ကယားပြည်နယ်တွင် နှစ်စဉ် သီးနှံဈေးနှုန်းများ ကျဆင်းလာခြင်းကြောင့် အော်ဂဲနစ် စိုက်ပျိုးသူလျော့နည်းလာ
ကယားပြည်နယ်တွင် နှစ်စဉ် သီးနှံဈေးနှုန်းများ ကျဆင်းလာခြင်းကြောင့် အော်ဂဲနစ် စိုက်ပျိုးသူလျော့နည်းလာ
နိုဝငျဘာ 23, 2017
By Tachileik News Agency
ကယားပြည်နယ်တွင် ၂၀၁၆ ခုနှစ်မှစ၍ သီးနှံဈေးနှုန်းကျဆင်းမှုနှင့် ဈေးကွက်မရခြင်း တို့ကြောင့် အော်ဂဲနစ် စိုက်ပျိုးသူနည်းပါးလာပြီး ဓာတ်မြေသြဇာသုံးစွဲစိုက်ပျိုးမှုများလာနေကြောင်း သိရသည်။
လက်ရှိတွင် ကယားပြည်နယ်၏ အဓိကစိုက်ပျိုးသီး နှံများဖြစ်သည့် ပြောင်းဖူး ၊ နှမ်း ၊စပါး ၊မြေပဲ စသည့် သီးနှံများ၏ ဈေးနှုန်းမှာ ကာလကြာရှည် ကျဆင်းနေသဖြင့် တောင်သူများသည် အခြားသီးနှံများ စိုက်ပျိုးရာတွင် ပုံမှန်ထက် သီးနှံထွက်နှုန်း မြှင့်တင်ရန် ဓာတ်မြေသြဇာများ၊ ပိုးသတ်ဆေးများကို အလွန်အကျွံသုံးစွဲလာကြကြောင်း ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသဲရယ်က ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ပေးမည့် အစီအစဉ်ရှိ/မရှိအား ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့ခြင်းကို ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးက ပြည်နယ်တွင်း မြေသြဇာအလွန်အကျွံသုံးစွဲမှု မများသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
" ကယားပြည်နယ်မှာ စိုက်ပျိုးသီးနှံများမှာ ဓာတုပါဝင်တဲ့ ဆေးဝါးများ ၊ မြေသြဇာများ အလွန်အကျွံ အသုံးမပြုသေးပါကြောင်းနဲ့ တောင်သူများ စနစ်တကျသုံးစွဲတတ်လာစေရန် သီးနှံအလိုက်၊ ရာသီအလိုက်၊ ရေမြေသဘာဝအလိုက် စံပြကွက်များ စမ်းသပ်ကွက်များ သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်းများဖြင့် စိုက်ပျိုး၍ ပညာပေး ဆွေးနွေးဆောင်ရွက်လျက်ရှိပါတယ်"ဟု ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စကို က ပြန်လည်ဖြေကြားခဲ့သည်။
သီးနှံဈေးကျဆင်းမှုများကြောင့် စိုက်ပျိုးသီးနှံများ အထွက်ကောင်းရန် ယခင်က သဘာဝမြေသြဇာဖြင့်သာ စိုက်ပျိုးရာမှ ဓာတ်မြေသြဇာများကို သုံးစွဲစိုက်ပျိုးနေရကြောင်း ဘောလခဲမြို့ ချိကွဲ့ကျေးရွာမှ နှမ်းစိုက်တောင်သူ တစ်ဦးက ပြောသည်။
တောင်သူများအနေဖြင့် သဘာဝ မြေသြဇာ ဘိုကာချီ ထုပ်လုပ်သုံးစွဲနည်းကို သိရှိသူနည်းသဖြင့် စိုက်ပျိုးရေးဌာနအနေဖြင့် ကူညီပံ့ပိုးပေးသင့်ကြောင့် ဒေသခံတောင်သူများက ဆိုသည်။
MATA အဖွဲ့အနေဖြင့် ကယားပြည်နယ်အတွင်း အော်ဂဲနစ်စိုက်ပျိုးနည်းစနစ်သင်တန်းများ ပေးနိုင်ရန် စီစဉ်နေကြောင်း သိရသည်။
ကယားပြည်နယ်တွင် အဓိက စိုက်ပျိုးသည့် ပြောင်းဖူး၊ စပါး၊ မြေပဲ ၊နှမ်း ၊ပဲစဉ်းငုံ စသည့် သီးနှံများ၏ ဈေးနှုန်းမှာ ယမန်နှစ်ကတည်းက ကျဆင်းနေခြင်းဖြစ်ကြောင်း သိရသည်။
~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ်တွင် ၂၀၁၆ ခုနှစ်မှစ၍ သီးနှံဈေးနှုန်းကျဆင်းမှုနှင့် ဈေးကွက်မရခြင်း တို့ကြောင့် အော်ဂဲနစ် စိုက်ပျိုးသူနည်းပါးလာပြီး ဓာတ်မြသြေဇာသုံးစွဲစိုက်ပျိုးမှုများလာနေကြောင်း သိရသည်။
လက်ရှိတွင် ကယားပြည်နယ်၏ အဓိကစိုက်ပျိုးသီး နှံများဖြစ်သည့် ပြောင်းဖူး၊ နှမ်း၊စပါး၊မြေပဲ စသည့် သီးနှံများ၏ ဈေးနှုန်းမှာ ကာလကြာရှည် ကျဆင်းနေသဖြင့် တောင်သူများသည် အခြားသီးနှံများ စိုက်ပျိုးရာတွင် ပုံမှန်ထက် သီးနှံထွက်နှုန်း မြှင့်တင်ရန် ဓာတ်မြသြေဇာများ၊ ပိုးသတ်ဆေးများကို အလွန်အကျွံသုံးစွဲလာကြကြောင်း ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသဲရယ်က ပြောသည်။
" အထူးသဖြင့် ဒီဖရူဆိုမှာဆို မြေပဲစိုက်တဲ့မြေတွေမှာ ဓာတ်မြသြေဇာသုံးတဲ့အပြင် ဆားတွေပါ သုံးလာကြတာပေါ့။ အဲဒီလိုသုံးတော့ မြေပဲစိုက်လို့ မရလာတော့ဘူး။ စိုက်လည်း ပုပ်သွားတာမျိုး ဖြစ်နေတယ်။ သီးနှံဈေးတွေ မရှိတော့ တောင်သူတွေက စားဝတ်နေရေး ကျပ်တည်းလာတယ်ပေါ့။ အဲဒီတော့ စိုက်တဲ့သီးနှံ အထွက်ကောင်းအောင် ဆိုပြီး အရင်အော်ဂဲနစ်နဲ့စိုက်တာတွေ မလုပ်တော့ဘဲ ဓာတ်မြသြေဇာတွေ၊ ပိုးသတ်ဆေးတွေ သုံးလာကြတယ်။ အဲဒီလိုဆေးတွေက စသုံးတဲ့နှစ်ဆို တကယ် အထွက်ကောင်းတယ်။ နောက်နှစ်တွေဆိုကျလာပြီ။ သူ့ပုံစံက ဒီနှစ်ဓာတ်မြသြေဇာ သုံးအိတ်ဆို နောက်နှစ် ခြောက်အိတ်လောက် သုံးမှ အဲဒီလိုတွေ ဖြစ်လာတာ။ စိုက်တဲ့တောင်သူတွေ အခက်အခဲ ဖြစ်လာသလို လူတွေအတွက်လည်း ဆိုးကျိုး ဖြစ်လာနိုင်တယ်။ အော်ဂဲနစ် စနစ်က ပျောက်လာပြီပေါ့။ အစိုးရက ဒါကိုသေချာကိုင်တွယ်ဖြေရှင်းရပါမယ်။ တောင်သူတွေ အများစုနေတဲ့ ပြည်နယ် ဖြစ်လို့ စိုက်ပျိုးရေး သီးနှံဈေးကွက်ဖော်ဆောင် ပေးဖို့ကို အာရုံစိုက်ဖို့ လိုနေပါပြီ " ဟု ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသဲရယ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ပေးမည့် အစီအစဉ်ရှိ/မရှိအား ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့ခြင်းကို ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးက ပြည်နယ်တွင်း မြသြေဇာအလွန်အကျွံသုံးစွဲမှု မများသေးကြောင်း ပြန်လည်ဖြကြေားခဲ့သည်။
" ကယားပြည်နယ်မှာ စိုက်ပျိုးသီးနှံများမှာ ဓာတုပါဝင်တဲ့ ဆေးဝါးများ၊ မြသြေဇာများ အလွန်အကျွံ အသုံးမပြုသေးပါကြောင်းနဲ့ တောင်သူများ စနစ်တကျသုံးစွဲတတ်လာစေရန် သီးနှံအလိုက်၊ ရာသီအလိုက်၊ ရေမြေသဘာဝအလိုက် စံပြကွက်များ စမ်းသပ်ကွက်များ သဘာဝမြသြေဇာ ပြုလုပ်သုံးစွဲနည်းများဖြင့် စိုက်ပျိုး၍ ပညာပေး ဆွေးနွေးဆောင်ရွက်လျက်ရှိပါတယ်"ဟု ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စကို က ပြန်လည်ဖြကြေားခဲ့သည်။
သီးနှံဈေးကျဆင်းမှုများကြောင့် စိုက်ပျိုးသီးနှံများ အထွက်ကောင်းရန် ယခင်က သဘာဝမြသြေဇာဖြင့်သာ စိုက်ပျိုးရာမှ ဓာတ်မြသြေဇာများကို သုံးစွဲစိုက်ပျိုးနေရကြောင်း ဘောလခဲမြို့ ချိကွဲ့ကျေးရွာမှ နှမ်းစိုက်တောင်သူ တစ်ဦးက ပြောသည်။
" အရင်ကတော့ ဒီအတိုင်းသဘာဝ မြသြေဇာနဲ့စိုက်တယ်။ နွားချေးပေါ့။ အထွက်နှုန်းကတော့ ပုံမှန်ရှိတယ်။ နည်း တာလည်းရှိတယ်။ အရင်နှစ်က ဓာတ်မြသြေဇာ သုံးတယ်။ တော်တော်ထွက်တယ်။ အသီးလည်း များတယ်။ ဒါပေမဲ့ ဒီနှစ် ထပ်သုံးတော့ အဆင်မပြေတော့ဘူး။ အရင်က နှစ်အိတ်ဆို ဒီနှစ် လေးအိတ် အဲဒီလိုတွေ ပိုသုံးလာရတော့ အဆင်မပြေတော့ဘူး။ ရေရှည်အတွက်တော့ မကောင်းဘူးပေါ့။နှမ်းဈေးတွေ ကျတယ်။ နောက်နှစ်လည်း သုံးဖြစ်မယ် ထင်တယ်။ အကြွေးတွပြေန်ဆပ်ဖို့ အထွက်နှုန်း တိုးမှ ဖြစ်မှာလေ " ဟု ချိကွဲ့ကျေးရွာမှ နှမ်းစိုက်တောင်သူတစ်ဦးက ပြောသည်။
တောင်သူများအနဖြေင့် သဘာဝ မြသြေဇာ ဘိုကာချီ ထုပ်လုပ်သုံးစွဲနည်းကို သိရှိသူနည်းသဖြင့် စိုက်ပျိုးရေးဌာနအနဖြေင့် ကူညီပံ့ပိုးပေးသင့်ကြောင့် ဒေသခံတောင်သူများက ဆိုသည်။
" တောင်သူတွေက နည်းစနစ်တွေ သေချာမသိလို့ ဓာတ်မြသြေဇာ သုံးကြရတာ။ စိုက်ပျိုးရေး ရုံးတွေကလည်း ဆက်ဆံရေး အဆင်မပြေဘူး ဆိုတော့ တောင်သူက ဘာမှ မမေးရဲတော့ဘူး။ ကျွန်တော်က ကိုယ်တိုင် လုပ်တဲ့ ဘိုကာချီပေါ့။ သဘာဝ နွားချေးတို့ လင်းနို့ချေးတို့နဲ့ စပ်ပြီး လုပ်တာပေါ့ အဆင်ပြေတယ်။ ဓာတ်မြသြေဇာ သုံးတဲ့ အခင်းနဲ့ယှဉ်လိုက်ရင် အသုံးစရိတ်၊ အထွက်နှုန်း အကုန်တွက်ရင် ဘိုကာချီ လို သဘာဝမြသြေဇာ သုံးတာက ပိုတောင်ရသေးတယ်။ စိုက်ပျိုးရေး ဘက်မှာ အစိုးရရဲ့ လုပ်ပေးမှုကအရမ်းအားနည်းတယ်။ အဆင်မပြေဘူး။ အရေးကြီးဆုံးက ဒီပြည်နယ်က ထွက်တဲ့ သီးနှံ တွေကို ဈေးကွက်ရှာပေးဖို့ပဲ။ဒီ(၂)နှစ်အတွင်း ဈေးကွက်အရမ်း ပျက်နေတာ " ဟု တောင်သူ လယ်သမားအရေး အဓိကလုပ်ဆောင်နေသည့် ကယားပြည်နယ် MATA အဖွဲ့မှ တာဝန်ခံ ဦးအန်းဂျေလိုပျံက ပြောသည်။
MATA အဖွဲ့အနဖြေင့် ကယားပြည်နယ်အတွင်း အော်ဂဲနစ်စိုက်ပျိုးနည်းစနစ်သင်တန်းများ ပေးနိုင်ရန် စီစဉ်နေကြောင်း သိရသည်။
ကယားပြည်နယ်တွင် အဓိက စိုက်ပျိုးသည့် ပြောင်းဖူး၊ စပါး၊ မြေပဲ၊နှမ်း၊ပဲစဉ်းငုံ စသည့် သီးနှံများ၏ ဈေးနှုန်းမှာ ယမန်နှစ်ကတည်းက ကျဆင်းနခြေင်းဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ #ဆန်းဖြိုးထွန်း
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~