ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီပေးလိုသည့် စေတနာ့ဝန်ထမ်းလူငယ်များ စာရင်းပေးသွင်းနိုင်

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီပေးလိုသည့် စေတနာ့ဝန်ထမ်းလူငယ်များ စာရင်းပေးသွင်းနိုင်
နိုဝငျဘာ 6, 2017
By Tachileik News Agency

ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရန် စေတနာ့ဝန်ထမ်း လူငယ်များ လုပ်အားပေး အစီအစဉ်၏ ပထမအသုတ်လူငယ် (၄၀)ဦး ရန်ကုန်တွင် နိုဝင်ဘာလ (၆)ရက်နေ့မှစ၍ သင်တန်းတက်ရောက်နေကြပြီဖြစ်ပြီး ဒုတိယနှင့် တတိယအသုတ်များအတွက် စာရင်းပေးသွင်း နိုင်ပြီဖြစ်ကြောင်း သိရသည်။


ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသများတွင် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ လုပ်ငန်းများ၊ အချက်အလက်ကောက်ခံမှုများ၊ ဒေသတွင်းပြည်သူများအား စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးခြင်းနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်သွားရန်အတွက် အသက် (၁၈)နှစ် မှ (၃၅)နှစ်အတွင်း လူငယ်များ၏ လုပ်အားပေးအစီအစဉ်ကို နိုဝင်ဘာလ (၉) ရက်နေ့မှ စတင်ရန် ပထမအသုတ် လူငယ်အဖွဲ့အား ရန်ကုန်မြို့တွင် သုံးရက်တာအကြိုသင်တန်း ပေးနေခြင်းဖြစ်သည်။

အဆိုပါ ပထမအသုတ် လူငယ်အဖွဲ့သည် နိုဝင်ဘာလ (၉)ရက်နေ့တွင် စစ်တွေမြို့သို့ ထွက်ခွာမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ဘူးသီးတောင်၊ မောင်တောဒေသ လုပ်အားပေးအစီအစဉ်များ ဆောင်ရွက်ကာ နိုဝင်ဘာလ (၂၄)ရက်နေ့တွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။

လုပ်အားပေးလူငယ် အဖွဲ့များအား ရက် (၂၀) လျှင် တစ်ဖွဲ့ လဲလှယ်ဆောင်ရွက်သွားမည်ဖြစ်ရာ ဒုတိယအသုတ်လူငယ်အဖွဲ့သည် နိုဝင်ဘာလ (၂၅)ရက်နေ့တွင်လည်းကောင်း ၊ တတိယအသုတ် လူငယ်အဖွဲ့သည် ဒီဇင်ဘာလ (၁၂)ရက်နေ့တွင်လည်းကောင်း ရခိုင်ပြည်နယ်သို့ ထွက်ခွာကြမည်ဖြစ်ပြီး ရခိုင်မထွက်ခွာမီ ရန်ကုန်မြို့တွင် အကြိုသင်တန်းကို သုံးရက်ကြာ ပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။



ဒုတိယအသုတ် နှင့် တတိယအသုတ်တွင် ပါဝင်လိုသော လူငယ်များအနေဖြင့် အဆိုပြုလွှာ ဖြည့်၍ [email protected] သို့ဖြစ်စေ UEHRD-Youth Volunteers Program( Facebook Page )https://www.facebook.com/UEHRD-Youth- Volunteers-Program-704080086469817/ ၏ messenger မှဖြစ်စေ ပြန်လည်ပေးပို့နိုင်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်



~~~~~~~~⊰❂ unicode ~~~~~~~~

ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရန် စေတနာ့ဝန်ထမ်း လူငယ်များ လုပ်အားပေး အစီအစဉ်၏ ပထမအသုတ်လူငယ် (၄၀)ဦး ရန်ကုန်တွင် နိုဝင်ဘာလ (၆)ရက်နေ့မှစ၍ သင်တန်းတက်ရောက်နကြပြေီဖြစ်ပြီး ဒုတိယနှင့် တတိယအသုတ်များအတွက် စာရင်းပေးသွင်း နိုင်ပြီဖြစ်ကြောင်း သိရသည်။

“ပထမအသုတ်ကတော့ လူဦးရေ (၄၀)ရှိပါတယ်။ ဘူးသီးတောင် (၂၀)နဲ့ မောင်တော (၂၀) အကြမ်းဖျဉ်း လျာထားတာပေါ့။ အတိုးအလျော့တော့ နည်းနည်းရှိမှာပေါ့။ လုပ်အားပေးလူငယ်တွေ ကုန်ကျ စရိတ်ကိုတော့ ရန်ကုန်မှာ သင်တန်းတက်နေထိုင်တဲ့ ကာလကနေ ရခိုင်ပြည်နယ်ကနေ ပြန်ရောက်တဲ့ အထိကို ကျွန်တော်တို့ဘက်က ကုန်ကျစရိတ်တာဝန်ယူပေးပါတယ်။ သူတို့ရဲ့ ခရီးသွားလာမှု၊ နေထိုင်စားသောက်မှု အတွက် အလှူရှင်တွေ၊ ဖောင်ဒေးရှင်းတွေနဲ့ ချိတ်ဆက်ပြီးတော့ တာဝန်ယူ ပေးပါတယ်။ သူတို့ အပိုသုံးတာတွေတော့ မပါဘူးပေါ့နော်။ တခြားဒေသတွေကနေ ရန်ကုန်ကို လာရောက်တဲ့ခရီးစရိတ်ကိုတော့ ကျွန်တော်တို့ ညှိနှိုင်းဆဲရှိပါသေးတယ်။ လတ်တလော ပထမ အသုတ်မှာတော့ ရန်ကုန်နဲ့ ရခိုင်ကြားထဲက ကုန်ကျစရိတ်ကိုပဲ တာဝန်ယူပေးထားပါတယ်။ ဒုတိယ အသုတ်၊ တတိယအသုတ်တွေအတွက် နယ်ဒေသတွေကလာမယ့် ခရီးစရိတ်ကို ညှိနှိုင်းနေပါတယ်”ဟု ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ အောင်သူရိန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသများတွင် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ လုပ်ငန်းများ၊ အချက်အလက်ကောက်ခံမှုများ၊ ဒေသတွင်းပြည်သူများအား စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးခြင်းနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်သွားရန်အတွက် အသက် (၁၈)နှစ် မှ (၃၅)နှစ်အတွင်း လူငယ်များ၏ လုပ်အားပေးအစီအစဉ်ကို နိုဝင်ဘာလ (၉) ရက်နေ့မှ စတင်ရန် ပထမအသုတ် လူငယ်အဖွဲ့အား ရန်ကုန်မြို့တွင် သုံးရက်တာအကြိုသင်တန်း ပေးနခြေင်းဖြစ်သည်။

အဆိုပါ ပထမအသုတ် လူငယ်အဖွဲ့သည် နိုဝင်ဘာလ (၉)ရက်နေ့တွင် စစ်တွမြေို့သို့ ထွက်ခွာမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ဘူးသီးတောင်၊ မောင်တောဒေသ လုပ်အားပေးအစီအစဉ်များ ဆောင်ရွက်ကာ နိုဝင်ဘာလ (၂၄)ရက်နေ့တွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။

လုပ်အားပေးလူငယ် အဖွဲ့များအား ရက် (၂၀) လျှင် တစ်ဖွဲ့ လဲလှယ်ဆောင်ရွက်သွားမည်ဖြစ်ရာ ဒုတိယအသုတ်လူငယ်အဖွဲ့သည် နိုဝင်ဘာလ (၂၅)ရက်နေ့တွင်လည်းကောင်း၊ တတိယအသုတ် လူငယ်အဖွဲ့သည် ဒီဇင်ဘာလ (၁၂)ရက်နေ့တွင်လည်းကောငး် ရခိုင်ပြည်နယ်သို့ ထွက်ခွာကြမည်ဖြစ်ပြီး ရခိုင်မထွက်ခွာမီ ရန်ကုန်မြို့တွင် အကြိုသင်တန်းကို သုံးရက်ကြာ ပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း UEHRD မှ ဖွဲ့စည်းထားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေး လူငယ် အဖွဲ့(HCYT)က ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၉ ) ရက်နေ့မှ စတင်ကာ စေတနာ့ ဝန်ထမ်း လူငယ်များ လုပ်အားပေး အစီအစဉ်ကို “ပြည်သူ့အတွက် လူငယ့် ရက် ၂၀ ဆောင်ပုဒ် ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးလူငယ် အဖွဲ့(HCYT)ကို မြန်မာနိုင်ငံအတွင်းရှိ ဘာသာ၊ လူမျိုးပေါင်းစုံ ပါဝင်ပြီး မတူကွဲပြားလူငယ်များ၏ ပါဝင်ဆောင်ရွက်မှုကို အခြေခံ ထားခြင်းဖြစ်ကြောင်း သိရသည်။

ဒုတိယအသုတ် နှင့် တတိယအသုတ်တွင် ပါဝင်လိုသော လူငယ်များအနဖြေင့် အဆိုပြုလွှာ ဖြည့်၍ [email protected] သို့ဖြစ်စေ UEHRD-Youth Volunteers Program( Facebook Page )https://www.facebook.com/UEHRD-Youth- Volunteers-Program-704080086469817/၏ messenger မှဖြစ်စေ ပြန်လည်ပေးပို့နိုင်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~