နေပြည်တော်သို့ ကြွရောက်လာသော မိုင်းဖုန်းဆရာတော်ဘုရားမှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ နေအိမ်သို့ ကြွရောက် အပူဇော်ခံ

နေပြည်တော်သို့ ကြွရောက်လာသော မိုင်းဖုန်းဆရာတော်ဘုရားမှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ နေအိမ်သို့ ကြွရောက် အပူဇော်ခံ
နိုဝငျဘာ 24, 2017
By Tachileik News Agency

မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ၏ သာသနာပြုခရီးစဉ်အဖြစ် နေပြည်တော်သို့  ကြွရောက်စဉ်တွင် နိုဝင်ဘာလ(၂၄)ရက်နေ့ နံနက်(၈)နာရီခွဲအချိန်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ကြွရောက်ကာ အပူဇော်ခံတော်မူကြောင်း  သိရသည်။


ဆရာတော်သည် ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် ဦးစီးတည်ထောင်သူ ကမ္ဘာ့သာသနာပြု အောက်စ်ဖို့ဒ်ဆရာတော် ဒေါက်တာအရှင်ဓမ္မသာမိ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် (၉)မိုင် ရှမ်းကျောင်းတွင် နိုဝင်ဘာလ (၂၂)ရက်နေ့ ညနေပိုင်းက တရားဟောကြားခဲ့ပြီး နိုဝင်ဘာလ (၂၃)ရက်နေ့တွင် သာသနာပြုဘုရားဖူးခရီးအဖြစ် ကျိုက်ထီးရိုးစေတီတော်ကို ကြွရောက်ဖူးမြော်ခဲ့ကာ ကျိုက်ထီးရိုးမှ နေပြည်တော်ကို ဆက်လက်ကြွချီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ မိုင်းဖုန်းဆရာတော်သည်  နေပြည်တော် ဟိုတယ်မက်စ်၌ ၂၀၁၇ နိုဝင်ဘာလ(၂၅)ရက်နှင့် (၂၆)ရက်နေ့များတွင် ဧရာဝတီဖောင်ဒေးရှင်းမှ လှူဒါန်းမတည်ကျင်းပမည့် အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိ၏ စာတမ်းဖတ်ပွဲနှင့် တရားပွဲသို့ မိုင်းဖုန်းဆရာတော်မှ ကြွရောက်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

မိုင်းဖုန်းဆရာတော်သည် ၂၀၁၆ ခုနှစ် ဇူလိုင်လအတွင်းက နေပြည်တော်သာသနာပြုခရီးစဉ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဘူတန်ဘုရင် Jigme Khesar Namgyel Wangchuck ၏ သ၀ဏ်လွှာကို ယူဆောင်ပေးခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နေအိမ်သို့လည်း ကြွရောက်ခဲ့သည်။

သတင်း - နန်းဟွမ်ခမ်း
ဓါတ်ပုံ - SLSK


~~~~~~~~⊰❂ unicode ~~~~~~~~

မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ၏ သာသနာပြုခရီးစဉ်အဖြစ် နပြေည်တော်သို့ ကြွရောက်စဉ်တွင် နိုဝင်ဘာလ(၂၄)ရက်နေ့ နံနက်(၈)နာရီခွဲအချိန်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ကြွရောက်ကာ အပူဇော်ခံတော်မူကြောင်း သိရသည်။

သာသနာပြုခရီးစဉ် အဖြစ် နိုဝင်ဘာ(၂၁)ရက်နေ့က တာချီလိတ်မြို့မှ ရန်ကုန်မြို့သို့ ကြွချီ ခဲ့ကာ ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီမြို့နယ်ရှိ သာသနာလင်္ကာရ(မိုင်းဖုန်း)ကျောင်းတိုက်တွင် ခတ္တ သီတင်းသုံး နေတော်မူသည့် မိုင်းဖုန်းဆရာတော်အား နိုဝင်ဘာလ(၂၂)ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လာရောက်ဖူးမြော်ရာ ရန်ကုန်တိုင်းဒေသကြီး ရန်ပုံငွေအတွက် ကျပ်သိန်း (၂၀)နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အတွက် ဘုရားဆင်းတုတော် တစ်ဆူတို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ဆရာတော်က ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆရာတော်သည် ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် ဦးစီးတည်ထောင်သူ ကမ္ဘာ့သာသနာပြု အောက်စ်ဖို့ဒ်ဆရာတော် ဒေါက်တာအရှင်ဓမ္မသာမိ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် (၉)မိုင် ရှမ်းကျောင်းတွင် နိုဝင်ဘာလ (၂၂)ရက်နေ့ ညနေပိုင်းက တရားဟောကြားခဲ့ပြီး နိုဝင်ဘာလ (၂၃)ရက်နေ့တွင် သာသနာပြုဘုရားဖူးခရီးအဖြစ် ကျိုက်ထီးရိုးစေတီတော်ကို ကြွရောက်ဖူးမြော်ခဲ့ကာ ကျိုက်ထီးရိုးမှ နပြေည်တော်ကို ဆက်လက်ကြွချီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ မိုင်းဖုန်းဆရာတော်သည် နပြေည်တော် ဟိုတယ်မက်စ်၌ ၂၀၁၇ နိုဝင်ဘာလ(၂၅)ရက်နှင့် (၂၆)ရက်နေ့များတွင် ဧရာဝတီဖောင်ဒေးရှင်းမှ လှူဒါန်းမတည်ကျင်းပမည့် အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိ၏ စာတမ်းဖတ်ပွဲနှင့် တရားပွဲသို့ မိုင်းဖုန်းဆရာတော်မှ ကြွရောက်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

မိုင်းဖုန်းဆရာတော်သည် ၂၀၁၆ ခုနှစ် ဇူလိုင်လအတွင်းက နပြေည်တော်သာသနာပြုခရီးစဉ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဘူတန်ဘုရင် Jigme Khesar Namgyel Wangchuck၏ သဝဏ်လွှာကို ယူဆောင်ပေးခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နေအိမ်သို့လည်း ကြွရောက်ခဲ့သည်။

သတင်း - နန်းဟွမ်ခမ်း
ဓာတ်ပုံ - SLSK

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~