ရြာငံ၊ ပင္းတယႏွင့္ ကေလာ လမ္းေဘးရွိ စိုက္ခင္းမ်ားအတြင္း ဓာတ္ပံု၀င္ရိုက္မႈေၾကာင့္ စိုက္ခင္းပ်က္စီးမႈမ်ား ျဖစ္ေပၚ၍ သတိေပးဆိုင္းဘုတ္မ်ား စိုက္ထူသြားရန္ စီစဥ္ေန

ရြာငံ၊ ပင္းတယႏွင့္ ကေလာ လမ္းေဘးရွိ စိုက္ခင္းမ်ားအတြင္း ဓာတ္ပံု၀င္ရိုက္မႈေၾကာင့္ စိုက္ခင္းပ်က္စီးမႈမ်ား ျဖစ္ေပၚ၍ သတိေပးဆိုင္းဘုတ္မ်ား စိုက္ထူသြားရန္ စီစဥ္ေန
နိုဝင်ဘာ 10, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ (ေတာင္ပိုင္း)၊ ရြာငံ၊ ပင္းတယႏွင့္ ကေလာၿမိဳ႕နယ္မ်ားမွ လမ္းေဘးစိုက္ခင္းမ်ားတြင္ ခရီးသြားဧည့္သည္မ်ား ဓာတ္ပံုဝင္ရိုက္မႈေၾကာင့္ စိုက္ခင္းပ်က္စီးမႈမ်ားႏွင့္ ႀကံဳေနရသျဖင့္ စိုက္ခင္းမ်ားအနီး သတိေပးဗီႏိုင္းမ်ား စိုက္ထူရန္ ေဒသခံတစ္ဦးက ဦးေဆာင္ၿပီးေဆာင္ရြက္ေနေၾကာင္း သိရသည္။

“ရြာငံ၊ ပင္းတယ၊ ကေလာအကုန္လံုး လမ္းေဘးစိုက္ခင္းေတြမွာ အဆင္မေျပဘူးျဖစ္ေနတယ္။ ဒါေၾကာင့္ စိုက္ခင္းေတြေဘးမွာ သတိေပးဆိုင္းဘုတ္ဗီႏိုင္းေတြ ေထာင္ေပးဖို႔ေတာ့ လုပ္ေနပါတယ္။ အခုေတာ့ ဘယ္သူ၊ ဘယ္အဖြဲ႔မွ ဝိုင္းကူဖို႔ မရိွေသးပါဘူး။ ကၽြန္ေတာ္လည္း ကၽြန္ေတာ့္ေဒသက လူေတြႀကံဳေတြ႔ ေနရေတာ့ တတ္ႏုိင္သေလာက္ ကူညီေပးဖို႔ လုပ္ေနတာပါ။ လမ္းေဘးစိုက္ခင္းေတြမွာက အကုန္လံုုးပဲ ႏွမ္းပန္းရာသီဆို ႏွမ္းပန္း၊ မုန္ညင္းရာသီဆို မုန္ညင္း တအားပ်က္စီးတယ္။ ကၽြန္ေတာ္က ဒီေဒသမွာ ဓာတ္ပံုလွည့္ရိုက္ေနတာဆိုေတာ့ ေတြ႔ေနရတာ စိတ္မေကာင္းဘူး။ တခ်ိဳ႕ဆိုရင္ ေနာက္ႏွစ္ေတြဆို မစိုက္ေတာ့ဘူးလို႔ေတာင္ ေျပာတယ္။ လြန္ခဲ့တဲ့ ႏွစ္ႏွစ္ေလာက္ကတည္းက ဒီလိုေတြျဖစ္လာတယ္။ မႏွစ္ကလည္း ဒီလိုျဖစ္ေနတာေတြကို ကၽြန္ေတာ္ ဓာတ္ပံုရိုက္တင္ေသးတယ္။ ဒါေပမဲ့ ဒီႏွစ္လည္း ထပ္ျဖစ္ေနတယ္”ဟု ရြာငံေဒသခံတစ္ဦးျဖစ္သည့္ စိုင္းလူေခးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါေဒသမ်ားမွ လမ္းေဘးစိုက္ခင္းမ်ားအတြင္း ဓာတ္ပုံဝင္႐ိုက္ရန္ စိုက္ခင္းမ်ားအတြင္း ျဖတ္သန္းသြားလာၾကျခင္း၊ ေရသန္႔ဘူးခြံႏွင့္ စြန္႔ပစ္အမိႈက္မ်ား စည္းကမ္းမဲ့စြန္႔ပစ္ခဲ့မႈမ်ားေၾကာင့္ လမ္းေဘးစိုက္ခင္းမ်ားမွာ အပင္မ်ားပ်က္စီးၿပီး သီးႏွံအထြက္ေလ်ာ့ျခင္းမ်ားကို ႀကံဳေတြ႔ေနရေၾကာင္း သိရသည္။

“အမွန္ဆို ဓာတ္ပံုဘယ္ေလာက္ပဲ ရိုက္ရိုက္ အျပင္ကေနပဲ ရိုက္ေစခ်င္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ပန္းႏွမ္းပြင့္ေတြက ပ်က္သြားၿပီဆိုရင္ မစားရေတာ့ဘူးေလ။ ဒီလိုေနရာေတြ (ဓာတ္ပံုဝင္ရိုက္၍ အပင္မ်ားအနင္းခံထားရသည့္ေနရာ) မ်ားလာေတာ့ ေတာင္သူေတြအတြက္ နစ္နာတယ္။ အမွန္ဆို ႏွစ္ဦးႏွစ္ဖက္လံုးအတြက္ ၾကည့္ေပးရမွာ။ သူတုိ႔က ေလ့လာေရး ခရီးလာတာပဲဆိုၿပီး ခဏတျဖဳတ္ ဝင္ရိုက္သြားတာက နည္းနည္း နည္းနည္းဆိုေပမယ့္ မ်ားသြားရင္ တစ္ဧကစာလည္း ပ်က္သြားႏုိင္တာပဲေလ”ဟု ပင္းတယၿမိဳ႕နယ္အတြင္းမွ ပန္းႏွမ္းစိုက္ခင္းပိုင္ရွင္ ေတာင္သူတစ္ဦးက ေျပာသည္။

ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ရြာငံ၊ ပင္းတယႏွင့္ ကေလာၿမိဳ႕နယ္မ်ားသည္ ေဒသတြင္း သဘာဝရႈခင္းမ်ား သာယာလွပမႈေၾကာင့္ ျပည္တြင္း၊ ျပည္ပခရီးသြားမ်ား သြားလာလည္ပတ္မႈမ်ားသည့္ ေဒသမ်ားျဖစ္ၿပီး ေဒသတြင္း ရာသီအလုိက္ စိုက္ခင္းမ်ားတြင္ ခရီးသြားရင္း ဓာတ္ပံုရိုက္သူမ်ား၊ အလွဓာတ္ပံု ဝင္ရိုက္သူမ်ားေၾကာင့္ ေဒသခံမ်ား၏ စိုက္ခင္းမ်ားပ်က္စီးမႈႏွင့္ ႀကံဳေနရျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - #ခ်ယ္ရီထိုက္
ဓါတ္ပံု - #စိုင္းလူေခး(ဓႏုေျမ)

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံ၊ ပင်းတယနှင့် ကလောမြို့နယ်များမှ လမ်းဘေးစိုက်ခင်းများတွင် ခရီးသွားဧည့်သည်များ ဓာတ်ပုံဝင်ရိုက်မှုကြောင့် စိုက်ခင်းပျက်စီးမှုများနှင့် ကြုံနေရသဖြင့် စိုက်ခင်းများအနီး သတိပေးဗီနိုင်းများ စိုက်ထူရန် ဒေသခံတစ်ဦးက ဦးဆောင်ပြီးဆောင်ရွက်နေကြောင်း သိရသည်။

“ရွာငံ၊ ပင်းတယ၊ ကလောအကုန်လုံး လမ်းဘေးစိုက်ခင်းတွေမှာ အဆင်မပြေဘူးဖြစ်နေတယ်။ ဒါကြောင့် စိုက်ခင်းတွေဘေးမှာ သတိပေးဆိုင်းဘုတ်ဗီနိုင်းတွေ ထောင်ပေးဖို့တော့ လုပ်နေပါတယ်။ အခုတော့ ဘယ်သူ၊ ဘယ်အဖွဲ့မှ ဝိုင်းကူဖို့ မရှိသေးပါဘူး။ ကျွန်တော်လည်း ကျွန်တော့်ဒေသက လူတွကြေုံတွေ့ နေရတော့ တတ်နိုင်သလောက် ကူညီပေးဖို့ လုပ်နေတာပါ။ လမ်းဘေးစိုက်ခင်းတွေမှာက အကုန်လုံးပဲ နှမ်းပန်းရာသီဆို နှမ်းပန်း၊ မုန်ညင်းရာသီဆို မုန်ညင်း တအားပျက်စီးတယ်။ ကျွန်တော်က ဒီဒေသမှာ ဓာတ်ပုံလှည့်ရိုက်နေတာဆိုတော့ တွေ့နေရတာ စိတ်မကောင်းဘူး။ တချို့ဆိုရင် နောက်နှစ်တွေဆို မစိုက်တော့ဘူးလို့တောင် ပြောတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ဒီလိုတွဖြေစ်လာတယ်။ မနှစ်ကလည်း ဒီလိုဖြစ်နေတာတွေကို ကျွန်တော် ဓာတ်ပုံရိုက်တင်သေးတယ်။ ဒါပေမဲ့ ဒီနှစ်လည်း ထပ်ဖြစ်နေတယ်”ဟု ရွာငံဒေသခံတစ်ဦးဖြစ်သည့် စိုင်းလူခေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါဒေသများမှ လမ်းဘေးစိုက်ခင်းများအတွင်း ဓာတ်ပုံဝင်ရိုက်ရန် စိုက်ခင်းများအတွင်း ဖြတ်သန်းသွားလာကြခြင်း၊ ရေသန့်ဘူးခွံနှင့် စွန့်ပစ်အမှိုက်များ စည်းကမ်းမဲ့စွန့်ပစ်ခဲ့မှုများကြောင့် လမ်းဘေးစိုက်ခင်းများမှာ အပင်များပျက်စီးပြီး သီးနှံအထွက်လျော့ခြင်းများကို ကြုံတွေ့နေရကြောင်း သိရသည်။

“အမှန်ဆို ဓာတ်ပုံဘယ်လောက်ပဲ ရိုက်ရိုက် အပြင်ကနေပဲ ရိုက်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပန်းနှမ်းပွင့်တွေက ပျက်သွားပြီဆိုရင် မစားရတော့ဘူးလေ။ ဒီလိုနေရာတွေ (ဓာတ်ပုံဝင်ရိုက်၍ အပင်များအနင်းခံထားရသည့်နေရာ) များလာတော့ တောင်သူတွေအတွက် နစ်နာတယ်။ အမှန်ဆို နှစ်ဦးနှစ်ဖက်လုံးအတွက် ကြည့်ပေးရမှာ။ သူတို့က လေ့လာရေး ခရီးလာတာပဲဆိုပြီး ခဏတဖြုတ် ဝင်ရိုက်သွားတာက နည်းနည်း နည်းနည်းဆိုပေမယ့် များသွားရင် တစ်ဧကစာလည်း ပျက်သွားနိုင်တာပဲလေ”ဟု ပင်းတယမြို့နယ်အတွင်းမှ ပန်းနှမ်းစိုက်ခင်းပိုင်ရှင် တောင်သူတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံ၊ ပင်းတယနှင့် ကလောမြို့နယ်များသည် ဒေသတွင်း သဘာဝရှုခင်းများ သာယာလှပမှုကြောင့် ပြည်တွင်း၊ ပြည်ပခရီးသွားများ သွားလာလည်ပတ်မှုများသည့် ဒေသများဖြစ်ပြီး ဒေသတွင်း ရာသီအလိုက် စိုက်ခင်းများတွင် ခရီးသွားရင်း ဓာတ်ပုံရိုက်သူများ၊ အလှဓာတ်ပုံ ဝင်ရိုက်သူများကြောင့် ဒေသခံများ၏ စိုက်ခင်းများပျက်စီးမှုနှင့် ကြုံနေရခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - #ချယ်ရီထိုက်
ဓာတ်ပုံ - #စိုင်းလူခေး(ဓနုမြေ)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~