တာခ်ီလိတ္တြင္ HIV/AIDS အသိပညာေပးႏွင့္ အခမဲ့ေသြးစစ္ေဆးမႈ (၂)ရက္တာ ေဆာင္ရြက္ေပးမည္ျဖစ္ရာ မည္သူမဆို တက္ေရာက္ႏိုင္

တာခ်ီလိတ္တြင္ HIV/AIDS အသိပညာေပးႏွင့္ အခမဲ့ေသြးစစ္ေဆးမႈ (၂)ရက္တာ ေဆာင္ရြက္ေပးမည္ျဖစ္ရာ မည္သူမဆို တက္ေရာက္ႏိုင္
နိုဝင်ဘာ 5, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ HIV/AIDS အသိပညာေပးႏွင့္ အခမဲ့ေသြးစစ္ေဆးမႈအား ႏိုဝင္ဘာလ (၉)ရက္ႏွင့္ (၁၀)ရက္ေန႔မ်ားတြင္ ျပည္တြင္း NGO အဖြဲ႔ျဖစ္သည့္ ျပည္ႀကီးခင္ႏွင့္ ခုခံက်/ကာလသားေရာဂါတုိက္ဖ်က္ေရးအဖြဲ႕ တာခ်ီလိတ္တို႔ ပူးေပါင္း၍ ေအာင္ျမတ္ခန္းမ၌ လုပ္ေဆာင္ေပးသြားမည္ျဖစ္ရာ တာခ်ီလိတ္ေနသူမ်ား မည္သူမဆို တက္ေရာက္ ေလ့လာႏိုင္ၿပီး စစ္ေဆးမႈမ်ား ျပဳလုပ္ႏိုင္ေၾကာင္း  သိရသည္။

ေအာင္ျမတ္ခန္းမတြင္ ႏွစ္ရက္တိတိ ျပဳလုပ္ၿပီး တက္ေရာက္သူ အေယာက္(၃၀၀)စာအတြက္ အမွတ္တရ လက္ေဆာင္မ်ားအား စီစဥ္ထားေၾကာင္း ႏွင့္ အခမ္းအနားသို႔ မည္သူမဆို တက္ေရာက္ၿပီး ေလ့လာႏိုင္သလို ေသြးစစ္ေဆးမႈမ်ားလည္း ျပဳလုပ္ႏိုင္ေၾကာင္း သိရသည္။

“ HIV နဲ႔ပတ္သက္တာေတြကို အသိပညာေပးမယ္။ ဆႏၵရိွရင္ ေသြးစစ္ေဆးေပးမယ္။ ေသြးစစ္ေဆးတဲ့ အေျဖကိုလည္း လွ်ိဳ႕ဝွက္ထားၿပီး ကာယကံရွင္ဆီကိုပဲ အေျဖကို ျပန္ပို႔ေပးမွာျဖစ္ပါတယ္။ ေသြးစစ္တဲ့ သူေတြကိုေတာ့ အက်ႌနဲ႔ လြယ္အိတ္ လက္ေဆာင္ေပးဖုိ႔ေတာ့ စီစဥ္ထားပါတယ္။ ေသြးလာစစ္တဲ့အခါမွာ ဒီလူေတြနဲ႔ပတ္သက္တာေတြကို လွ်ိဳ႕ဝွက္ထားေပးမွာပါ။ ဒီလူပုဂၢိဳလ္ေတြရဲ႕ အခ်က္အလက္ လံုၿခံဳမႈက ကၽြန္ေတာ္တုိ႔အဖြဲ႕အစည္းရဲ႕ အဓိက ထိန္းသိမ္းမႈပါ။ ဒါေၾကာင့္ တာခ်ီလိတ္က လူေတြကို ေသြးလာစစ္ၾကဖို႔ တုိက္တြန္းခ်င္ပါတယ္”ဟု ျပည္ႀကီးခင္၏ Key Population Service Center Officer ေဒါက္တာသိန္းထိုက္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အသိပညာေပးေဆြးေႏြးမႈႏွင့္ အခမဲ့ေသြးစစ္ေပးျခင္းတို႔အား ႏွစ္ရက္တာအတြင္း နံနက္ (၉)နာရီမွ ညေန (၅)နာရီအထိ ေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

“HIV ပိုးဆိုတာ ဒီနယ္စပ္မွာ အရမ္းမ်ားပါတယ္။ ပထမေတာ့ HIV နဲ႔ပတ္သက္ရင္ အေပ်ာ္အပါး မလုိက္စားၾကနဲ႔ေပါ့။ အကယ္၍ မေရွာင္ႏုိင္ရင္ ကြန္ဒံုးသံုးၾကေပါ့။ ဒါေပမဲ့ ဒီေနာက္ပိုင္းက်ေတာ့ ဒီလိုသတိေပးတာအျပင္ HIV ရိွသူကေန မိသားစုကို ကူးစက္တာကို အသိပညာေပး ထပ္လုပ္တာပါ။ အရင္က အသိေပးတာက အေပ်ာ္အပါးေရွာင္ၾကဥ္ပါ။ မေရွာင္ႏုိင္ရင္ ကြန္ဒံုးသံုးပါဆိုတာအျပင္ အခုက ေသြးစစ္ပါ ဆိုတာကိုပါ ထပ္တိုးအသိေပးတာပါ။ ေနာက္တစ္ခုက ခြဲျခားဆက္ဆံမႈေတြ ေပ်ာက္ဖို႔အတြက္ပါ။ HIV ဆိုတာ နည္းလမ္းမ်ိဳးစံုနဲ႔ ကူးႏုိင္တာေၾကာင့္ HIV ဆိုတာနဲ႔ မေကာင္းတဲ့အျပဳအမူေတြေၾကာင့္ ျဖစ္တယ္ဆိုၿပီး ခြဲျခားမႈေတြမရိွေအာင္ အသိပညာေပး လုပ္ခ်င္တာပါ။ ျဖစ္လာၿပီဆိုရင္ တကယ္ကို AIDS အဆင့္ေရာက္ၿပီဆိုမွ ေဆးရံုေတြ ဘာေတြ ေရာက္လာၾကတယ္။ ေစာေစာသိရင္ ေစာေစာကုသမႈခံယူရင္ သက္တမ္းေစ့ေနႏိုင္တယ္ဆိုတာ လူထုၾကားမွာ အသိပညာရသြားေရးအတြက္ လူထုလႈပ္ရွားမႈအေနနဲ႔ လုပ္တာပါ”ဟု ျပည္ႀကီးခင္၏ Key Population Service Center Officer ေဒါက္တာသိန္းထိုက္က ေျပာသည္။

ျပည္တြင္းမွ အစိုးရမဟုတ္ေသာအဖြဲ႔အစည္းတစ္ခုျဖစ္သည့္ ျပည္ႀကီးခင္က Global Fund ၏ အကူအညီျဖင့္ HIV ႏွင့္ပတ္သက္၍ ကာကြယ္ေရး၊ လိင္လုပ္သားမ်ားထံသြားေရာက္ ေသြးစစ္ေဆးေပးျခင္း၊ အသိပညာေပးျခင္း၊ ကုသေရးအပိုင္းတြင္ HIV ရိွေနသူမ်ားအား အစိုးရဌာနက ေပးေနသည့္ ART ေဆးကို အိမ္တိုင္ရာေရာက္ျဖန္႔ေဝေပးျခင္း၊ ေဆးရံုတက္ရန္၊ ေဆးခန္းျပရန္၊ ေသြးစစ္ေဆးရန္လုိအပ္သူမ်ားကို ေထာက္ပံ့မႈေပးျခင္း၊ အသိပညာေပးေဆြးေႏြးျခင္းမ်ားအား လုပ္ေဆာင္ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

“အစိုးရက ART ေဆးေပးတယ္။ ဒါေပမဲ့ ဝန္ထမ္းအင္အားက နည္းပါတယ္။ ဒါေၾကာင့္ အိမ္တိုင္ရာေရာက္ ေဆးအေၾကာင္းရွင္းျပတာတို႔ သူတို႔ ေဆးမွန္မွန္ေသာက္ရဲ႕လားဆိုတာတို႔ ရုပ္ပိုင္းဆိုင္ရာ စိတ္ပိုင္းဆိုင္ရာ လိုအပ္ခ်က္ေတြကို ေဆြးေႏြးေပးတာမ်ိဳးကို ကၽြန္ေတာ္တုိ႔က လုပ္ေဆာင္ေပးေနတာပါ။ တာခ်ီလိတ္မွာ ကၽြန္ေတာ္တုိ႔ ဒီလို လုပ္ေပးေနတာ အေယာက္ (၁၂၀)ေလာက္ရိွပါတယ္”ဟု ျပည္ႀကီးခင္၏ Key Population Service Center Officer ေဒါက္တာသိန္းထိုက္က ေျပာသည္။

တစ္ႏုိင္ငံလံုးတြင္ လုပ္ငန္းဧရိယာ (၁၉)ခုျဖင့္ လုပ္ငန္းေဆာင္ရြက္ေနသည့္ အဆိုပါအဖြဲ႔က တာခ်ီလိတ္တြင္၂၀၁၇ ခုႏွစ္ ဧၿပီလကစတင္၍ လုပ္ငန္းေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် HIV/AIDS အသိပညာပေးနှင့် အခမဲ့သွေးစစ်ဆေးမှုအား နိုဝင်ဘာလ (၉)ရက်နှင့် (၁၀)ရက်နေ့များတွင် ပြည်တွင်း NGO အဖွဲ့ဖြစ်သည့် ပြည်ကြီးခင်နှင့် ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးအဖွဲ့ တာချီလိတ်တို့ ပူးပေါင်း၍ အောင်မြတ်ခန်းမ၌ လုပ်ဆောင်ပေးသွားမည်ဖြစ်ရာ တာချီလိတ်နေသူများ မည်သူမဆို တက်ရောက် လေ့လာနိုင်ပြီး စစ်ဆေးမှုများ ပြုလုပ်နိုင်ကြောင်း သိရသည်။

အောင်မြတ်ခန်းမတွင် နှစ်ရက်တိတိ ပြုလုပ်ပြီး တက်ရောက်သူ အယောက်(၃၀၀)စာအတွက် အမှတ်တရ လက်ဆောင်များအား စီစဉ်ထားကြောင်း နှင့် အခမ်းအနားသို့ မည်သူမဆို တက်ရောက်ပြီး လေ့လာနိုင်သလို သွေးစစ်ဆေးမှုများလည်း ပြုလုပ်နိုင်ကြောင်း သိရသည်။

“ HIV နဲ့ပတ်သက်တာတွေကို အသိပညာပေးမယ်။ ဆန္ဒရှိရင် သွေးစစ်ဆေးပေးမယ်။ သွေးစစ်ဆေးတဲ့ အဖြေကိုလည်း လျှို့ဝှက်ထားပြီး ကာယကံရှင်ဆီကိုပဲ အဖြေကို ပြန်ပို့ပေးမှာဖြစ်ပါတယ်။ သွေးစစ်တဲ့ သူတွေကိုတော့ အင်္ကျီနဲ့ လွယ်အိတ် လက်ဆောင်ပေးဖို့တော့ စီစဉ်ထားပါတယ်။ သွေးလာစစ်တဲ့အခါမှာ ဒီလူတွေနဲ့ပတ်သက်တာတွေကို လျှို့ဝှက်ထားပေးမှာပါ။ ဒီလူပုဂ္ဂိုလ်တွေရဲ့ အချက်အလက် လုံခြုံမှုက ကျွန်တော်တို့အဖွဲ့အစည်းရဲ့ အဓိက ထိန်းသိမ်းမှုပါ။ ဒါကြောင့် တာချီလိတ်က လူတွေကို သွေးလာစစ်ကြဖို့ တိုက်တွန်းချင်ပါတယ်”ဟု ပြည်ကြီးခင်၏ Key Population Service Center Officer ဒေါက်တာသိန်းထိုက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အသိပညာပေးဆွေးနွေးမှုနှင့် အခမဲ့သွေးစစ်ပေးခြင်းတို့အား နှစ်ရက်တာအတွင်း နံနက် (၉)နာရီမှ ညနေ (၅)နာရီအထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“HIV ပိုးဆိုတာ ဒီနယ်စပ်မှာ အရမ်းများပါတယ်။ ပထမတော့ HIV နဲ့ပတ်သက်ရင် အပျော်အပါး မလိုက်စားကြနဲ့ပေါ့။ အကယ်၍ မရှောင်နိုင်ရင် ကွန်ဒုံးသုံးကြပေါ့။ ဒါပေမဲ့ ဒီနောက်ပိုင်းကျတော့ ဒီလိုသတိပေးတာအပြင် HIV ရှိသူကနေ မိသားစုကို ကူးစက်တာကို အသိပညာပေး ထပ်လုပ်တာပါ။ အရင်က အသိပေးတာက အပျော်အပါးရှောင်ကြဉ်ပါ။ မရှောင်နိုင်ရင် ကွန်ဒုံးသုံးပါဆိုတာအပြင် အခုက သွေးစစ်ပါ ဆိုတာကိုပါ ထပ်တိုးအသိပေးတာပါ။ နောက်တစ်ခုက ခွဲခြားဆက်ဆံမှုတွေ ပျောက်ဖို့အတွက်ပါ။ HIV ဆိုတာ နည်းလမ်းမျိုးစုံနဲ့ ကူးနိုင်တာကြောင့် HIV ဆိုတာနဲ့ မကောင်းတဲ့အပြုအမူတွေကြောင့် ဖြစ်တယ်ဆိုပြီး ခွဲခြားမှုတွေမရှိအောင် အသိပညာပေး လုပ်ချင်တာပါ။ ဖြစ်လာပြီဆိုရင် တကယ်ကို AIDS အဆင့်ရောက်ပြီဆိုမှ ဆေးရုံတွေ ဘာတွေ ရောက်လာကြတယ်။ စောစောသိရင် စောစောကုသမှုခံယူရင် သက်တမ်းစေ့နေနိုင်တယ်ဆိုတာ လူထုကြားမှာ အသိပညာရသွားရေးအတွက် လူထုလှုပ်ရှားမှုအနေနဲ့ လုပ်တာပါ”ဟု ပြည်ကြီးခင်၏ Key Population Service Center Officer ဒေါက်တာသိန်းထိုက်က ပြောသည်။

ပြည်တွင်းမှ အစိုးရမဟုတ်သောအဖွဲ့အစည်းတစ်ခုဖြစ်သည့် ပြည်ကြီးခင်က Global Fund၏ အကူအညီဖြင့် HIV နှင့်ပတ်သက်၍ ကာကွယ်ရေး၊ လိင်လုပ်သားများထံသွားရောက် သွေးစစ်ဆေးပေးခြင်း၊ အသိပညာပေးခြင်း၊ ကုသရေးအပိုင်းတွင် HIV ရှိနေသူများအား အစိုးရဌာနက ပေးနေသည့် ART ဆေးကို အိမ်တိုင်ရာရောက်ဖြန့်ဝေပေးခြင်း၊ ဆေးရုံတက်ရန်၊ ဆေးခန်းပြရန်၊ သွေးစစ်ဆေးရန်လိုအပ်သူများကို ထောက်ပံ့မှုပေးခြင်း၊ အသိပညာပေးဆွေးနွေးခြင်းများအား လုပ်ဆောင်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။

“အစိုးရက ART ဆေးပေးတယ်။ ဒါပေမဲ့ ဝန်ထမ်းအင်အားက နည်းပါတယ်။ ဒါကြောင့် အိမ်တိုင်ရာရောက် ဆေးအကြောင်းရှင်းပြတာတို့ သူတို့ ဆေးမှန်မှန်သောက်ရဲ့လားဆိုတာတို့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဆွေးနွေးပေးတာမျိုးကို ကျွန်တော်တို့က လုပ်ဆောင်ပေးနေတာပါ။ တာချီလိတ်မှာ ကျွန်တော်တို့ ဒီလို လုပ်ပေးနေတာ အယောက် (၁၂၀)လောက်ရှိပါတယ်”ဟု ပြည်ကြီးခင်၏ Key Population Service Center Officer ဒေါက်တာသိန်းထိုက်က ပြောသည်။

တစ်နိုင်ငံလုံးတွင် လုပ်ငန်းဧရိယာ (၁၉)ခုဖြင့် လုပ်ငန်းဆောင်ရွက်နေသည့် အဆိုပါအဖွဲ့က တာချီလိတ်တွင်၂၀၁၇ ခုနှစ် ဧပြီလကစတင်၍ လုပ်ငန်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~