစ်ဦးလျှင် ကျပ်ဆယ်သိန်းနှုန်းဖြင့် ကျန်ရစ်သည့် မိသားစုများထံ ပေးအပ်ခြင်းဖြစ်ပြီး တာချီလိတ်ခရိုင် မြန်မာ့အာမခံလုပ်ငန်းအနဖြေင့် ယခုဘဏ္ဍာနှစ်အတွင်း ဒုတိယ အကြိမ် အာမခံလျော်ကြေး ပေးအပ်ရခြင်းဖြစ်ကြောင်း သိရသည်။

“တပ်မတော်က ယာဉ်တွေက အုပ်စုလိုက် ပရီမီယံကြေး(သူတစ်ပါးထိခိုက်မှုအာမခံ) သွင်းထားတဲ့ ယာဉ်တွဖြေစ်ပါတယ်။ ဒီတိမ်းမှောက်မှုဖြစ်တဲ့ မော်တော်ယာဉ်က ပရီမီယံကြေးသွင်းထားတာဖြစ်တဲ့အတွက် ဒီယာဉ်ကြောင့် ထိခိုက်နစ်နာသူတွေကို အာမခံလျော်ကြေးထုတ်ပေးရတာပါ။ စက်တပ်ယာဉ်တွေကြောင့် ထိခိုက်နစ်နာသူတွေကို လျော်ကြေးပေးဖို့အတွက် ကျွန်တော်တို့က ပရီမီယံကြေး ကောက်ခံတာပါ။ ထိခိုက်နစ်နာသူဆိုတာ ယာဉ်ပေါ်ပါသူတွေတင် မဟုတ်ဘူး။ စက်တပ်မော်တော်ယာဉ်ကနေ ဝင်တိုက်မိတာမျိုးတွေအတွက်ပါ အကျုံးဝင်ပါတယ်”ဟု မြန်မာ့အာမခံလုပ်ငန်းမှ တာချီလိတ်ခရိုင်တာဝန်ခံ ဦးကိုကိုအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စက်တပ်ယာဉ်များအား ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ လိုင်စင်စိစစ်ခွင့်ပြုပြီးမှသာလျှင် အသုံးပြုခွင့်ရှိပြီး စက်တပ်ယာဉ်များ လိုင်စင်လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်းတို့တွင် သူတစ်ပါးထိခိုက်အာမခံ (ပရီမီယမ်ကြေး)ကို ပေးသွင်းထားရခြင်းဖြစ်ကာ အဆိုပါယာဉ်များကြောင့် ထိခိုက်နစ်နာသူများအား နစ်နာကြေးပြန်လည်ပေးအပ်ရခြင်းဖြစ်သည်။

လိုင်စင်မဲ့စက်တပ်ယာဉ်များဖြင့် သူတစ်ပါးထိခို်က်မှုဖြစ်ပွားပါက အဆိုပါ လိုင်စင်မဲ့ယာဉ်ပိုင်ရှင်အား ပရီမီယံကြေး၏ ဆယ်ဆဒဏ်ကြေးဆောင်စပြေီး ထိခိုက်နစ်နာသူအား ပြန်လည်ပေးအပ်ရကြောင်း သိရသည်။

“လိုင်စင်မဲ့ယာဉ်ပေါ်လိုက်ပါလာသူတွေကိုတော့ မပေးပါဘူး။ အဲဒီ လိုင်စင်မဲ့ယာဉ်ပေါ်ကမဟုတ်ဘဲ ဥပမာ လမ်းဘေးလျှောက်နေသူကို ဝင်တိုက်မိတာမျိုး၊ တခြား လိုင်စင်ရှိယာဉ်ကို ဝင်တိုက်မိတာမျိုးဆိုရင်တော့ လျော်ကြေးပေးရပါတယ်။ လိုင်စင်မဲ့ယာဉ်ကို ပရီမီယံကြေးရဲ့ဆယ်ဆကောက်ခံပြီး နစ်နာသူကို ပြန်ပေးရပါတယ်”ဟု မြန်မာ့အာမခံလုပ်ငန်းမှ တာချီလိတ်ခရိုင်တာဝန်ခံ ဦးကိုကိုအောင်က ပြောသည်။
တာချီလိတ်ခရိုင် မြန်မာ့အာမခံလုပ်ငန်း၏ ယခုဘဏ္ဍာနှစ်အတွင်း ပထမဆုံး လျော်ကြေးပေးအပ်မှုအဖြစ် မော်တော်ယာဉ် တိမ်းမှောက်မှုမှ ဒဏ်ရာရသူအား သြဂုတ်လ (၂၄)ရက်နေ့က နစ်နာကြေးပေးအပ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာ့အာမခံလုပ်ငန်းတွင် တာချီလိတ်ခရိုင်အတွင်းမှ အများဆုံးထားရှိသည့် အာမခံမှာ သူတစ်ပါးထိခိုက်မှု အာမခံဖြစ်ပြီး ဒုတိယ အများဆုံးမှာ အသက်အာမခံနှင့် တတိယအများဆုံးမှာ ခရီးသွား အာမခံဖြစ်ကြောင်း သိရသည်။

ခရီးသွားအာမခံကို အများအားဖြင့် အဝေးပြေးကားလိုင်းများက အာမခံလုပ်ငန်းနှင့် စာချုပ်ချုပ်ဆိုကာ ခရီးသည်များအတွက် ကိုယ်စားဝယ်ယူပေးလေ့ရှိပြီး အဝေးပြေးယာဉ်လိုင်းဖြင့်မဟုတ်ဘဲ ကိုယ်ပိုင်ယာဉ်၊ အငှါးယာဉ်များဖြင့် ခရီးသွားသူများအနဖြေင့်လည်း ဝယ်ယူနိုင်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက် 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~