တာလေမြို့ နားဟိုင်းလုံရွာတွင် ရွှေတူးဖော်ရေးလုပ်ငန်းကြောင့် ဖြစ်ပေါ်နေသည့် ပျက်စီးမှုအခြေအနေများအား လွှတ်တော်ကိုယ်စားလှယ် ပါဝင်သည့် စစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး

တာလေမြို့ နားဟိုင်းလုံရွာတွင် ရွှေတူးဖော်ရေးလုပ်ငန်းကြောင့် ဖြစ်ပေါ်နေသည့် ပျက်စီးမှုအခြေအနေများအား လွှတ်တော်ကိုယ်စားလှယ် ပါဝင်သည့် စစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး
နိုဝငျဘာ 6, 2017
By Tachileik News Agency

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့၊ မိုင်းလင်း(အနောက်)ကျေးရွာအုပ်စု နားဟိုင်းလုံ ကျေးရွာတွင် ၂၀၀၈ ခုနှစ်ကစ၍ ရွှေတူးဖော်ရေးကုမ္ပဏီများ၏ စွန့်ပစ်မြေစာများကြောင့် ပျက်စီးသွားသည့် လယ်ယာမြေများ၊ ငါးကန်များ၏ မြေပြင် အခြေအနေကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြရန် နိုဝင်ဘာလ (၆)ရက်နေ့က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ပါဝင်သည့်  ကွင်းဆင်းစစ်ဆေးရေးအဖွဲ့က သွားရောက် စစ်ဆေးကြောင်း သိရသည်။

တာချီလိတ်မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့် ဦးဆောင်ပြီး ရှမ်းပြည်နယ် သတ္တုတွင်းဦးစီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦစီးဌာန ကွင်းဆင်း အခြေစိုက်စခန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရှမ်းပြည်နယ်ရုံးခွဲ တို့မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ဌာနများ ပါဝင်သည့် အဖွဲ့က ၂၀၁၇ခုနှစ်နိုဝင်ဘာလ (၆)ရက်နေ့တွင် ကွင်းဆင်း စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း နှင့် မြေပြင်တွင် ဖြစ်ပေါ်နေသော အခြေအနေများ နှင့် စစ်ဆေး တွေ့ရှိချက်များအား  ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ၂၀၁၇ခုနှစ် နိုဝင်ဘာလ(၁၀)ရက်နေ့ နောက်ဆုံးထား၍ အစီရင်ခံစာတင်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း/ဓာတ်ပုံ - ဇွဲမြတ်



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလမြေို့၊ မိုင်းလင်း(အနောက်)ကျေးရွာအုပ်စု နားဟိုင်းလုံ ကျေးရွာတွင် ၂၀၀၈ ခုနှစ်ကစ၍ ရွှေတူးဖော်ရေးကုမ္ပဏီများ၏ စွန့်ပစ်မြေစာများကြောင့် ပျက်စီးသွားသည့် လယ်ယာမြေများ၊ ငါးကန်များ၏ မြပြေင် အခြေအနေကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြရန် နိုဝင်ဘာလ (၆)ရက်နေ့က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့က သွားရောက် စစ်ဆေးကြောင်း သိရသည်။

တာချီလိတ်မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့် ဦးဆောင်ပြီး ရှမ်းပြည်နယ် သတ္တုတွင်းဦးစီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦစီးဌာန ကွင်းဆင်း အခြေစိုက်စခန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရှမ်းပြည်နယ်ရုံးခွဲ တို့မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ဌာနများ ပါဝင်သည့် အဖွဲ့က ၂၀၁၇ခုနှစ်နိုဝင်ဘာလ (၆)ရက်နေ့တွင် ကွင်းဆင်း စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း နှင့် မြပြေင်တွင် ဖြစ်ပေါ်နေသော အခြေအနေများ နှင့် စစ်ဆေး တွေ့ရှိချက်များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ၂၀၁၇ခုနှစ် နိုဝင်ဘာလ(၁၀)ရက်နေ့ နောက်ဆုံးထား၍ အစီရင်ခံစာတင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဒေသမှ တောင်သူများ၏ နစ်နာဆုံးရှုံးမှုအခြေအနေများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြရန် လွှတ်တော်ကိုယ်စားလှယ် (၂)ဦး၊ သတ္ထုတွင်းဦးစီးဌာနမှ ကိုယ်စားလှယ်(၁)ဦး၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနမှ ကိုယ်စားလှယ်(၁)ဦး၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းမှ ကိုယ်စားလှယ်(၁)ဦး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကိုယ်စားလှယ်(၁)ဦး၊ သစ်တောဦးစီးဌာနမှ ကိုယ်စားလှယ်(၁)ဦး၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ကိုယ်စားလှယ်(၁)ဦး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ကိုယ်စားလှယ်(၁)ဦးနှင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ၂၀၁၇ခုနှစ် အောက်တိုဘာလ (၂၆)ရက်နေ့တွင် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~