ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသားများ နိုဝင်ဘာလအတွင်း တတိယအကြိမ်အဖြစ် ထိုင်းနိုင်ငံမှ လွှဲပြောင်းပေး

ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသားများ နိုဝင်ဘာလအတွင်း တတိယအကြိမ်အဖြစ် ထိုင်းနိုင်ငံမှ လွှဲပြောင်းပေး
နိုဝငျဘာ 6, 2017
By Tachileik News Agency



ထိုင်းနိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားများအား တာချီလိတ်မှ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေးရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအားကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) ကော်မတီတို့က လက်ခံကြိုဆိုပြီး ၄င်းတို့၏ မူလနေရပ်ဒေသများသို့ ပြန်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနေခြင်းဖြစ်သည်။


သတင်း #စိုင်းဇေယျာ


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံတွင် တရားမဝင် နေထိုင်သည့် မြန်မာနိုင်ငံသား အမျိုးသား(၃)ဦးအား ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ နိုဝင်ဘာလ (၆)ရက်နေ့ နေ့လယ်ပိုင်းအချိန်က ထိုင်းနိုင်ငံမှ လာရောက် လွှဲပြောင်းပေးသဖြင့် နိုဝင်ဘာလအတွင်း တတိယအကြိမ် လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတား တာချီလိတ်ဘက်သို့ နေ့လယ် (၁)နာရီ (၃၀)မိနစ်ခန့်က လာရောက်လွှဲပြောင်းပေးခြင်းဖြစ်ပြီး၎င်းတို့နေရပ်ပြန်နိုင်ရေးအတွက် မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများက စီစဉ်ပေးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားများအား တာချီလိတ်မှ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေးရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအားကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) ကော်မတီတို့က လက်ခံကြိုဆိုပြီး ၄င်းတို့၏ မူလနေရပ်ဒေသများသို့ ပြန်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနခြေင်းဖြစ်သည်။

၂၀၁၇ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ နိုဝင်ဘာလ (၆)ရက်နေ့ တာချီလိတ်သို့ ပြန်လည် လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားဦးရေမှာ အမျိုးသား(၆၉၄)ဦး၊ အမျိုးသမီး(၃၁၄)ဦး၊ ကလေး(၅၅)ဦး၊ စုစုပေါင်း (၁၀၆၃)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ
ဓာတ်ပုံ #မြို့နယ်ထွေအုပ် 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~