ဖုန်းဘီလ်ဖြတ်တောက်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ အော်ပရေတာများ ဖြေရှင်းရန် ပျက်ကွက်ပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနထံ တိုက်ရိုက်တိုင်ကြားရန် အသိပေးကြေညာ

ဖုန်းဘီလ်ဖြတ်တောက်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ အော်ပရေတာများ ဖြေရှင်းရန် ပျက်ကွက်ပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနထံ တိုက်ရိုက်တိုင်ကြားရန် အသိပေးကြေညာ
နိုဝငျဘာ 23, 2017
By Tachileik News Agency

ဖုန်းဘီလ်ဖြတ်တောက်ခြင်းနှင့် ပတ်သက်၍ သိရှိလိုသည်များကို သက်ဆိုင်ရာ အော်ပရေတာများအနေဖြင့် ဖြေရှင်းရန်ပျက်ကွက်ပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနထံ တိုင်ကြားကြရန် နိုဝင်ဘာလ (၂၃)ရက်နေ့တွင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေးကြေညာထားသည်။


“မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ MPT တယ်လီဖုန်းသုံးစွဲသူများအား တယ်လီဖုန်းအသုံးပြုခများ အမှန်တကယ် သုံးစွဲမှုထက် ကျသင့်ငွေပိုမိုဖြတ်တောက်ခြင်းများ စိစစ်တွေ့ရှိပါက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ကျသင့်ငွေထက် ပိုမိုဖြတ်တောက်ထားသောအသုံးပြုခများအား သုံးစွဲသူများထံသို့ ပြန်လည် ထည့်ပေးရန် စိစစ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တယ်လီဖုန်းသုံးစွဲသူများ အနေဖြင့် မိမိ၏တယ်လီဖုန်းအတွင်း Background Downloading (New Update & Software Update )များ၊ Auto Update and download များ ထည့်သွင်းအသုံးပြုထားခြင်းကြောင့် ငွေကြေးဖြတ်တောက်မှုများ ရှိကြောင်း၊ သုံးစွဲသူများအား အသိပညာပေးခြင်းလုပ်ငန်းများကိုလည်း အခါအားလျော်စွာ ဆောင်ရွက်ပေး လျက်ရှိပါကြောင်း ’’ ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က တိုင်းဒေသကြီးလွှတ်တော်တွင် ပြန်လည် ဖြေကြားထားခြင်းဖြစ်သည်။

အသိပေး ကြေညာချက်တွင် ဖုန်းဘီလ် ဖြတ်တောက်မှုများ တိကျမှန်ကန်မှုနှင့် ရှင်းလင်းမှုရှိစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များအား တယ်လီဖုန်း အော်ပရေတာများသို့ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်များ သတ်မှတ်ချထားပေးစဉ်ကတည်းက သတ်မှတ်ထားပြီးဖြစ်သဖြင့် သုံးစွဲသူများအနေဖြင့် မိမိတို့၏ ဖုန်းဘီလ်များ ဖြတ်တောက်မှုနှင့်စပ်လျဉ်း၍ သိရှိလိုပါက သက်ဆိုင်ရာ တယ်လီဖုန်း အော်ပရေတာများထံ မိမိတို့ အသုံးပြုသည့် ဖုန်းဘီလ်စာရင်းအားလည်းကောင်း၊ ရှင်းလင်းမှု မရှိသည်များအားလည်းကောင်း ဖြေရှင်းပေးရန် တောင်းဆိုနိုင်သည်ဟု ဖော်ပြထားသည်။

အဆိုပါ အော်ပရေတာများ၏ ရှင်းလင်းဖြေကြားမှုများအား ကျေနပ်မှုမရှိခြင်း၊ ဖုန်းဘီလ်စာရင်း မှန်ကန်ခြင်း မရှိဟု ယူဆပါက မိမိတို့ ခေါ်ဆိုအသုံးပြုသည့် အချိန် ၊ အသုံးပြုသည့် အော်ပရေတာ အခြေအနေများကို ဖော်ပြ၍ တယ်လီဖုန်း အော်ပရေတာများက ဖြေရှင်းမှုအခြေအနေတို့ကို ညွှန်ကြားရေးမှူးချုပ် ၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရုံးအမှတ် (၂) ၊ နေပြည်တော်သို့ လိပ်မူ၍ လည်းကောင်း [email protected] သို့လည်းကောင်း ပေးပို့တိုင်ကြားပါက ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သတင်း - အင်မိုင်ခ


~~~~~~~~⊰❂ unicode ~~~~~~~~

ဖုန်းဘီလ်ဖြတ်တောက်ခြင်းနှင့် ပတ်သက်၍ သိရှိလိုသည်များကို သက်ဆိုင်ရာ အော်ပရေတာများအနဖြေင့် ဖြေရှင်းရန်ပျက်ကွက်ပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနထံ တိုင်ကြားကြရန် နိုဝင်ဘာလ (၂၃)ရက်နေ့တွင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေးကြေညာထားသည်။

ဖုန်းဘီလ်များ ပိုမိုဖြတ်တောက်ခံနေရခြင်းအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စိစစ်အရေးယူ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး (၁၇) ရက်မြောက်နေ့ဖြစ်သည့် နိုဝင်ဘာလ (၂၀)ရက်နေ့တွင် မရမ်းကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက မေးမြန်းခဲ့ပြီးနောက် ယင်းကဲ့သို့ အသိပေး ကြေညာခဲ့ခြင်းဖြစ်သည်။

“မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ MPT တယ်လီဖုန်းသုံးစွဲသူများအား တယ်လီဖုန်းအသုံးပြုခများ အမှန်တကယ် သုံးစွဲမှုထက် ကျသင့်ငွေပိုမိုဖြတ်တောက်ခြင်းများ စိစစ်တွေ့ရှိပါက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ကျသင့်ငွေထက် ပိုမိုဖြတ်တောက်ထားသောအသုံးပြုခများအား သုံးစွဲသူများထံသို့ ပြန်လည် ထည့်ပေးရန် စိစစ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တယ်လီဖုန်းသုံးစွဲသူများ အနဖြေင့် မိမိ၏တယ်လီဖုန်းအတွင်း Background Downloading (New Update & Software Update )များ၊ Auto Update and download များ ထည့်သွင်းအသုံးပြုထားခြင်းကြောင့် ငွေကြေးဖြတ်တောက်မှုများ ရှိကြောင်း၊ သုံးစွဲသူများအား အသိပညာပေးခြင်းလုပ်ငန်းများကိုလည်း အခါအားလျော်စွာ ဆောင်ရွက်ပေး လျက်ရှိပါကြောင်း ’’ ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က တိုင်းဒေသကြီးလွှတ်တော်တွင် ပြန်လည် ဖြကြေားထားခြင်းဖြစ်သည်။

အသိပေး ကြေညာချက်တွင် ဖုန်းဘီလ် ဖြတ်တောက်မှုများ တိကျမှန်ကန်မှုနှင့် ရှင်းလင်းမှုရှိစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များအား တယ်လီဖုန်း အော်ပရေတာများသို့ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်များ သတ်မှတ်ချထားပေးစဉ်ကတည်းက သတ်မှတ်ထားပြီးဖြစ်သဖြင့် သုံးစွဲသူများအနဖြေင့် မိမိတို့၏ ဖုန်းဘီလ်များ ဖြတ်တောက်မှုနှင့်စပ်လျဉ်း၍ သိရှိလိုပါက သက်ဆိုင်ရာ တယ်လီဖုန်း အော်ပရေတာများထံ မိမိတို့ အသုံးပြုသည့် ဖုန်းဘီလ်စာရင်းအားလည်းကောင်း၊ ရှင်းလင်းမှု မရှိသည်များအားလည်းကောင်း ဖြေရှင်းပေးရန် တောင်းဆိုနိုင်သည်ဟု ဖော်ပြထားသည်။

အဆိုပါ အော်ပရေတာများ၏ ရှင်းလင်းဖြကြေားမှုများအား ကျေနပ်မှုမရှိခြင်း၊ ဖုန်းဘီလ်စာရင်း မှန်ကန်ခြင်း မရှိဟု ယူဆပါက မိမိတို့ ခေါ်ဆိုအသုံးပြုသည့် အချိန်၊ အသုံးပြုသည့် အော်ပရေတာ အခြေအနေများကို ဖော်ပြ၍ တယ်လီဖုန်း အော်ပရေတာများက ဖြေရှင်းမှုအခြေအနေတို့ကို ညွှန်ကြားရေးမှူးချုပ်၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရုံးအမှတ် (၂)၊ နပြေည်တော်သို့ လိပ်မူ၍ လည်းကောင်း [email protected] သို့လည်းကောင်း ပေးပို့တိုင်ကြားပါက ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သတင်း - အင်မိုင်ခ

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~