ဒီဇင္ဘာလအတြင္း ျပဳလုပ္မည့္ အထက(တာခ်ီလိတ္)၏ ေက်ာင္းသား/သူေဟာင္းမ်ား ျမတ္ဆရာကန္ေတာ့ပြဲႏွင့္ ေတြ႔ဆံုပြဲအတြက္ ရန္ပံုေငြရရွိေရး ေက်ာင္းသားေဟာင္းမ်ား ပါ၀င္

ဒီဇင္ဘာလအတြင္း ျပဳလုပ္မည့္ အထက(တာခ်ီလိတ္)၏ ေက်ာင္းသား/သူေဟာင္းမ်ား ျမတ္ဆရာကန္ေတာ့ပြဲႏွင့္ ေတြ႔ဆံုပြဲအတြက္ ရန္ပံုေငြရရွိေရး ေက်ာင္းသားေဟာင္းမ်ား ပါ၀င္
နိုဝင်ဘာ 30, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ရွိ အေျခခံပညာ အထက္တန္းေက်ာင္း(တာခ်ီလိတ္)၏ ႏွစ္အကန္႔အသတ္မရွိ ေက်ာင္းသား/သူ ေဟာင္းမ်ားမွ စုေပါင္း၍ ျမတ္ဆရာ ကန္ေတာ့ပြဲ ႏွင့္ ေတြ႕ဆံုပြဲအား
၂၀၁၇ခုႏွစ္ ဒီဇင္ဘာလ (၁၀)ရက္ေန႔တြင္ က်င္းပ ျပဳလုပ္မည္ျဖစ္ရာ အဆိုပါ ပြဲျဖစ္ေျမာက္ရန္အတြက္ ေက်ာင္းသား/ သူေဟာင္းမ်ားမွ ရန္ပံုေငြ စုေပါင္း ပါ၀င္ေၾကာင္း သိရသည္။

အဆိုပါ ပြဲျဖစ္ေျမာက္ရန္အတြက္ အထက(တာခ်ီလိတ္)၏ ေက်ာင္းသား/သူေဟာင္းမ်ားက ရန္ပံုေငြမ်ား ေကာက္ခံရာတြင္ ေနအိမ္မ်ားအေရာက္ အုပ္စုခြဲ၍ လိုက္လံ ေကာက္ခံေပးေၾကာင္း သိရသည္။

၂၀၁၇ခုႏွစ္ ဒီဇင္ဘာလ(၁၀)ရက္ေန႔ ညေနပိုင္းတြင္ က်င္းပျပဳလုပ္မည့္ ျမတ္ဆရာ ကန္ေတာ့ပြဲ ႏွင့္ ေတြ႕ဆံုပြဲ၌ ကန္ေတာ့ခံ ဆရာ/မ စုစုေပါင္း (၆၀)ေက်ာ္ ႏွင့္ ဧည့္ခံ ဆရာ/မ စုစုေပါင္း (၃၀)ေက်ာ္ရွိသည့္ အတြက္ ရန္ပံုေငြမ်ား လိုအပ္လ်က္ရွိရာ ရန္ပံုေငြမ်ား ေကာက္ခံရာတြင္ ေနအိမ္မ်ားအေရာက္ အုပ္စုခြဲ၍ လိုက္လံေကာက္ခံေပးလ်က္ရွိၿပီး ႏို၀င္ဘာလ(၂၉)ရက္ ႏွင့္ ႏို၀င္ဘာလ(၃၀)ရက္ေန႔ ႏွစ္ရက္တာအတြင္း ဘတ္(၃၀၀၀၀)၀န္းက်င္ ရရွိေၾကာင္းသိရသည္။

၂၀၁၇ခုႏွစ္ ဒီဇင္ဘာလ(၁၀)ရက္ေန႔ ညေနပိုင္းတြင္ က်င္းပျပဳလုပ္မည့္ ျမတ္ဆရာကန္ေတာ့ပြဲႏွင့္ ေတြ႔ဆံုပြဲသည္ ေက်ာင္းတက္ႏွစ္ အကန္႔အသတ္မရွိ သတ္မွတ္ထားၿပီး ကန္ေတာ့ခံ ဆရာ/မမ်ားအား အသက္(၅၀)အထက္ သတ္မွတ္ထားကာ ဧည့္ခံ ဆရာ/မမ်ားအား အသက္(၅၀)ေအာက္ သတ္မွတ္ထားေၾကာင္း ႏွင့္ ၂၀၁၈ခုႏွစ္ ဇန္န၀ါရီလ(၇)ရက္ေန႔တြင္ ဂြ်န္နီ အားကစားစင္တာႏွင့္ လွ်ပ္စစ္ပစၥည္းဆိုင္တြင္ က်င္းပျပဳလုပ္မည့္ ေက်ာင္းသား/သူေဟာင္းမ်ား မိတ္ဆံုစားပြဲအား ၁၉၆၀ မွ ၂၀၀၀ ခုႏွစ္အထိ ေက်ာင္းသားေဟာင္းမ်ား ဆင္ႏႊဲရန္အတြက္ မိတ္ဆံုစားပြဲသီးသန္႔ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

၂၀၁၇ခုႏွစ္ ဒီဇင္ဘာလ(၁၀)ရက္ေန႔တြင္ စုေပါင္းက်င္းပျပဳလုပ္မည့္ ပြဲအား အထက(တာခ်ီလိတ္)ေက်ာင္းေရွ႕ရွိ မ်က္ႏွာစာ၌ ညေန(၃)နာရီမွ စတင္က်င္းပၿပီး ညေန(၅)နာရီခြဲအတိတြင္ ဆရာ/မမ်ားအား စုေပါင္း ကန္ေတာ့ၾကမည္ ျဖစ္ရာ အသက္(၇၅)ႏွစ္အထက္ ဆရာ/မမ်ား၊ အသက္(၅၅)ႏွစ္အထက္ ဆရာ/မမ်ား ႏွင့္ အသက္(၅၀)ႏွစ္အထက္ ဆရာ/မမ်ား စသည္ျဖင့္ (၃)မ်ဳိးသတ္မွတ္၍ ေက်ာင္းသား/ သူေဟာင္းမ်ားက ကန္ေတာ့ၾကမည္ျဖစ္ေၾကာင္း ႏွင့္ ပါ၀င္ဆင္ႏဲႊမည့္ ေက်ာင္းသား ေဟာင္းမ်ားတြင္ (၁၉၇၀)ခုႏွစ္၀န္းက်င္က ေက်ာင္းသားေဟာင္းမ်ားလည္း ပါ၀င္သည့္အတြက္ အသက္(၇၅)ႏွစ္အထက္ ကန္ေတာ့ခံဆရာ/မမ်ားလည္း ပါ၀င္မည္ျဖစ္ေၾကာင္း သိရသည္။

"အခု ဒီဇင္ဘာလ(၁၀)ရက္ေန႔မွာ က်င္းပမဲ့ ပြဲက ျမတ္ဆရာကန္ေတာ့ပြဲလည္း ျဖစ္သလို ေက်ာင္းသားေဟာင္းမ်ား ေတြ႔ဆံုပြဲလည္း ျဖစ္ပါတယ္။ ဒီပြဲကို အထက(တာခ်ီလိတ္)
ေက်ာင္းထဲမွာပဲ က်င္းပမွာပါ၊ ေက်ာင္းအုပ္ဆရာႀကီးရဲ႕ ခြင့္ျပဳခ်က္ကိုလည္း ရရွိထားၿပီးပါၿပီ။ ပြဲက်င္းပေရး အျပင္အဆင္ျဖစ္တဲ့ စတိတ္စင္တို႔ မီးအလွဆင္တာတို႔ ကန္ေတာ့မယ့္ ေနရာျပင္ဆင္ဖို႔အတြက္ လိုအပ္တဲ့ ပစၥည္းေတြကို အလင္းေရာင္ပရဟိတအသင္းကေန ငွားရမ္းအကူအညီေတာင္းခံထားပါတယ္။ ပြဲစမွာက ဒီဇင္ဘာလ(၁၀)ရက္ေန႔ ဆိုေပမဲ့ ဒီဇင္ဘာလ(၉)ရက္ေန႔မွာလည္း လုပ္အားေတြလိုတဲ့အတြက္ ေက်ာင္းသားေဟာင္းမ်ားအေနနဲ႔လည္း ပါ၀င္အားျဖည့္ေပးဖို႔ ေမတၱာရပ္ခံပါရေစ"ဟု အထက(တာခ်ီလိတ္)၏ ေက်ာင္းသားေဟာင္းတစ္ဦးျဖစ္သူက ေျပာသည္။

ေက်ာင္းသား/သူေဟာင္းမ်ားမွ က်င္းပမည့္ ျမတ္ဆရာ ကန္ေတာ့ပြဲ ႏွင့္ ေတြ႕ဆံုပြဲ ႏွင့္ ပတ္သက္၍ မေရႊစင္ခက္ 0941003219 ၊ မနန္းေငြ (ထိုင္းဖုန္း) 0804999169 ၊ ဦးတင္၀င္း
095241244 ၊ ဦးေအာင္ေက်ာ္၀င္းစိန္ 09250857449 ၊ ၊ မျမတ္သႏၱာထက္ 09261299336 တို႔အား ဆက္သြယ္ေမးျမန္းႏိုင္မွာ ျဖစ္ေၾကာင္း သိရွိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း(တာချီလိတ်)၏ နှစ်အကန့်အသတ်မရှိ ကျောင်းသား/သူ ဟောင်းများမှ စုပေါင်း၍ မြတ်ဆရာ ကန်တော့ပွဲ နှင့် တွေ့ဆုံပွဲအား
၂၀၁၇ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ရာ အဆိုပါ ပွဲဖြစ်မြောက်ရန်အတွက် ကျောင်းသား/ သူဟောင်းများမှ ရန်ပုံငွေ စုပေါင်း ပါဝင်ကြောင်း သိရသည်။

အဆိုပါ ပွဲဖြစ်မြောက်ရန်အတွက် အထက(တာချီလိတ်)၏ ကျောင်းသား/သူဟောင်းများက ရန်ပုံငွေများ ကောက်ခံရာတွင် နေအိမ်များအရောက် အုပ်စုခွဲ၍ လိုက်လံ ကောက်ခံပေးကြောင်း သိရသည်။

၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၁၀)ရက်နေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်မည့် မြတ်ဆရာ ကန်တော့ပွဲ နှင့် တွေ့ဆုံပွဲ၌ ကန်တော့ခံ ဆရာ/မ စုစုပေါင်း (၆၀)ကျော် နှင့် ဧည့်ခံ ဆရာ/မ စုစုပေါင်း (၃၀)ကျော်ရှိသည့် အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိရာ ရန်ပုံငွေများ ကောက်ခံရာတွင် နေအိမ်များအရောက် အုပ်စုခွဲ၍ လိုက်လံကောက်ခံပေးလျက်ရှိပြီး နိုဝင်ဘာလ(၂၉)ရက် နှင့် နိုဝင်ဘာလ(၃၀)ရက်နေ့ နှစ်ရက်တာအတွင်း ဘတ်(၃၀၀၀၀)ဝန်းကျင် ရရှိကြောင်းသိရသည်။

၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၁၀)ရက်နေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်မည့် မြတ်ဆရာကန်တော့ပွဲနှင့် တွေ့ဆုံပွဲသည် ကျောင်းတက်နှစ် အကန့်အသတ်မရှိ သတ်မှတ်ထားပြီး ကန်တော့ခံ ဆရာ/မများအား အသက်(၅၀)အထက် သတ်မှတ်ထားကာ ဧည့်ခံ ဆရာ/မများအား အသက်(၅၀)အောက် သတ်မှတ်ထားကြောင်း နှင့် ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၇)ရက်နေ့တွင် ဂျွန်နီ အားကစားစင်တာနှင့် လျှပ်စစ်ပစ္စည်းဆိုင်တွင် ကျင်းပပြုလုပ်မည့် ကျောင်းသား/သူဟောင်းများ မိတ်ဆုံစားပွဲအား ၁၉၆၀ မှ ၂၀၀၀ ခုနှစ်အထိ ကျောင်းသားဟောင်းများ ဆင်နွှဲရန်အတွက် မိတ်ဆုံစားပွဲသီးသန့် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် စုပေါင်းကျင်းပပြုလုပ်မည့် ပွဲအား အထက(တာချီလိတ်)ကျောင်းရှေ့ရှိ မျက်နှာစာ၌ ညနေ(၃)နာရီမှ စတင်ကျင်းပပြီး ညနေ(၅)နာရီခွဲအတိတွင် ဆရာ/မများအား စုပေါင်း ကန်တော့ကြမည် ဖြစ်ရာ အသက်(၇၅)နှစ်အထက် ဆရာ/မများ၊ အသက်(၅၅)နှစ်အထက် ဆရာ/မများ နှင့် အသက်(၅၀)နှစ်အထက် ဆရာ/မများ စသည်ဖြင့် (၃)မျိုးသတ်မှတ်၍ ကျောင်းသား/ သူဟောင်းများက ကန်တော့ကြမည်ဖြစ်ကြောင်း နှင့် ပါဝင်ဆင်နွှဲမည့် ကျောင်းသား ဟောင်းများတွင် (၁၉၇၀)ခုနှစ်ဝန်းကျင်က ကျောင်းသားဟောင်းများလည်း ပါဝင်သည့်အတွက် အသက်(၇၅)နှစ်အထက် ကန်တော့ခံဆရာ/မများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

"အခု ဒီဇင်ဘာလ(၁၀)ရက်နေ့မှာ ကျင်းပမဲ့ ပွဲက မြတ်ဆရာကန်တော့ပွဲလည်း ဖြစ်သလို ကျောင်းသားဟောင်းများ တွေ့ဆုံပွဲလည်း ဖြစ်ပါတယ်။ ဒီပွဲကို အထက(တာချီလိတ်)
ကျောင်းထဲမှာပဲ ကျင်းပမှာပါ၊ ကျောင်းအုပ်ဆရာကြီးရဲ့ ခွင့်ပြုချက်ကိုလည်း ရရှိထားပြီးပါပြီ။ ပွဲကျင်းပရေး အပြင်အဆင်ဖြစ်တဲ့ စတိတ်စင်တို့ မီးအလှဆင်တာတို့ ကန်တော့မယ့် နေရာပြင်ဆင်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို အလင်းရောင်ပရဟိတအသင်းကနေ ငှါးရမ်းအကူအညီတောင်းခံထားပါတယ်။ ပွဲစမှာက ဒီဇင်ဘာလ(၁၀)ရက်နေ့ ဆိုပေမဲ့ ဒီဇင်ဘာလ(၉)ရက်နေ့မှာလည်း လုပ်အားတွေလိုတဲ့အတွက် ကျောင်းသားဟောင်းများအနေနဲ့လည်း ပါဝင်အားဖြည့်ပေးဖို့ မေတ္တာရပ်ခံပါရစေ"ဟု အထက(တာချီလိတ်)၏ ကျောင်းသားဟောင်းတစ်ဦးဖြစ်သူက ပြောသည်။

ကျောင်းသား/သူဟောင်းများမှ ကျင်းပမည့် မြတ်ဆရာ ကန်တော့ပွဲ နှင့် တွေ့ဆုံပွဲ နှင့် ပတ်သက်၍ မရွှေစင်ခက် 0941003219၊ မနန်းငွေ (ထိုင်းဖုန်း) 0804999169၊ ဦးတင်ဝင်း
095241244၊ ဦးအောင်ကျော်ဝင်းစိန် 09250857449၊ မမြတ်သန္တာထက် 09261299336 တို့အား ဆက်သွယ်မေးမြန်းနိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~