သီးနွံထြက္ခ်ိန္တြင္ ေစ်းထိုးက်ခဲ့သည့္ ကယားေျပာင္းေစ်း ေအာက္တုိဘာလကုန္တြင္ အနည္းငယ္ျပန္တက္

သီးနွံထြက္ခ်ိန္တြင္ ေစ်းထိုးက်ခဲ့သည့္ ကယားေျပာင္းေစ်း ေအာက္တုိဘာလကုန္တြင္ အနည္းငယ္ျပန္တက္
နိုဝင်ဘာ 2, 2017
By Tachileik News Agency

ကယားျပည္နယ္၏ အဓိကစိုက္ပ်ိဳးသီးႏွံျဖစ္သည့္ ေျပာင္းေစ်းက်ေနရာမွ ေအာက္တိုဘာလကုန္မွစ၍ ေစ်းအနည္းငယ္ျပန္တက္လာေၾကာင္း သိရသည္။

ေျပာင္းေစ်းႏႈန္းမွာ ေအာက္တိုဘာလ (၁၀) ရက္ေန႔ ေနာက္ပိုင္းမွစ၍ တစ္ပိႆာလွ်င္ က်ပ္(၃၅၀)အထိ က်သြားခဲ့ရာမွ ေအာက္တိုဘာလ (၃၀)ရက္ေန႔ေနာက္ပိုင္းတြင္ တစ္ပိႆာလွ်င္ က်ပ္(၄၀၀)အထိ ျပန္တက္္လာျခင္းျဖစ္ေၾကာင္း သိရသည္။

" ေဈးက အက်ၾကမ္းတယ္။ ၿပီးေတာ့ အခုနည္းနည္း ျပန္တက္လာတာေပါ့။ ေနပြင့္လာလို႔ ေရာင္းတာ မ်ားလာတဲ့အခ်ိန္ ျပန္က်လာလိမ့္မယ္။ ဒါကိုထိန္းညိႇဖို႔ လိုေနတာေပါ့။ အစိုးရက လုပ္ေပးမွာ မဟုတ္ဘူး ဆိုတာ သိၿပီးသားပဲ။ တ႐ုတ္ကေတာ့ ႏိုဝင္ဘာ ေနာက္ဆုံးအပတ္ေလာက္မွ စဝယ္ပါမယ္လို႔ ေျပာပါတယ္။ အဲဒီအခ်ိန္ထိ ေစ်းကြက္ထိန္းထားႏိုင္မွ အဆင္ေျပမယ္ "ဟု ကယားျပည္နယ္ ေျပာင္းစိုက္ပ်ိဳး ထုတ္လုပ္သူမ်ား အသင္း တာဝန္ခံ ဦးျမင့္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ကယားျပည္နယ္အတြင္း စက္တင္ဘာလက ေျပာင္းဖူး တစ္ပိႆာလွ်င္ က်ပ္( ၅၃၀) အထိ ေစ်းတက္ခဲ့ၿပီး ေအာက္တိုဘာလဆန္းတြင္ က်ပ္(၃၅၀)အထိျပန္က်ခဲ့ကာ ေအာက္တိုဘာလကုန္တြင္ က်ပ္ (၄၀၀)သို႔ ျပန္တက္လာျခင္းျဖစ္ေၾကာင္း သိရသည္။

" ကြၽန္ေတာ္တို႔က တကယ္ဆို တစ္ပိႆာ (၅၀၀)ေလာက္ရမွ အဆင္ေျပတာ။ ရသင့္တယ္လို႔ ထင္တယ္ေလ။ ခုက ကြၽန္ေတာ္တို႔ တစ္ပိႆာ(၄၀၀) မျပည့္ဘူး။ (၃၉၀) အထုိင္ေစ်းေရာင္းရတယ္။ တက္္လိုက္က်လိုက္ပဲ ေဈးမၿငိမ္ဘူး။ အရင္ႏွစ္က စံခ်ိန္တင္႐ႈံးတယ္ေလ။ အကုန္လုံး အေၾကြးေတြေတာင္ မေက်ေသးဘူး။ ဒီႏွစ္ေတာ့ ထပ္ၿပီး ႐ႈံးမယ္ဆို သြားၿပီေလ"ဟု လိြဳင္ေကာ္ၿမိဳ႕နယ္ ႏြားလဝိုးေက်းရြာမွ ေတာင္သူဦးစိုးရယ္က ေျပာသည္။

ကယားျပည္နယ္အတြင္း အဓိကစိုက္ပ်ိဳးသီးႏွံျဖစ္သည့္ ေျပာင္းမွာ ယခင္ႏွစ္က ေစ်းထိုးက်ခဲ့သျဖင့္ ေျပာင္းစိုက္ေတာင္သူမ်ား အ႐ႈံးမ်ားခဲ့ေသာ္လည္း ယခုႏွစ္တြင္ စိုက္ပ်ိဳးသူမ်ားေလ်ာ့သြားျခင္း မ႐ွိေၾကာင္းသိရသည္။

"သူတို႔အရင္ႏွစ္က ႐ႈံးၾကတာ သိပါတယ္။ ေလ်ာ့သြားတာေတာ့မ႐ွိဘူး။ သူတို႔က ဒီသီးႏွံေတြနဲ႔ပဲ အသက္ေမြးဝမ္းေၾကာင္းရတာေလ။ ေဈးအတက္အက်ဆိုတာက ရန္ကုန္တို႔ ၊ မႏၱေလး တို႔ ဆီက ကုန္စည္ဒိုင္ေတြ ရဲ႕ေပါက္ေဈးေတြနဲ႔ခ်ိန္ၿပီး ေဈးအတက္အက်႐ွိတာေပါ့။ ကြၽန္မတို႔က ေပးခ်င္တဲ့ေဈး ေပးလို႔မွမရတာကိုး။ ေ႐ွ႕ေလွ်ာက္ အတက္အက်ေတာ့ ႐ွိေနအုံးမွာပါ။ ေျပာင္းရာသီေရာက္လာၿပီေလ "ဟု ေျပာင္းကုန္သည္တစ္ဦးက ေျပာသည္။

လက္႐ွိတြင္ ကယားျပည္နယ္ေျပာင္းေဈးမွာ တစ္ပိႆာလွ်င္ က်ပ္ (၄၀၀) ႐ွိေနၿပီး ကားခမွာ တစ္ပိႆာလွ်င္ ရန္ကုန္သို႔ (၅၀) က်ပ္အထက္႐ွိေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု #ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်၏ အဓိကစိုက်ပျိုးသီးနှံဖြစ်သည့် ပြောင်းဈေးကျနေရာမှ အောက်တိုဘာလကုန်မှစ၍ ဈေးအနည်းငယ်ပြန်တက်လာကြောင်း သိရသည်။

ပြောင်းဈေးနှုန်းမှာ အောက်တိုဘာလ (၁၀) ရက်နေ့ နောက်ပိုင်းမှစ၍ တစ်ပိဿါလျှင် ကျပ်(၃၅၀)အထိ ကျသွားခဲ့ရာမှ အောက်တိုဘာလ (၃၀)ရက်နေ့နောက်ပိုင်းတွင် တစ်ပိဿါလျှင် ကျပ်(၄၀၀)အထိ ပြန်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

" ဈေးက အကျကြမ်းတယ်။ ပြီးတော့ အခုနည်းနည်း ပြန်တက်လာတာပေါ့။ နေပွင့်လာလို့ ရောင်းတာ များလာတဲ့အချိန် ပြန်ကျလာလိမ့်မယ်။ ဒါကိုထိန်းညှိဖို့ လိုနေတာပေါ့။ အစိုးရက လုပ်ပေးမှာ မဟုတ်ဘူး ဆိုတာ သိပြီးသားပဲ။ တရုတ်ကတော့ နိုဝင်ဘာ နောက်ဆုံးအပတ်လောက်မှ စဝယ်ပါမယ်လို့ ပြောပါတယ်။ အဲဒီအချိန်ထိ ဈေးကွက်ထိန်းထားနိုင်မှ အဆင်ပြေမယ် "ဟု ကယားပြည်နယ် ပြောင်းစိုက်ပျိုး ထုတ်လုပ်သူများ အသင်း တာဝန်ခံ ဦးမြင့်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကယားပြည်နယ်အတွင်း စက်တင်ဘာလက ပြောင်းဖူး တစ်ပိဿါလျှင် ကျပ်( ၅၃၀) အထိ ဈေးတက်ခဲ့ပြီး အောက်တိုဘာလဆန်းတွင် ကျပ်(၃၅၀)အထိပြန်ကျခဲ့ကာ အောက်တိုဘာလကုန်တွင် ကျပ် (၄၀၀)သို့ ပြန်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

" ကျွန်တော်တို့က တကယ်ဆို တစ်ပိဿါ (၅၀၀)လောက်ရမှ အဆင်ပြေတာ။ ရသင့်တယ်လို့ ထင်တယ်လေ။ ခုက ကျွန်တော်တို့ တစ်ပိဿါ(၄၀၀) မပြည့်ဘူး။ (၃၉၀) အထိုင်ဈေးရောင်းရတယ်။ တက်လိုက်ကျလိုက်ပဲ ဈေးမငြိမ်ဘူး။ အရင်နှစ်က စံချိန်တင်ရှုံးတယ်လေ။ အကုန်လုံး အကြွေးတွေတောင် မကျေသေးဘူး။ ဒီနှစ်တော့ ထပ်ပြီး ရှုံးမယ်ဆို သွားပြီလေ"ဟု လွိုင်ကော်မြို့နယ် နွားလဝိုးကျေးရွာမှ တောင်သူဦးစိုးရယ်က ပြောသည်။

ကယားပြည်နယ်အတွင်း အဓိကစိုက်ပျိုးသီးနှံဖြစ်သည့် ပြောင်းမှာ ယခင်နှစ်က ဈေးထိုးကျခဲ့သဖြင့် ပြောင်းစိုက်တောင်သူများ အရှုံးများခဲ့သော်လည်း ယခုနှစ်တွင် စိုက်ပျိုးသူများလျော့သွားခြင်း မရှိကြောင်းသိရသည်။

"သူတို့အရင်နှစ်က ရှုံးကြတာ သိပါတယ်။ လျော့သွားတာတော့မရှိဘူး။ သူတို့က ဒီသီးနှံတွေနဲ့ပဲ အသက်မွေးဝမ်းကြောင်းရတာလေ။ ဈေးအတက်အကျဆိုတာက ရန်ကုန်တို့၊ မန္တလေး တို့ ဆီက ကုန်စည်ဒိုင်တွေ ရဲ့ပေါက်ဈေးတွေနဲ့ချိန်ပြီး ဈေးအတက်အကျရှိတာပေါ့။ ကျွန်မတို့က ပေးချင်တဲ့ဈေး ပေးလို့မှမရတာကိုး။ ရှေ့လျှောက် အတက်အကျတော့ ရှိနေအုံးမှာပါ။ ပြောင်းရာသီရောက်လာပြီလေ "ဟု ပြောင်းကုန်သည်တစ်ဦးက ပြောသည်။

လက်ရှိတွင် ကယားပြည်နယ်ပြောင်းဈေးမှာ တစ်ပိဿါလျှင် ကျပ် (၄၀၀) ရှိနပြေီး ကားခမှာ တစ်ပိဿါလျှင် ရန်ကုန်သို့ (၅၀) ကျပ်အထက်ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~