ရှမ်းပြည်နယ် (အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်းက ရခိုင်ပြည်နယ် ပညာရေးကဏ္ဍအတွက် လှူဒါန်းရန် စီစဉ်နေ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်းက ရခိုင်ပြည်နယ် ပညာရေးကဏ္ဍအတွက် လှူဒါန်းရန် စီစဉ်နေ
နိုဝငျဘာ 6, 2017
By Tachileik News Agency
ရခိုင်ပြည်နယ်၏ ပညာရေးကဏ္ဍအတွက် ရှမ်းပြည်နယ် (အရှေ့ ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်း အနေဖြင့် အလှူငွေ ကျပ်သိန်း(၅၀)နှင့် အသင်းဝင်များ၏ ထည့်ဝင်လှူဒါန်းငွေများစုပေါင်းကာ မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များ အသင်းချုပ်မှ တစ်ဆင့် လှူဒါန်းသွားရန် စီစဉ်နေကြောင်း သိရသည်။
မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်၏ ညီနောင်အသင်းဖြစ်သည့် ရှမ်းပြည်နယ် (အရှေ့ ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်း အနေဖြင့် အသင်းချုပ်က တာဝန်ယူထားသည့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး စီမံကိန်းမှ ပညာရေးကဏ္ဍအတွက် ယင်းကဲ့သို့ လှူဒါန်းရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူထားသည့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ ဖြိုးရေး စီမံကိန်း(UEHRD)ကော်မတီက ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးစီမံကိန်းတွင် မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များ အသင်းချုပ်အနေဖြင့် ပညာရေးကဏ္ဍအတွက် တာဝန်ယူပေးရန် ကမ်းလှမ်းခဲ့သည်ကို အသင်းချုပ်က သဘောတူလက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်းသည် မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များ အသင်းချုပ်၏ ညီနောင်အသင်းဖြစ်ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မန္တလေး၊ တနသာင်္ရီနှင့် စစ်ကိုင်း သတ္တုလုပ်ငန်းရှင်များအသင်းတို့ဖြင့် မိတ်ဖက်အသင်းများဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ #ဇွဲမြတ်
~~~~~~~~⊰❂ unicode ~~~~~~~~
ရခိုင်ပြည်နယ်၏ ပညာရေးကဏ္ဍအတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်း အနဖြေင့် အလှူငွေ ကျပ်သိန်း(၅၀)နှင့် အသင်းဝင်များ၏ ထည့်ဝင်လှူဒါန်းငွေများစုပေါင်းကာ မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များ အသင်းချုပ်မှ တစ်ဆင့် လှူဒါန်းသွားရန် စီစဉ်နေကြောင်း သိရသည်။
မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်၏ ညီနောင်အသင်းဖြစ်သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်း အနဖြေင့် အသင်းချုပ်က တာဝန်ယူထားသည့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး စီမံကိန်းမှ ပညာရေးကဏ္ဍအတွက် ယင်းကဲ့သို့ လှူဒါန်းရန် စီစဉ်နခြေင်းဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့အသင်းအနေနဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး စီမံကိန်းတွေထဲက ပညာရေးကဏ္ဍအတွက် ကျပ်သိန်း(၅၀)ကို မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များ အသင်းချုပ်ကို လှူဒါန်းသွားပါမယ်။ နောက်ပြီးတော့ အသင်းက လှူဒါန်းတဲ့ငွေအပြင် အသင်းဝင် လုပ်ငန်းရှင်တွေဆီကလည်း အလှူငွေရရှိဖို့ ကောက်ခံသွားမှာပါ"ဟု ရှမ်းပြည်နယ် (အရှေ့ပိုင်း)သတ္တုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်ဦးက ပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂိ္ဂုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူထားသည့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း(UEHRD)ကော်မတီက ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးစီမံကိန်းတွင် မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များ အသင်းချုပ်အနဖြေင့် ပညာရေးကဏ္ဍအတွက် တာဝန်ယူပေးရန် ကမ်းလှမ်းခဲ့သည်ကို အသင်းချုပ်က သဘောတူလက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့အသင်းချုပ်အနေနဲ့ ရခိုင်ပြည်နယ် ပညာရေးကဏ္ဍကို တာဝန်ယူဖို့ သဘောတူ လက်ခံထားတဲ့ အတွက် ကျွန်တော်တို့ရဲ့ ညီနောင်တိုင်းရင်းသားများ ဒုက္ခရောက်နေတဲ့အချိန်မှာ သတ္တုလုပ်ငန်းရှင်များ အနေနဲ့လည်း အတတ်နို်င်ဆုံး ဝိုင်းဝန်းပြီးတော့ ပံ့ပိုးကူညီပေးဖို့ မေတ္တာ ရပ်ခံချင်ပါတယ်။ ဒါဟာ နိုင်ငံတော်ရဲ့ မူဝါဒပါ။နိုင်ငံတော်ရဲ့ မူဝါဒကို ကျွန်တော်တို့ သတ္တုလုပ်ငန်းရှင် အားလုံးက လိုက်နာဖို့ ဆိုပြီးတော့ အစည်းအဝေးသွားတက်ခဲ့တဲ့ အသင်းချုပ်ဥက္ကဌကို ညွှန်ကြားခဲ့တဲ့ အတွက် ကျွန်တော့် အနေနဲ့ အသင်းချုပ်ကိုယ်စား ဒီကလုပ်ငန်းရှင်အားလုံးကို ပန်ကြားရခြင်း ဖြစ်ပါတယ်"ဟု မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များ အသင်းချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးတင်ရွှေက နိုဝင်ဘာလ (၅)ရက်နေ့တွင် ကျင်းပသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်း၏ နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအေဝးနှင့် အလုပ်မှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲတွင် ပြောကြားခဲ့သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်းသည် မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များ အသင်းချုပ်၏ ညီနောင်အသင်းဖြစ်ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မန္တလေး၊ တနသာငြီ်နှင့် စစ်ကိုင်း သတ္တုလုပ်ငန်းရှင်များအသင်းတို့ဖြင့် မိတ်ဖက်အသင်းများဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်းတွင် ၂၀၁၇ ခုနှစ်စာရင်းအရ အသင်းဝင် ကုမ္ပဏီ(၁၀၆)ခုနှင့် တစ်သီးပုဂ္ဂလ(၄)ဦးရှိပြီး ၂၀၁၆ ခုနှစ်စာရင်းအရ အသင်းဝင်ကုမ္ပဏီပေါင်း (၉၉)ခုရှိခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသတွင် ရွှေ၊ မင်းဂနီးစ်နှင့် ခဲမဖြူထုတ်လုပ်သည့်လုပ်ငန်းများ ခွင့်ပြုထားခြင်းဖြစ်သည်။
သတင်း/ဓာတ်ပုံ #ဇွဲမြတ် 
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~